မြူမှုန်လိုပျောက်ကွယ်သွားရမည့် အိမ်မက်ထဲကကိစ္စဟာမနက်မိုးစင်စင်လင်းပြီးအခုနေ့လည်ရောက်သည်အထိမေ့မရ။ဘာလုပ်လုပ် ဘာကိုင်ကိုင် အလှလေးဆိုသည့် ချွဲပစ်ပစ်အသံကနားထဲကမထွက်။ဘုရားရှိခိုးလည်း သည်အသံ၊ အိမ်သန့်ရှင်းရေးလုပ်လည်း ဘယ်နားကခေါ်နေမှန်းမသိတဲ့သည်အသံ၊ အို တော်တော်စိတ်ညစ်ကောင်းလွန်းလှသည့်အသံ။
သူကဘာမို့လို့ မိမိစိတ်ထဲ၊ခေါင်းထဲစွဲနေရသနည်းဆိုတာလည်းစဉ်းစားမရ။"မိနွယ်"
"မြတ်စွာဘုရား..."
ရုတ်တရက်ပခုံးပေါ်ရောက်လာတဲ့လက်ကြောင့် အလွန်အမင်းကိုခုန်လို့သွားသည့်နှလုံးသားအား ငြိမ်သက်သွားစေရန် ရင်ဘတ်လေးပေါ်လက်တင်ကာဖိကပ်ထားလိုက်ရသည်။"ငါခေါ်တာဖြေးဖြေးလေးပါဟယ်
ဘာတွေအတွေးလွန်နေတာလဲ အပျိုကြီး""ဘာမှမတွေးပါဘူး နင်ကရုတ်တရက်ခေါ်လိုက်တော့လန့်သွားတာပေါ့။"
"မဟုတ်ပါဘူး ငါမနက်ထဲကနင့်ကိုကြည့်နေတာ ပုံမှန်ကိုမဟုတ်ဘူး"
"ဘာမှမဖြစ်ပါဘူးဆို "
"ဘာမှမဖြစ်ဘူးဆိုလည်းပြီးတာပါပဲ... နင့်သားကိုထမင်းကျွေးပြီးပြီလို့လာပြောတာ။"
"အေးပါ ကျေးဇူးပဲ။"
မယုံမကြည်နှင့် လှည့်တကြည့်ကြည့်လုပ်နေသည့်ဆွေဆွေ ဝေးဝေးနေရာရောက်မှပဲ သက်ပြင်းချရတော့သည်။"ဟူး.....သင်းက တကယ်မလွယ်ကြောပဲ။"
ထို့နောက်နေ့လည်ထမင်းစားချိန်ဖြစ်တာကြောင့် သူမတို့သုံးယောက် နေ့လည်စာအတူစားကြသည်။ခါတိုင်းလိုပင် အကြီးဆုံးကိုဦးချ၍ ပြီးမှစားကြသည်။ဒါကတော့မရိုးနိုင်သည့်သူမတို့သုံးယောက်၏ အပြုအမူများထဲကတစ်ခုပင်။
ထမင်းစားပြီးကြတော့ ဧည့်ခန်းတွင် ကိုယ်စီဝင်ထိုင်လိုက်ကြသည်။သည်နေ့က ပထမဆုံးကျောင်းတတ်ရသည့်အပတ်၏ပထမဆုံးပိတ်ရက်။သည်ရပ်ကွက် သည်နေရာကိုပြောင်းလာရသည်ကလည်းသိပ်မကြာသေးတာကြောင့်အပြင်ထွက်ရန် အကြံတစ်ခုစဉ်းစားမိသွားသည်။
"ညနေကြ ရပ်ကွက်တစ်ပတ်လမ်းလျှောက်ထွက်မလား "
"ပူကပူနဲ့ကို..."
အချိန်ပြည့်ဘယ်မှမသွားချင်သည့် နွယ်နွယ် စတင်ဘုဂလန့်ပြောသည်။ ဒါဟာလည်း မထူးခြား။ လိုက်မည်ပြောလျှင်သာ ထူးဆန်းနေလိမ့်မည်။

ŞİMDİ OKUDUĞUN
မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)
Romantizmဒီတစ်ခါလည်း age gap teacher ficလေးပါဘဲ။ ဒါကြောင့် Age gap ကိုကြိုက်နှစ်သက်မှသာ ဖတ်ပေးဖို့ညွှန်းချင်ပါတယ်။ Age gap ဖြစ်တာအလျှောက်18+အခန်း ပါချင်လည်းပါသွားနိုင်ပါတယ်၊မပါရင်လည်းမပါပါဘူး။ ဒီficထဲမှာပါတဲ့သီချင်းတွေကိုလည်း crdကြိုပေးပါတယ်။ အမှတ်တရနဲ့မှတ...