ရဲစခန်းထဲမှာ တခြားသူခိုးဂျပိုးတွေနှင့်အတူ ရှောင်းကျန့် ထိုငစောင့်နေရသည်။ ကိုကိုသူ့ကိုတစ်ကယ်ပဲရက်စက်တော့မှာလား။ လူကလဲ တစ်ချိန်လုံးငိုထားပြီးအားမရှိတော့ခြေ။
''ကျေးဇူးတင်ပါတယ်အစ်မကြီး အစ်မကြီး ပြန်လို့ရပါပြီ ဘဏ် acc ပေးခဲ့ပါ ကျွန်တော်တို့ ညွှန်ကြားထားတဲ့အတိုင်းဆုကြေးလှမ်းထည့်ပေးလိုက်ပါမယ်''
''ဟုတ်ကဲ့ပါ အရာရှိ ကျေးဇူးတင်ပါတယ်''
ရှောင်းကျန့် တော်တော်အံ့သြမိသည်။သူ့မိထွေးကသူ့ကိုအဆုံးထိကို လုပ်ရက်တာပဲ။ တစ်ကယ်လို့ အခါခွင့်သင့်ရင်တော့ လုံးဝကိုမညှာတော့ဘူး။ အဆုံးထိကို ဖယ်ရှားပစ်တော့မှာ။
''Mr Wang ဒီမှာပါ''
ထိုအသံကြောင့် ရှောင်းကျန့် ထိတ်လန့်သွားသည်။ တစ်ဆက်ထဲဒေါသလဲ ထွက်လာသည်။ အခုချိန်မှာ သူငိုချင်စိတ်တွေလဲ မရှိတော့ သူ့အားဝရမ်းပြေးဖြစ်အောင်လုပ်တဲ့ လူကိုအစိတ်စိတ်အမွှာမွှာ ဆွဲဖြဲချင်ပြီ။
ပြီးနောက် ရိပေါ်ကသူ့လက်မှကိုင်ပြီး အပြင်သို့ဆွဲထုတ်ရာ သူဟာ အားကုန်ရုန်းလျှက်။''ဖယ် ထောင်ကျစေချင်တာမဟုတ်လား။ ထောင်ထဲမှာသေတဲ့အထိနေပေးမယ်။''
''ကျန့် ငြိမ်ငြိမ်နေ အခုဘယ်သူကအမှားလုပ်တာလဲ။''
''ဟုတ်တယ် ကျွန်တော်မှားတယ်။ အဲ့တာကြောင့် ထောင်ထဲမှာပဲပြန်ထည့်ထားလိုက်''
ခုနကတော့ လူဆိုးသူခိုးတွေကြားမှာ ကြောင်ပေါက်လို ဖြစ်နေတဲ့ ရုပ်ကထောင်ထဲအတင်းပြန်ဝင်ဖို့လုပ်နေတာကြောင့်ဝရိပေါ် သူ့အားမကာ ကားပေါ်ပစ်တင်လိုက်သည်။
''အိမ်ကြမှ ပြောမယ်။ မှတ်ထားဖို့က အမှားလုပ်ထားတဲ့လူက အပြစ်ပေးခံရမယ်''
''ထောင်ထဲသထည့်ထားလိုက်လို့ပြောနေတယ်မဟုတ်လား''
''ကိုယ်တိုင်အပြစ်ပေးမယ်''
တစ်လမ်းလုံးသူ့အား ကြိမ်းမောင်းနေသည့် ကောင်လေးကိုသူဘာမှ ထပ်မပြောတော့။ သူပြောသမျှမျက်ရည်လေးစမ်းစမ်း စမ်းစမ်းနှင့်သာလုပ်နေတတ်သည့်ကောင်လေး၏ ယခုပုံစံက မသိရင် တစ်ခြားတစ်ယောက်ဝင်စီးနေသလို။