Unicodeမနက်၅နာရီခန့်တွင် အထွန်းအိမ်ရှေ့ခြံဝသို့ သူငယ်ချင်းမနှစ်ယောက် ရောက်နေကြသည်။သူတို့ကပြင်ဆင်ပြီးရောက်နေသော်လည်း အထွန်းကအိပ်ယာထနောက်ကျသွားတာကြောင့် အခုမှရေစချိုးရမည်။
အိမ်ထဲမဝင်ဘဲ အိမ်ရှေ့ကအုတ်ခုံအဝိုင်းတွင်သူတို့နှစ်ယောက်ထိုင်နေကြပြီး အထွန်းကိုစောင့်နေသည်။ကြာနေရင် အပွားခံမှာကြောင့် ရေအမြန်ချိုးကာ အကျီအဝတ်အစားလဲပြီး အအေးဓါတ်ကလေးကလည်းရှိနေတာကြောင့် ရှပ်အကျီတစ်ထပ် ထပ်ဝတ်ကာ လွယ်အိတ်လွယ်၍အောက်သို့ဆင်းလာလိုက်တော့သည်။အခုလိုဝတ်ထားသည့်အထွန်းကို မမြင်ဘူးတဲ့သူတစ်ယောက်က ရုတ်တရက်ကြည့်လျှင် ယောကျာ်းလေးတစ်ယောက်နဲ့ပင်အမြင်မှားနိုင်သည်။အထွန်းအသံကလည်း မိန်းမမဆန်သည့် သြရှရှအသံ။
"ကြာလိုက်တာဟယ်"
"ပြီးပါပြီဟ....ခဏလေး အဖွားကိုပြောပြီး ပြန်ထွက်ခဲ့မယ်"
သုသုက လက်ဟန်နှင့်သွားဟုပြသည်။အထွန်းအဖွားဆီလာလိုက်ပြီး သွားတော့မည်ဖြစ်ကြောင်းပြောရန် အဖွားကိုနှိုးလိုက်သည်။မနက်အစောကြီးဆိုတော့ အဖွားလန့်သွားမည်လည်းစိုးသည်။"အဖွား.....အဖွား.....အဖွား...."ခပ်တိုးတိုးနှင့် သုံးခါလောက်ခေါ်တော့မှ အဖွားက လန့်နိုးလာသည်။
"ဟေ....ဟေ..."
ထူးသံနှစ်ချက်ပေးပြီး အဖွားကအားပြု၍ထလာနေတာကြောင့် လက်မောင်းကိုကိုင်၍ အထွန်း ထူပေးလိုက်သည်။"အထွန်းကျောင်းသွားတော့မလို့ လာပြောတာအဖွား..."
"အော်အေး...."
"အဖွားသောက်ဖို့ဆေးတွေ အထွန်းခေါင်းရင်းကစားပွဲမှာတင်ထားပေးတယ်နော် ကြီးကြီးမြတ်လာရင်သောက်လိုက်နော်"
"အေးပါကွယ်....ခဏလေးမြေး"
အထွန်းကိုခဏလေးဟုဆိုကာ ခေါင်းအုံးစွတ်ထဲကိုလက်နှိုက်၍ အဖွားက မုန့်ဖိုးပေးသည်။အထွန်းလက်ထဲကို ၁၀၀၀တန်၂ရွက်ထည့်ပေးသည်။၂၀၀၀ဆိုတာ အတော်ကိုပင်များသည့်ပမာဏပင်။သို့သော်လည်း အထွန်းမငြင်းဘဲပေးသမျှယူခဲ့သည်။

YOU ARE READING
မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)
Romanceဒီတစ်ခါလည်း age gap teacher ficလေးပါဘဲ။ ဒါကြောင့် Age gap ကိုကြိုက်နှစ်သက်မှသာ ဖတ်ပေးဖို့ညွှန်းချင်ပါတယ်။ Age gap ဖြစ်တာအလျှောက်18+အခန်း ပါချင်လည်းပါသွားနိုင်ပါတယ်၊မပါရင်လည်းမပါပါဘူး။ ဒီficထဲမှာပါတဲ့သီချင်းတွေကိုလည်း crdကြိုပေးပါတယ်။ အမှတ်တရနဲ့မှတ...