Unicode
ကြီးတော်တွန်းလိုက်လို့ ရလာသည့်ဒဏ်ရာကို ဆေးမထည့်ဘဲ အထွန်းကြည့်ကာ အတွေးလွန်နေမိပြန်သည်။မုန့်စားဆင်းချိန်မို့ အခန်းထဲတွင်လူသိပ်မရှိ။အထွန်းကလည်းနောက်ဆုံးအတန်းတွင်ထိုင်နေမို့ အနားတွင်လူရှင်းသည်။
အတွေးတစ်ခုကနေဆက်၍ဆက်၍တွေးတတ်သည့် အထွန်းကို သုသုလှမ်းခေါ်နေသည့်အသံမကြားနိုင်ဘဲ အတွေးကမ္ဘာထဲမျောလွင့်နေသည်။
"ဟဲ့... ခေါ်နေတာကိုမကြားရအောင် ဘာတွေအဲ့လောက်တွေးနေတာလဲ"
အတွေးလွန်နေသည့် အထွန်းကိုခပ်နာနာကလေးရိုက်ကာ သုသုကပြောသည်။"အာ့....ဘာမှမတွေးပါဘူး"
"လိမ်နေတာအသိအသာကြီးကို..."
ထိုစဥ်သုသုအကြည့်ကအထွန်းလက်ဆီရောက်သွားတာကြောင့် အထွန်းလက်ကိုနောက်ဆုတ်လိုက်သော်လည်း
"ဟယ် နင့်လက်က သွေးတွေထွက်နေတယ်" ဟုဆိုကာ
အထွန်းလက်ကို ဆက်ခနဲဆွဲယူကာ သုသုကကြည့်သည်။"ဖြည်းဖြည်းလုပ်ပါဟ...အားလားလား..."
"ဆေးမထည့်ဘဲဘာထိုင်လုပ်နေတာလဲ...ဘယ်လိုဖြစ်လာရတာလဲ"
"ငါ...သံနဲ့ခြစ်မိသွားတာ"
ဖြစ်စဥ်အားလုံးကိုပြန်ပြောနေလည်းမထူးတာမို့ ကိုယ့်အပြစ်ဟုသာပုံချလိုက်သည်။"အမယ်လေး...အဲ့တာကိုဆေးမထည့်ဘဲထိုင်ပြီးတွေးနေသိလား"
"မေးခိုင်ပိုးတွေဝင်ကုန်ရင် နင်ဘယ်လိုလုပ်မလဲ သေတတ်တယ်နော်အထွန်း""နေဦး...ငါအတန်းပိုင်ဆီမှာဆေးသွားတောင်းပေးမယ်"
"ငါ့အတွက်တော့ဟုတ်ပါတယ်နော်...နင်တွေ့ချင်လို့ဆိုရင်တော့မသွားနဲ့တော့ ငါရေဘဲဆေးလိုက်တော့မယ်"
"အော်....နင့်အတွက်ပါဟ"
"သွားတောင်းလိုက်ဦးမယ် ...ရော့ဒီမှာနင့်မုန့်..."
ကိုင်ထားသည့်မုန့်ကိုချပေးကာ သုသုကထွက်သွားသည်။အနေကတော့လိုက်မသွား။အမောတကောပြေးသွားသည့်သုသုကိုမြင်ကွင်းကပျောက်သည့်အထိ ကြည့်နေပြီးမှ အထွန်းနားမှာဝင်ထိုင်၍"နာနေသေးလား..."
"နည်းနည်းပါ...အဆင်ပြေတယ်
နင်ဘာလို့လိုက်မသွားတာလဲ"

YOU ARE READING
မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)
Romanceဒီတစ်ခါလည်း age gap teacher ficလေးပါဘဲ။ ဒါကြောင့် Age gap ကိုကြိုက်နှစ်သက်မှသာ ဖတ်ပေးဖို့ညွှန်းချင်ပါတယ်။ Age gap ဖြစ်တာအလျှောက်18+အခန်း ပါချင်လည်းပါသွားနိုင်ပါတယ်၊မပါရင်လည်းမပါပါဘူး။ ဒီficထဲမှာပါတဲ့သီချင်းတွေကိုလည်း crdကြိုပေးပါတယ်။ အမှတ်တရနဲ့မှတ...