Unicode
"ဘယ်လိုလေးမှန်းကိုမသိဘူး အတူတူပြန်ချင်တာကိုမသိတာလား။"
ကိုယ်တိုင်တောင်သတိမထားမိခင်မှာပဲ အချိန်တိုအတွင်းမှာ ထိုကလေးမလေးဟာ သူမရင်တွင်း၌ သံယောဇဉ်ဆိုသည့် ကြိုးမျှင်မျှင်ကလေးဖြင့် တွယ်ရစ်လာခဲ့သည်။"အမိ မျက်နှာကဆူပုတ်နေတာပဲ ဘယ်သူ့ကိုစိတ်ကောက်လာတာလဲ မဟုတ်မှ မိနွယ်ကိုမှဟုတ်စ။"
"မဟုတ်ပါဘူး တီချယ်ကြီးကလဲ...။
ကလေးတစ်ယောက်ကြောင့်...။""အလိုတော် ကလေးတစ်ယောက်ကြောင့် အမိက အခုလိုဖြစ်နေတာပေါ့။"
တီချယ်ကြီး အံ့ဩမယ်ဆိုလည်း အံ့ဩစရာပင်။မိမိဘဝတွင်ဆရာမလုပ်သက်တစ်လျှောက် ကလေးတစ်ယောက်ကြောင့် အခုလိုစိတ်ကောက်နေသည်ဆိုတာ မရှိခဲ့ဘူးပေ။ အမြဲ အဆင်ပြေအောင်နေတတ်သူမှန်းသိသည့်တီချယ်ကြီးအဖို့ သည်လိုကိစ္စဟာ ထူးဆန်းနေမှာအမှန်ပင်။တီချယ်ကြီးသည်...ကျွန်မတို့ငယ်ရွယ်စဉ်က ဂေဟာတွင် ပရဟိတလာလုပ်ရင်း ခင်ခဲ့ရသူဖြစ်၏။ထိုအချိန်ကတည်းကတီချယ်ကြီးကဆရာမလုပ်သက်၅နှစ်ကျော်ရှိနေပြီးဖြစ်ပြီး ကျွန်မတို့ကလည်း ၂၀ကျော် စွန်းစွန်းလေးတွေပင်ရှိသေးတာကြောင့် ဆရာမကြီးကိုပြောပြီး ကျွန်မတို့ကိုဆရာမလုပ်ရန်တိုက်တွန်းခဲ့သည်။အစကတည်းကဝါသနာပါကြသူများအဖို့ တီချယ်ကြီးအကူအညီပေးသည်နှင့် သည်နယ်ပယ်ထဲသို့၂၀ကျော်ထဲကစတင်ဝင်ရောက်လာခဲ့ကြသည်။ဆယ်ကျော်သက်အရွယ်မှာ တီချယ်ကြီးနဲ့ ခင်မင်ခွင့်ရခဲ့သည်မို့ ဆရာမကြီးပြီးလျှင် တီချယ်ကြီးသည် ကျွန်မတို့သုံးယောက်လုံး၏ဒုတိယမိခင်ဆိုလည်းမမှားပေ။ထို့ကြောင့် တီချယ်ကြီးဟာ ကျွန်မတို့အကြောင်းအကုန်သိနေသူလည်းဖြစ်သည်။"ဟုတ်တယ်...။"
"ကိုယ့်ကိုကိုယ်လည်း ပြန်ကြည့်ပါဦး ဆယ်ကျော်သက်ကလေးများမှတ်နေလား။
နှုတ်ခမ်းကြီးကလည်း...ဆူနေတာမှ။""ဟင်..."
တီချယ်ကြီးပြောမှ ကိုယ့်နှုတ်ခမ်းကိုယ်ပြန်ကိုင်ကာ တကယ်ပင် ဆူထွက်နေသလားစမ်းရသည်။ပုံမှန်အတိုင်းပါပဲ။ ဒါကို ဘာလို့ တီချယ်ကြီးကဆူနေသည်ဟုပြောတာလဲ။

YOU ARE READING
မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)
Romanceဒီတစ်ခါလည်း age gap teacher ficလေးပါဘဲ။ ဒါကြောင့် Age gap ကိုကြိုက်နှစ်သက်မှသာ ဖတ်ပေးဖို့ညွှန်းချင်ပါတယ်။ Age gap ဖြစ်တာအလျှောက်18+အခန်း ပါချင်လည်းပါသွားနိုင်ပါတယ်၊မပါရင်လည်းမပါပါဘူး။ ဒီficထဲမှာပါတဲ့သီချင်းတွေကိုလည်း crdကြိုပေးပါတယ်။ အမှတ်တရနဲ့မှတ...