Part-17

4.8K 316 6
                                    

''ယမ်ယမ် ယမ်ယမ် ''

အိမ်ပေါ်ထပ်မှပြေးဆင်းလာသူကို ယမ်ယမ်က အမြန်တွဲလိုက်သည်။

''ဘာလို့ပြေးလာတာလဲ မပေါ့မပါးကြီးနဲ့''

ရိပေါ် ယမ်ယမ်ကို ကြောင်ကြည့်နေမိသည်။ နှစ်ယောက်လုံးရူးသွားတာမဟုတ်ဘူးမှတ်လား။

''ငါ့ရဲ့ဆေး စာရွက်တွေရော''

''ဒီမှာ''

ယမ်ယမ် ထုတ်ပေးလိုက်သည်နှင့်ရှောင်းကျန့် ကရိပေါ်ကိုပြကာ။

''ကျန့် ကိုကို့ကိုမလိမ်ဘူး။ ဒီမှာ ကျန့်တို့ကလေးလေး အစက်ကလေးပဲရှိသေးတယ်။သေးသေးလေး။''

ရိပေါ်စာရွက်တွေကိုကြည့်နေရင်းပြောစရာစကားများပျောက် ရှနေစဉ်။

''ဆေးရုံတတ်ဖို့လိုတယ်လို့ ဆရာဝန်ကပြောထားတယ်မဟုတ်လား။အဲ့တာကြောင့် စာရွက်တွေလာပေးတာ။''

''ကျန့် ဗိုက်ထဲ မှာ ဘယ်လိုလုပ်ပြီး..''

ထိုအခါ ယမ်ယမ်က ရိပေါ်ကိုကြည့်ပြီး..

''ဝမ်ကောကော ထည့်ခဲ့တယ်မလားသူ့ဗိုက်ထဲကို အဟီး''

ရိပေါ်နားလေးတွေရဲတတ်ကာ ရှက်ကိုးရှက်ကန်းဖြစ်သွားတာကြောင့် ရှောင်းကျန့်က အနားတိုးလာပြီး ပါးလေးကိုနမ်းလိုက်သည်။

''မရှက်ပါနဲ့ ကျန့်ကိုယ့်ဘာသာ ထည့်ခဲ့တာပါ။''

ဟုတ်သည်လေ နှစ်ကြိမ်လုံးသူပဲဦးဆောင် ထည်ခဲ့တာ။ ရိပေါ် ပြန်တွေးမိပြီး အသဲယားကာ သူ့အားဆွဲဖက်နမ်းချင်စိတ်တွေဖြစ်ပေါ်လာကာ နှစ်လိုဖွယ်မျက်ဝန်းတွေနှင့်ကြည့်နေမိသည်။

''အာ..ဒါဆိုငါပြန်တော့မယ်။''

''နေပါဦး တစ်ခုခုစားပါဦး''

''ငါ ချစ်သူနဲ့ချိန်းထားလို့''

''အင်းပါ ဒါဆိုလဲ ကောင်းကောင်းပြန်''

ယမ်ယမ်ပြန်သွားသည်နှင့် ရိပေါ်ကသူ့အားပွေ့ချီကာ ဆိုဖာမှာထိုင်လိုက်သည်။ပြီးနောက် သူ့နှဖူးကဆံပင်လေးတွေကိုသပ်တင်ပေးရင်း...

''ပြောပါဦး ဒီဗိုက်လေးက ဘယ်လိုလုပ်ကလေးလေး လွယ်ထားနိုင်တာလဲ''

Wang Don't Love me (Completed)Tempat cerita menjadi hidup. Temukan sekarang