အခန်း၈

24.1K 676 17
                                    

(unicode)

တစ်အိမ်ထဲ အတူနေပြီး တစ်ဖက်သတ်ချစ်နေရတဲ့ သူ့ဘဝကလည်း မလွယ်ပါ။ အမြဲတမ်းအိမ်မကပ်တဲ့ သူ့ကို အခုတလော အိမ်မှာချည်း နေလို့အဖွားကတောင် ချီးကျူးနေပြီး ငါ့မြေး တယ်လိမ္မာပါလားတဲ့။အဖြစ်မှန်ကိုပြောပြီး တောင်းရမ်းခိုင်းရမလို ဖြစ်နေပြီး သူ့အဖြစ်ကကြာရင် အချစ်ရူးတော့မည်။ သူငယ်ချင်းတွေ့ကတော့ မင်းနာမည်
နေ့ရက်ချိန်းကနေ ''နေ့တိုင်းချောင်း'လို့ပြောင်းလိုက်တဲ့။ မိုးလင်းမိုးချုပ် သူမရဲ့လှုပ်ရှားပုံလေးတွေကို ချောင်းရတာ အလုပ်တစ်ခုဖြစ်နေရသည်။မှန်ထဲမှာပေါ်နေတဲ့ ကိုယ့်ပုံရိပ်ကို ကြည့်ရင်း ချိန်းက အတွေးနဲ့အတူ ပြုံးလိုက်သည်။

    ''ဖွားအတွက် သမီး ဆေးသွားဝယ်မလို့၊
    ခဏဘဲကြာမှာ...ဖြစ်ပါ့မလား...''

ပန်းက အဖွားရဲ့ သောက်နေကြ ဆေးတွေကို
သေချာစရင်းလုပ်ကာ ပြောသည်။ အိမ်မှာ
အန်တီဖူးတို့လင်မယားက ခရီးထွက်သွားတော့ သူမနဲ့အဖွားရယ်၊ ကိုကြီးရယ်အလုပ်သမားအချို့ရယ်သာရှိသည်။အခုတလော ကိုကြီးဘက်က ခြေညိမ်နေပြီး သူမကို ဘာမှထပ်မနှောင့်ယှက်တော့လို့သာ တော်သေးသည်။ ဘာပဲဖြစ်ဖြစ်
အန်တီဖူးတို့ လာရင်တော့ အိမ်ပြန်တော့မည်ဟုတွေးထားလိုက်သည်။ကြာရင် ကိုကြီးနဲ့ သူမလည်း ဘာဖြစ်မလဲမသိ။

   ''အဖွားလည်း ခဏနေ တရေးတမောအိပ်မှာ ၊ အိမ်မှာ မသူတို့ရှိနေတာဘဲ..သမီးအေးအေးဆေးဆေးသွား ရတယ်...''

  ''ဟုတ်ကဲ့..အဲ့ဒါဆို သမီးသွားမယ်နော်..''

ဒေါ်မြလေးချစ်က ပြုံးပြီးခေါင်းညိမ့်ပြသည်။
ထိုစဥ် ကားသော့တချွင်ချွင်နဲ့ အပေါ်ထပ်က ဆင်းလာသော မြေးကို မြင်သွားပြီး လှမ်းခေါ်လိုက်သည်။

   ''မြေးရေ..အပြင်သွားမလို့လား...''

   ''ဗျာ...ဟုတ်တယ် အဖွား..''

စလင်းဘက်အိတ်လေးအနားချကာ
ဘာတွေရေးခြစ်နေမှန်းမသိတဲ့ သူမလေးကို
ချိန်းက တစ်ချက်ငေးပြီး အဖွားနား လျှောက်လာသည်။

  ''ပန်းလေးကို ကားနဲ့ လမ်းကြုံခေါ်သွားပါလား၊ဆေးဝယ်စရာရှိလို့လေ..''

အချစ်ရဲ့ နိဒါန်း(Completed)Donde viven las historias. Descúbrelo ahora