အခန်း၃၁

17.7K 341 0
                                    


(unicode)

ပန်း အိပ်ယာက နိုးလာတော့ ကိုကြီးရဲ့ရင်ခွင်ထဲမှာ တစ်ကိုယ်လုံးနစ်မြုပ်နေရသည်။ညက ကဲချင်းတိုင်းကဲပြီးမှ တောင်းပန်ပါတယ်တဖွဖွပြောရင်း တစ်ညလုံးချော့ခဲ့သည်။ အရင်တည်းက စိတ်ပျော့တဲ့ ချစ်ရိပ်ပန်းလည်းကြာကြာစိတ်မကောက်နိုင်တော့ဘဲ နောက်ဆုံးတော့စိတ်ဆိုးပြေခဲ့ရသည်။

''ဟွန့်..အခုကြတော့ ကလေးလိုဘဲ''

အိပ်နေတဲ့ ချိန်းရဲ့မျက်နှာကို ခပ်စေ့စေ့ကြည့်ရင်းသူမဘာသာ ရေရွတ်လိုက်သည်။စိမ်းညို့နေတဲ့မျက်ခုံးနဲ့ အထူးအပါးညီလှတဲ့နှုတ်ခမ်းအစုံနဲ့အိပ်နေတာတောင် ချောမောမှုက ထည်ဝါစွာ။

သဘောကျစွာ ကိုကြီးကို  ကြည့်နေရင်းမှ နာရီလက်တံကို ကြည့်ရင်း သတိရသွားပြီး အိပ်ယာထဖို့ပြင်လိုက်သည်။ သူမကို ဖက်ကာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကိုကြီးရဲ့ လက်တွေကို ဖယ်ပြီး အိပ်ယာထမယ်အလုပ်။

'''ဟိတ်...ဘယ်ပြေးမလို့လဲ...''

''အို...ကိုကြီးကလည်း''

အိပ်ယာထဲမှ ကျုံးထမယ်လုပ်မှ နောက်က တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်လိုက်တဲ့ ကိုကြီးကြောင့် ရင်ခွင်ထဲထွေးခနဲပစ်ကျသွားရသည်။အိပ်နေတယ်ထင်ပြီး ငေးချင်တိုင်းငေးပြီး ၊သဘောကျစွာရေရွတ်ခဲ့တဲ့ သူမရဲ့စကားတွေကြောင့် ရှက်လည်းရှက်သွားရသည်။

''ကိုယ်နဲ့မှ အတူထလေ...စောသေးတာကို''

''ဟင့်အင်း...လွှတ်ပါ ''

ခြုံစောင်ထဲမှာ အခုချိန်ထိ ဖရိုဖရဲဖြစ်နေတဲ့
အနေအထားကြောင့် မျက်လွှာလေးချကာ သူမကရုန်းလိုက်သည်။

''ချာတိတ်...''

ချိန်းက ခေါ်လိုက်ပြီး အိပ်ယာနိုးခါစ မျက်နှာဖောင်းဖောင်းလေးကို နမ်းလိုက်သည်။ မျက်နှာလေးရဲကာ ရှက်အားပိုစွာ ခေါ်နေတာကို မထူးတော့ သူမရဲ့ကိုယ်လေးကို ပိုတိုးပြီးဖျစ်ညှစ်လိုက်သည်။ထို့နောက် သူမရဲ့ လည်တိုင်လေးကို သူ့နှုတ်ခမ်းများနဲ့ ပွတ်သပ်နမ်းရှိုက်ရင်း....။

''ကိုကြီး...ဘယ်လိုဖြစ်နေတာလဲလို့  ''     
     
ပန်းမှာ အခုချိန်ကြမှ ထသွားလို့လည်းမရဘဲ အကျပ်ရိုက်နေရသည်။ ဂါဝန်ကို လှမ်းကြည့်တော့လည်း ခုတင်အောက်မှာ ပုံပြီး သနားစရာအဖြစ်မို့ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့။

''ဘာဖြစ်ရမှာလဲ...ကိုယ့်မိန်းမကို ချစ်လို့နမ်းတာ''
      
''ဟာ...ဘာတွေလျှောက်ကိုင်နေတာလဲ''

အချစ်ရဲ့ နိဒါန်း(Completed)Donde viven las historias. Descúbrelo ahora