''အစ်ကိုလေး ဘာစားမလဲ''
''ဘာမှမစားဘူး။တမင်ထွက်လာတာ''
''အစ်ကိုလေးကြည့်ရတာအဆင်မပြေဘူး ထင်လို့ကျွန်တော်ခေါ်လာတာ။နောက်ဆိုအဲ့လိုမရှောင်ပါနဲ့။''
''မရှောင်လို့ရမလား။ငါကအပိုလူလိုဖြစ်နေတယ်လေ''
''သူဌေးနား ကပ်နေတဲ့လူတွေကတစ်ယောက်နှစ်ယောက်မကပဲ''
''ဒါပေမယ့် အဲ့မိန်းကလေးကို သူပြန်ပြုံးပြတယ်လေ။''
''အစ်ကိုလေးသိသင့်တယ်ထင်လို့ကျွန်တော်ပြောပြမယ်။ ဒါတော့နားလည်ပေးရမယ်မဟုတ်လား။အချစ်ဦးဆိုတာလူတိုင်းဆီမှာ ရှိတတ်ကြတာပဲ''
''အချစ်ဦး''
''အင်းလေ။ သူ့နာမည် ယွန်နာ သူကကိုရီးယားတရုတ်ကပြားလေ။ သူဌေးကသူ့ကို propose လုပ်ခဲ့ဖူးတယ်။ အဲ့လောက်ပါပဲ''
''ဒါဆို ကိုကိုက သူ့ကိုသဘောကျခဲ့တာပေါ့''
''သဘောကျခဲ့တာဘာဆန်းလဲ ကျွန်တော်လဲသဘောကျခဲ့ဖူးတဲ့မိန်းကလေးတွေရှိခဲ့တာပဲ။ကျန့်ကရော။''
''ဟင့်အင်း ကျွန်တော်ငယ်ငယ်ကတည်းက ပါပါးမေတ္တာတွေပဲ မက်မောတယ်။ ချစ်လို့မဝသေးခင် ပျောက်ကွယ်သွားတဲ့ပါပါးကိုပဲ တောင့်တနေမိတယ်။''
ရှောင်းကျန့်ကငိုမဲ့မဲ့လေးဖြစ်လာတော့။
''ကျွန်တော်ပြောချင်တာက သူတို့ဘာမှမပတ်သတ်ခဲ့ဘူး အဲ့တုန်းက ဆရာက 16 နှစ်ပဲရှိသေးတာရာယ်။သူက၂၂ နှစ်ဆိုတော့ သူလက်မခံခဲ့ဘူး။''
ဝမ်းနင် ကအဆင်ပြေအောင်နားချပေမယ့် အခြေနေက သိမ်မဟန်တာကြောင့်ပြောပြမိတာမှားပြီဟုတောင်ထင်နေသည်။ ရှောင်းကျန့်ကို ရိပေါ်နားမှာမခွာရဲအောင်ကပ်နေစေချင်လို့ပြောပေမယ့်ဒီကောင်လေးက လက်လျှော့ချင်နေသလို အားအင်ကုန်ခမ်းနေသည်။ ရောက်ရာနေရာ တိုက်သမျှအရက်ကို လက်ခံသောက်နေတဲ့ သူ့သူဌေးကိုလိုက်ကြည့်ရတာငြီးငွေ့နေပြီလေ။ ရှောင်းကျန့်သာမျှော့လိုကပ်နေရင် သူသက်မှာတော့မှာ။
----ည11 နာရီအထိ ရိပေါ်ပြန်ရောက်မလာ။ ရိပေါ်က ကိစ္စအထွေထူးမရှိတဲ့နေ့တွေဆို ညနေ ၄ နာရီရုံးဆင်းပြီး အိမ်မှာသာအလုပ်ဆက်လုပ်နေတတ်သည်။ တွေ့ဆုံပွဲတွေဘာတွေရှိမှသာလျှင် အလွန်ဆုံး ၁၀ နာရီ။ အဲ့ဒီအချိန်ဇယားက ရှောင်းကျန့် ဒီအိမ်ရောက်ပြီး မကြာခင် မှာပဲ အတည်ဖြစ်ခဲ့တာဖြစ်သည်။