အခန်း၄၆

14.7K 243 0
                                    

(unicode)

၂လခန့်ကြာသော်......။

''ချာတိတ်...သမီး အိပ်နေတာလား...''

သူ အလုပ်က ပြန်လာပြီး အခန်းထဲရောက်တာနဲ့ မေးလိုက်သည်။ ပန်းတို့သားအမိက ခုတင်ပေါ်တွင် နို့တိုက်နေကြတာဖြစ်သည်။

''အိပ်လိမ့်မယ်..ကိုကြီးသမီးက ၊ မျက်လုံးကို
  ပြူးနေတာဘဲ...''

ချိန်း အပြင်က လာတာမို့ အနားမသွားသေးဘဲခြေလက်သန့်စင်ကာ အင်္ကျီလဲဖို့ပြင်လိုက်သည်။

အင်္ကျီဝတ်စားလဲနေရင်း ချာတိတ်ရဲ့ရင်ခွင်ထဲမှာခြေထောက်လေး ယက်ကန်ယက်ကန်လုပ်နေတဲ့ပေါက်စလေးကို လှမ်းကြည့်ရင်း ပြုံးလိုက်သည်။သူတို့ရဲ့သမီးလေးက မျက်လုံးဝိုင်းဝိုင်း၊ အသားလေးကလည်းဖြူဖွေးနေကာ ဝဝကစ်ကစ် ပါးဆုံ
ဖောင်းဖောင်းလေးမို့ အတော်ချစ်စရာကောင်းသည်။

  ''ကဲ...ဖေဖေလာပြီကွာ...''

သေးသေးလေးနဲ့ အသံကြားတယ်ဆို နို့စို့ရင်း
မျက်လုံးလေးက လိုက်ကြည့်နေသည်။
ချိန်းက ပြုံးလိုက်ပြီး သမီးလေးရဲ့ပါးဖောင်းဖောင်းလေးကို ငုံ့နမ်းလိုက်သည်။

''စို့လိုက်တာကွာ...ဖေဖေ့အတွက်လည်း ချန်ပါ
    အုံး...အဟွန်း...''
   
''ကိုကြီးနော်...သမီးရှေ့မှာ စကားဆင်ခြင်''

  ''သမီးကအခုချိန်မှာနားမလည်သေးပါဘူး..
    မိန်းမရဲ့...''

သူက သမီးရဲ့ တင်ပါးလေးကို ဖွဖွပုတ်ပေးပြီး ရှက်အားပိုနေတဲ့ မိန်းမလေးကို လှမ်းနမ်းလိုက်သည်။

''ဟာ....နို့တိုက်နေတာကို မနှောင့်ယှက်
နဲ့...တော်ကြာ စိတ်ကောက်သွားလို့..ကိုကြီး
ဘဲ နားညည်းမှာနော်''

ချိန်းက စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ပုံနဲ့ ပက်လက်ကြီးလှန်ကာ။

''မရဘူး...ကိုယ်လည်း ကောက်ချင်နေပြီ၊
   မင်း အရမ်းရက်စက်ထားလို့...''
    
''ဘာလဲ...ပန်းက ဘာရက်စက်လို့လဲ...''
   
နို့ဝသွားတဲ့ သမီးလေးကို ခဏချထားပြီး ပန်းကထ ထိုင်လိုက်သည်။ ပြီးမှ သတိရသွားကာ အင်္ကျီလေးကို ကမန်းကတန်းဆွဲချရသည်။

သူ့ရှေ့တွင် အင်္ကျီလေးဆွဲချပြီး အရှက်သည်းနေတဲ့ဇနီးလေးကို ကြည့်ပြီး  ပြုံးလိုက်သည်။ သမီးလေးမွေးပြီးမှ ပိုပြီးတင်းရင်းလာတဲ့ ချာတိတ်ရဲ့ခန္ဓာကိုယ်လေးက သူ့ရင်ကိုအခုန်မြန်စေသည်။ အခုချိန်ထိ အတူပေးမနေတဲ့ သူမလေးကြောင့် ချိန်းမှာ မြင်သာမြင်ရပြီး မကြင်ရတဲ့ဘဝ။   

အချစ်ရဲ့ နိဒါန်း(Completed)Donde viven las historias. Descúbrelo ahora