အခန်း၃၀🖤

29.5K 371 5
                                    

(unicode)

အချိန်က ည၇နာရီ။ ညနေရုံးဆင်းကတည်းက အိမ်မပြန်ဘဲ မဆုံဖြစ်တာကြာတဲ့ သူငယ်ချင်းနှစ်ယောက် လှမ်းခေါ်ကာ ညစ်နေတဲ့ စိတ်တွေပျောက်အောင် စားသောက်ဆိုင်တစ်ခုမှာ သူဝင်ပြီး သောက်စားနေတာဖြစ်သည်။ ဆိုင်ထဲမှာက ညဘက်မို့ စင်ပေါ်မှာ အဆိုတော်မလေးတွေ သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ် ဆိုနေပေမဲ့ သူကတော့ လှည့်လည်း မကြည့်ဖြစ်သလို၊စိတ်ဝင်စားမှုလည်းမရှိဘဲ ဝီစကီတွေ တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက်သောက်နေမိတော့သည်။

ဝတ်ထားတဲ့ အညိုရောင်ဖျော့ဖျော့ ကုတ်အင်္ကျီနဲ့အပြိုင် အောက်ခံအင်္ကျီရှပ်အဖြူနဲ့ ချိန်းရဲ့ပုံရိပ်က မီးရောင်အောက်မှာ ဖြူဝင်းချော့မွေ့နေသည်။
အရက်သောက်ရင်း မျက်တောင်ဖျားတွေ စင်းကျရင်း တစ်ချက်ချက်နှုတ်ခမ်းတွေမဲ့ပြီး သူတစ်ယောက်တည်း အတွေးများနေတာကို
ဟိုနှစ်ယောက်က သတိမထားမိ။

''မင်းကို ထင်တောင်မထင်ထားဘူး..တကယ်လေးစားတယ်ကွာ...''

''ဘာကိုလဲ...မင်းဟာက အစမရှိအဆုံးမရှိ''

ချိန်းက လက်ကျန်ဘီယာကို မော့သောက်ပြီး
မျက်ခုံးများပင့်လျက် ရဲထိုက်ကို ပြန်မေးလိုက်သည်။ဟိုကောင်နဲ့ လေကန်နေပြီး အခုမှ သူ့ဘက်လှည့်လာတဲ့ ရဲထိုက်က အထင်ကြီးလေးစားနေတဲ့မျက်လုံးတွေကြည့်ပြီး သူ့ပုခုံးကိုလှမ်းပုတ်ကာ။

''သြော်...အရင်တုန်းကလို အလုပ်မရှိအကိုင်မရှိမဟုတ်တော့ဘဲ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဆိုတော့ လေးစားတယ်လို့''

''အဟွန်း...''

သူ ခပ်မဲ့မဲ့ရယ်လိုက်တာကို နှစ်ယောက်လုံးက စိုက်ကြည့်ရင်း ...။

''ရယ်တာကြီးကလည်း အသက်မပါတာကွာ....ရောက်ကတည်းက သက်ပြင်းတချချနဲ့၊မင်းဘာဖြစ်နေတာလဲ.....ချိန်း...ပြီးတော့ ဘာတွေညစ်စရာရှိလို့ ဒီလောက်ထိသောက်နေတာလဲ''

ရဲထိုက်က သူကိုင်ထားသော ဖန်ခွက်ကို မေးဆက်ပြပြီး မေးလိုက်သည်။

''အဲ့လောက်တောင် သိသာနေတာလား''

နည်းသစ်က အာလူးချောင်းကြော် ကောက်ဝါးရင်း သူ့ကို ခေါင်းညိမ့်ပြသည်။

အချစ်ရဲ့ နိဒါန်း(Completed)Donde viven las historias. Descúbrelo ahora