part-4

3.8K 341 11
                                    

ရိပေါ်နေရင်းထိုင်ရင်းယောက်ျားတစ်ယောက်အဖက်တင်ခဲ့သည်။ ထိုကောင်လေးသူ့နောက်တစ်ကောက်ကောက်လိုက်နေတာသူသတိထားမိတာကြာပေါ့။ နောက်ထပ်သူ့ကိုဆေးခပ်ဖို့ကြံရွယ်သည်တဲ့လေ။ ရယ်စရာကောင်းတာကသူ့ကိုဆေးခပ်မည့်လူကသူ့ကိုစေ့စေ့တောင်မကြည့်ရဲဘူး။ သူလဲလိုက်တဲ့ခွက်ကိုလဲဘေးကတစ်ယောက်နှင့်နေရာချိန်းလိုက်တာသူမသိပြန်ဘူး။ ဒီကောင်လေးဘာဆက်လုပ်မလဲသိချင်လို့ မသိချက်ဟန်ဆောင်ပြီးစောင့်ကြည့်နေခဲ့တာ။ ဘေးကတစ်ယောက်က အိပ်ငိုက်လို့ပြန်ချင်တယ်ဆိုလာတော့ရိပေါ်ပြုံးလိုက်သည်။ အိပ်ဆေးတဲ့လားအဟက် ဘာလုပ်မလို့လဲ အိပ်ဆေးခက်ပြီး။ ရိပေါ်အိပ်ငိုက်ချင်ဟန်ဆောင်ပြီး သူခေါ်ရာအခန်းထဲလိုက်သွားသည်။ သူ့ကိုအိပ်ဆေးခပ်ပြီးဘာများလုပ်မလဲသိချင်တာမို့။ သို့ပေမယ့် သူ့အားကုတင်ပေါ်ချပြီးနောက်သူ့နားမှာကုလားသေကုလားမောအိပ်နေသည့် ကောင်လေးကြောင့် တော်တော်လေးအံ့အားသင့်သွားသည်။မနက်ရောက်တော့ ထင်သည့်အတိုင်းရုပ်ရှင်တွေထဲကလိုတောင်းဆိုလာပြန်၏။ သူ့ကိုယ်သူမိန်းကလေးထင်နေတာလား။ သူထွက်လာတော့အခန်းထဲမှာငိုပြီးကျန်ခဲ့နေပြန်သည်။ ဒီကလေးဦးနှောက်ထဲ ဒီလိုစိတ်ဝင်နေတာ မကောင်းဘူး။ သုမဟုတ်တဲ့ လူတွေကိုခုလိုလိုက်လုပ်ရင်အန္တာရာယ်များမယ်။ ဒါကြောင့် သူ့နောက်ကြောင်းစုံစမ်းခဲ့ရာ မိသားစုကတော်တော်လေးအဆင်မပြေတာသိလိုက်ရတယ်။ဒါကြောင့်လဲထွက်ပေါက်ရှာမိတာနေမယ်။ ရိပေါ်သူ့ကိုဘာလို့လက်ထပ်ဖို့ရွေးခြယ်လိုက်လဲဆို ရိုးရှင်းပါတယ်။ သူ့ဥစ္စာပစ္စည်းတွေကိုမက်မောပြီး အနားမှာလိုက်ကပ်နေသည့်မိန်းမလည်တွေထက်စာရင် အဲ့ဒီအူတူတူနုံတုံတုံကပိုကောင်းလိမ့်မည်။ ဇီယီဆို အခုတစ်လောပိုဆိုးလာသည်။ ငယ်ငယ်ကရင်းနှီးခဲ့တာအခွင့်ကောင်းယူပြီးအိမ်အဝင်အထွက်လုပ်ရုံမက အခန်းတွေထဲအထိတောင် သန့်ရှင်းရေးလုပ်မယ်ဆိုကာဝင်လာတတ်သည်။ ရိပေါ်က စာနာတတ်သူတစ်ယောက် တစ်ဖက်သားခံစားချက်ကိုအမြဲထည့်တွက်သည်။ ဝန်ထမ်းတွေအပေါ်မှာတောင်ရင့်ရင့်သီးသီးမဆက်ဆံသူဆိုတော့ သူမကိုပစ်ပစ်ခါခါပြောဖို့ဝေလာဝေးစွ။ဒါကြောင့်ပဲ အားလုံးဖြေရှင်းပြီးသားဖြစ်အောင် ဒီမအူမလည်ကောင်လေးကို လက်ထပ်ခဲ့တာဖြစ်၏။

Wang Don't Love me (Completed)Where stories live. Discover now