မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ အပိုင်း(၁၀)

1.7K 133 20
                                    

Unicode

မနက်၄နာရီဒေါင်ဆိုသည်နှင့် နှိုးစက်ပေးစရာမလိုအောင် တိတိကျကျပင်နိုးလို့လာသည်။နိုးနိုးချင်းပင် ကုတင်ပေါ်မှဆင်းကာ ဖြည်ကာချထားသည့်ခါးအထက် ဆံပင်ရှည်တို့ကို စုယူ၍ခေါက်တင်ကာညှပ်ကလစ်နှင့်ညှပ်လိုက်သည်။ဟိုတစ်စသည်တစ်စဖြင့်  ကျနေသည့်ဆံနွယ်တို့က ကပိုကရိုဖြစ်နေစေကာမူ သူမ၏ပင်ကိုပုံစံလေးကိုတစ်ဆင့်တိုးစေ၍ အလွန်ချစ်စရာကောင်းနေစေပြန်သည်။

အိမ်သည်သစ်သားနဲ့ဆောက်ထားသည့်အိမ်ဖြစ်တာမို့ အပေါ်ထပ်မှလမ်းလျှောက်လျှင်သတိထားစွာလျှောက်ရသည်။တိုးတိုးတိတ်တိတ်ခြေလှမ်းဖြင့် အပေါ်ထပ်ကနေအောက်ထပ်သို့လှေကားကနေ အသံတိတ်ဆင်းလာခဲ့သော်လည်း အိမ်အောက်ထပ် တံခါးဝနားမှာ ကပ်မှီအိပ်နေသည့် ဝမ်းမနာသားငယ်လေးက နားရွက်ထောင်ကာ မော့ကြည့်လာသည်ကို လှေကားကနေဆင်းလာရင်းမြင်နေရသည်။အိပ်ချင်မူးတူးနှင့် ထလာကာ လှေကားကနေဆင်းလာသည့်ကိုယ့်ခြေရင်းမှာလာရပ်၍ ပွတ်သပ်နေသည်မို့  ခေါင်းကိုပြန်ပွတ်သပ်ပေးရန်ကိုယ်ကိုညွှန့်လိုက်ချိန်  လှေကားဘေးကအခန်းတွင်ရှိနေသည့် ဆွေဆွေက သူ့အခန်းထဲကနေထွက်လာသည်။

"နင်တောင်နိုးနေပြီကိုး......"
ဆွေဆွေက  သူ့ဆံပင်ရှည်ကိုတပတ်လျှိုထုံးနေရင်း မေးလာသည်။

"အေး...."
ဆွေ့ဆွေ့ကိုပြန်ဖြေပြီးတော့ အောက်ကသားငယ်ကိုပြန်ကြည့်ကာ ခေါင်းကိုပြန်ပွတ်သပ်ပေးနေလိုက်သည်။

"တာဝန်တစ်ခုလိုကိုဖြစ်တော့မယ် နင်တော့..."
သားငယ်လေးကိုမေးငေါ့ပြကာပြောနေသည့် ဆွေဆွေဆိုလိုရင်းကိုသိသည်မို့...ဘာမှပြန်မပြောတော့ဘဲ ခေါင်းငြိမ့်ပြ၍ပြုံးပြလိုက်တော့သည်။

"မိမိမနိုးသေးဘူးလား......"

"အိပ်ပါစေ....စောသေးတာဘဲကို"

အိပ်နိုင်သူကအိပ်ပေါ့။အစောထသည့် သူတို့နှစ်ယောက်ကတော့ တာဝန်ကိုယ်စီခွဲကာ စတင်လုပ်ဆောင်တော့သည်။
ဆွေဆွေကမီးဖိုချောင်ထဲဝင်မည်ဆိုတော့ သူကအိမ်သန့်ရှင်းအောင် တံမြတ်စည်းလှည်းမည်။ပြီးရင်ဖုန်သုတ်မည်။အားလုံးပြီးသွားရင်တော့ ဆွေဆွေကိုသွားကူမည်ဟု သူတွေးထားလိုက်သည်။သို့သော် သူတွေးသည့်အထဲတွင်သူ့သားငယ်လေးအတွက် အစာကျွေးရမည်ကိုတော့ ကျန်ကာမေ့နေခဲ့သည်ကို သူသတိမပြုမိ။

မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)Donde viven las historias. Descúbrelo ahora