(unicode)
အခန်း၂၆🙈
ကိုကြီးနဲ့အတူ ကားပေါ်က ဆင်းလာတယ်ဆို
အိမ်ရှေ့မှာ ပန်းပင်တွေရေလောင်းနေကြတဲ့ မသူတို့အဖွဲ့က ဦးစွာ လှမ်းအော်ကြသည်။''ဟယ်...လှလိုက်တာ...ဘယ်သူလေးလည်း
မှတ်တယ်...ကြည့်ပါအုံး...ချစ်စရာကောင်းလိုက်တာ''''ဟုတ်ပ...မမပန်းလေးက ချစ်စရာလေး...''
မသူတို့နဲ့မိတုတ်တို့အဖွဲ့ကပါ သဘောကျစွာပြောနေတော့ ပန်းကရှက်ပြုံးလေးနဲ့ ရယ်သည်။
''အဟင်း...ဟင်း...ကျေးဇူးပါနော်..''
ကိုကြီးနဲ့အတူ လမ်းလျှောက်လာရင်း ခဏရပ်ပြီး ပြောပြီးတာနဲ့ လက်ကလေးနဲ့ဘဲ အမူယာပြရင်း ထပ်ပြီးနှုတ်ဆက်ပြီးတာနဲ့ အိမ်ထဲဝင်လာတော့သည်။
ပန်းပင်တွေရေလောင်းနေတဲ့ မိပုက သဘောကျစွာရယ်ပြီး မသူအနားတိုးကပ်ကာ။
''အစ်ကိုလေးနဲ့ မမပန်းက အရမ်းလိုက်တာနော်၊ ခစ်ခစ်...သူ့မိန်းမကြ ချစ်တာတုန်နေတာဘဲ...''
မသူက ပြုံးရင်း အိမ်ဘက်လှမ်းကြည့်ကာ။
''ချစ်တာမပြောနဲ့လေ...ပန်းလေးက နုဖက်ပြီး
အပြစ်ဆိုစရာတစ်ကွက်မှ မရှိတာကို...''''ဟုတ်ပ...အခုဆံပင်လေးတွေပိုလှသွားသလိုဘဲအားကျလိုက်တာနော်...''
''နောက်ဆို ခလေးလေးတွေပါ ရလာရင် ပိုပြီးတော့ ပျော်ဖို့ကောင်းမှာ...''
မိတုတ်က ရေလောင်းရင်း ထောက်ခံတယ်ဆိုတဲ့အကြည့်နဲ့ တခစ်ခစ်သဘောကျနေတော့သည်။
''ဟယ်...မြေးမလေး..''
အဖွားက အနားကပ်ထိုင်တယ်ဆို ပန်းရဲ့လက်မောင်းလေးကို ကိုင်ရင်း တအံတသြ ကြည့်သည်။ပန်းမှာ ဆံပင်ပုံလေးတစ်ခါချိန်းပါတယ်၊အကုန်လုံးက တအံတသြနဲ့ဆိုတော့လူက ရှက်လာရသည်။
''အဖွားမြေးလေ...မော်ဒယ်လုပ်မလို့တဲ့''
ကိုကြီးက ရယ်လျက်နောက်သည်။ ပန်းက အဖွားရဲ့ မျက်နှာလေးကို စိုက်ကြည့်ရင်း ပြုံးသည်။
''အမလေး..ပေါက်ပေါက်ရှာရှာကွယ်...၊
ကျုပ်မြေးကို စိတ်မချပါဘူး...ဒီလောက်လှတာကို ကြည့်ပါအုံး...အခုမှခလေးလေးနဲ့တူသွားသလိုဘဲ..''
YOU ARE READING
အချစ်ရဲ့ နိဒါန်း(Completed)
Romanceချစ်လွန်းလို့ ကားတင်ပြေးခဲ့ပြီး၊ သိမ်းပိုက်ခဲ့တယ်ဆိုပေမဲ့....သိပ်ချစ်သွားတဲ့သူတို့နှစ်ဦး။