Unicode
နောက်ဆုံးအချိန်ရောက်တော့ ဆရာမဝင်လာသည်။ထို့နောက် မနက်ကပြောရန်ဆက်ရှိသေးသည်များ၊လုပ်ရန်ဆက်ရှိသေးသည်များကိုလုပ်သည်။အသင်းခွဲပေးသည်။အတန်းခေါင်းဆောင်ရွေးပေးသည်။မိန်းကလေးအတန်းခေါင်းဆောင်အဖြစ်အထွန်းကိုဆရာမကရွေးသည်။ထိုအလုပ်သည် ဆရာမကိုကူညီရမည်။တစ်ခုခုဆို ဆရာမအနားနေရမည့်အလုပ်ဖြစ်သော်လည်း အထွန်းခေါင်းညိမ့်လိုက်သည်။
ထို့နောက်ကျောင်းခေါင်းလောင်းထိုးသွားတာကြောင့် ဆရာမက နှစ်ယောက်တစ်တွဲသေချာစီပေးသည်။ပြီးနောက် ယောကျာ်းလေး အတန်းခေါင်းဆောင်နှင့်အထွန်းကိုသေချာမှာပြီး ဦးဆုံးထွက်သွားသည်။ဆရာမထွက်သွားပြီးသည်မှမကြာ လူတန်းဟာတရွေ့ရွေ့နဲ့ ရွေ့လျားလာခဲ့သည်။
___________________
"ဆရာမ...မဂ်လာပါ"
"မဂ်လာပါကွယ်...."
နှုတ်ဆက်အပြီး ထွက်ပြေးကာ အချင်းချင်း ရိုက်ပုတ်ကစားနေကြသည့် ကလေးတွေကိုမြင်တော့ ပန်းခင်းထဲမှာပြေးဆော့နေခဲ့သည့် သူတို့ငယ်ဘဝကိုတောင်အမှတ်ရမိသွားသည်။"အော်...ငယ်ကြသေးတော့လည်း လောကဓံအကြောင်းဘယ်သိပါဦးမလဲလေ။"
နှုတ်ခမ်းပါးလှုပ်ရုံမျှပြုံး၍ ကလေးတွေကြားထဲမှတိုးထွက်ကာနားနေခန်းဆီသို့လာခဲ့လိုက်သည်။ကျောင်းလွှတ်ပြီမလို့ အားလုံးသိမ်းဆည်းနေကြသည့် အခြားဆရာမများကိုအခန်းထဲဝင်ဝင်ချင်းပင်မြင်ရသည်။
"ဆွေဆွေ....လာ... ငါပြောစရာရှိလို့"
သိမ်းလက်စပစ္စည်းတွေကို ချထားပြီး အခန်းထဲဝင်လာသည့်ကျွန်မကို မိမိ*က လက်ယက်ခေါ်၍ ဦးစွာပြော၏။သူငယ်ချင်းနှစ်ယောက်ရှိနေသည့် မိမိစားပွဲနားသို့သွားကာ ခြင်းတောင်းကိုစားပွဲပေါ်မတင်လိုက်ပြီး ပြော*ဟူသည့် အထာမျိုးနှင့်မျက်စိပစ်ပြလိုက်သည်။
"ခဏနေ ကျောင်းဆင်းရင် နင့်အခန်းက ကလေးသုံးယောက်နဲ့အတူပြန်ဖို့လုပ်ထားတယ်
နင်အဆင်ပြေတယ်မလား""အင်း...ငါကအဆင်ပြေပါတယ်...ဟိုမှာ"
အားလုံးသိမ်းဆည်းပြီးသွား၍ အေးအေးဆေးဆေး တစ်ဖက်လှည့် ထိုင်နေသည့်နွယ်နွယ့်ကို မေးငေါ့ပြကာ

ВЫ ЧИТАЕТЕ
မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)
Любовные романыဒီတစ်ခါလည်း age gap teacher ficလေးပါဘဲ။ ဒါကြောင့် Age gap ကိုကြိုက်နှစ်သက်မှသာ ဖတ်ပေးဖို့ညွှန်းချင်ပါတယ်။ Age gap ဖြစ်တာအလျှောက်18+အခန်း ပါချင်လည်းပါသွားနိုင်ပါတယ်၊မပါရင်လည်းမပါပါဘူး။ ဒီficထဲမှာပါတဲ့သီချင်းတွေကိုလည်း crdကြိုပေးပါတယ်။ အမှတ်တရနဲ့မှတ...