အခန်း၂၄

27.2K 464 15
                                    

(unicode)

နဖူးပြင်မှာ နွေးခနဲ ဖြစ်သွားရကာ နှစ်သက်စရာကောင်းသော ကိုကြီးရဲ့ ရေမွှေးနံ့က နှာခေါင်းထဲဝင်လာသည်။

''ချာတိတ်..breakfastစားရအောင်၊ ထတော့
..အချိန်မနည်းတော့ဘူး...''

''ဟင်..''

ကိုကြီးက အလုပ်သွားခံနီးပုံစံနဲ့ သန့်ရှင်းသပ်ရပ်နေကာ သူမကိုပြောပြီး နက်ခ်တိုင်ချည်နေသည်။
မနက်အစောကြီးနိုးနေပြီး မိုးလင်းခံနီးမှ မှေးခနဲ
ဖြစ်သွားတဲ့ ပန်းဟာ အခုမှ နောက်ကျနေပြီဆိုတာသိပြီး မျက်လုံးများ ပြူးသွားရသည်။
ခုတင်ဘေးက စားပွဲပေါ်က နာရီကို ကြည့်လိုက်တော့ မနက်၈နာရီခွဲ။ သွားပြီဆိုတာ အသိနဲ့အတူ
မကျေနပ်တဲ့ မျက်စောင်းက ကိုကြီးဆီ
ဒိုင်းခနဲ။

''အဟွန်း...မျက်စောင်းလေးကလည်း
ရိုးရာမပျက်...ကိုယ်ဖက်နမ်းချင်လာပြီ...''

''ကျစ်...ကိုကြီးနော် ပန်းကို ဘာလို့မနှိုးတာလဲ
မေမေတို့ကို အားနာစရာ''

ပန်းက စူပွပွလေးနဲ့ စောင်တွေပါခေါက်ရင်း
အင်္ကျီလေးကို သေသပ်အောင်ဆွဲချသည်။

''ကိုယ့်မိန်းမလေး အိပ်ရေးဝအောင်ပေါ့ကွ
အခုကြည့်ပါအုံး...မျက်နှာလေးက ပြည့်ပြီး
ဘယ်လောက်ချစ်စရာကောင်းလဲ...''

ပန်း ဘာမှပြန်မပြောတော့ဘဲ လူကြီးတွေကိုလည်း အားနာရကာ မျက်နှာအမြန်ဝင်သစ်ပြီး
အပေါ့အပါးကိစ္စဖြေရှင်းရသည်။ ပြန်ထွက်လာတော့ ကိုကြီးက အခုထိ အခန်းထဲမှာ။

''ဟာ...မသွားသေးဘဲ ဘာလုပ်နေတာလဲ''

ပန်းမှာ ဝတ်ဖို့အင်္ကျီလေးနဲ့ထဘီလေး ကိုင်ကာ
လဲမလို့ပေမဲ့ ကိုကြီးက မှန်ရှေ့ကမခွာတော့
ပြောရသည်။

''ချာတိတ်နဲ့အတူ သွားမယ်လေ..''

''အဲ့ဒါဆို..ဟိုဘက်လှည့်၊ ပန်းအင်္ကျီလဲအုံမယ်''

ညဝတ်အင်္ကျီလေးရဲ့ ကြယ်သီးတွေကို ဖြုတ်ချပြီး အမြန်လိုနေသလို ကိုကြီးကို ပြောရသည်။

''လဲပါလားကွ...အမြဲမြင်နေကျကို...''

''ကိုကြီးနော်...အချိန်မရှိတော့ဘူးဆို၊ ဟိုဘက်
လှည့်ဟာ.....''

အချစ်ရဲ့ နိဒါန်း(Completed)Where stories live. Discover now