Unicode
ဝယ်စရာရှိတာတွေကိုတစ်ခုမေ့မကျန်ခဲ့တော့အောင် မြန်မြန်ဆန်ဆန်ဝယ်ခဲ့လိုက်ပြီး စျေးထဲမှပြန်ထွက်လာခဲ့သည်။
ထမိန်အဖျားကို တဖြတ်ဖြတ်ခက်နေအောင် လျှောက်လာခဲ့ပြီး စျေးခြင်းတောင်းကိုလည်း လက်တစ်ဖက်ဖြင့် မနိုင်တနိုင့်သယ်လာခဲ့သည်။လမ်းကိုခပ်မြန်မြန်လျှောက်လာပေမယ့် အနောက်ကတစ်စုံတစ်ခု ကပ်ပါလာသည်ကိုတော့ သူသတိထားမိလိုက်သည်။"အမေ့...."
ရုတ်တရက် ခြေဖဝါးကို လာထိတွေ့ပွတ်သပ်နေတာကြောင့် လန့်ကာ မျက်လုံးစုံမှိတ်၍ အော်လိုက်မိသည်။ထို့နောက် နူးနူးညံ့ညံ့အမွှေးများရဲ့ထိတွေ့မှုကြောင့် မှိတ်ထားသည့်မျက်လုံးကိုဖြည်းညှင်းစွာဖွင့်ကြည့်လိုက်တော့"အို့...ခွေးပေါက်လေးပါလား"
လမ်းဘေးခွေးဆိုသော်ငြား သူ့မျက်စိထဲတွင်တော့ ထိုခွေးပေါက်လေးဟာ ချစ်စရာအလွန်ကောင်းနေသည်။ခေါင်းလေးကိုပွတ်သပ်ပေးဖို့ လက်ကိုရှေ့ထုတ်လိုက်တော့ ထိုခွေးပေါက်လေးကအလိုက်သင့်ပင် ခေါင်းလေးထိုးလာ၏။ထိုစဥ်မဆီမဆိုင် ဟိုမယ်မင်းကြီးမကိုမျက်စိထဲမြင်ယောင်လာတာကြောင့် ခေါင်းကိုခါယမ်းကာ ခွေးပေါက်လေးဆီအာရုံပြန်ထားလိုက်သည်။"ကလေးလေး မင်းမေမေရော...ဟင်"
အနီးအနားကို မျက်စပစ်ကာလိုက်ကြည့်မိတော့လည်း ခွေးဆိုလို့တစ်ကောင်တမြှီးမှမရှိ။ဘယ်ကနေများရောက်လာတာလဲကွယ်။"ဝုတ်...ဝုတ်..."
အကောင်ပေါက်ဖြစ်နေတာကြောင့် ဟောင်သည့်အသံကလည်း အသံသေးလေး။သူ့နားထဲတွင်တော့ ကြောက်စရာမကောင်းဘဲ ချစ်စရာအသံလေးသာကြားနေရသည်။လျှာလေးကိုထုတ်ကာ အမြှီးလေးတနံ့နံ့နှင့် သူ့ကိုမော့ကြည့်နေသည့်ခွေးပေါက်လေးကို ကောက်ချီကာ"ပိုင်ရှင်မဲ့လေးများလား"
"ဝုတ်...ဝုတ်..."
"အမယ်လေး...အမယ်လေး..."
မျက်နှာအနှံ့ကို သူ့လျှာသေးသေးလေးနဲ့လိုက်နမ်းနေတာကြောင့် သူ့မှာအသဲတယားယားဖြစ်ရသည်။လက်ထဲတွင်လည်းအငြိမ်မနေ။အောက်ပြန်ချပေးပြီး ထွက်သွားရန်ပြင်တော့ ထမိန်စကိုကိုက်ဆွဲထားတာကြောင့် ပြန်ချီရပြန်သည်။

YOU ARE READING
မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)
Romanceဒီတစ်ခါလည်း age gap teacher ficလေးပါဘဲ။ ဒါကြောင့် Age gap ကိုကြိုက်နှစ်သက်မှသာ ဖတ်ပေးဖို့ညွှန်းချင်ပါတယ်။ Age gap ဖြစ်တာအလျှောက်18+အခန်း ပါချင်လည်းပါသွားနိုင်ပါတယ်၊မပါရင်လည်းမပါပါဘူး။ ဒီficထဲမှာပါတဲ့သီချင်းတွေကိုလည်း crdကြိုပေးပါတယ်။ အမှတ်တရနဲ့မှတ...