အခန်း၄၁

15.6K 311 3
                                    

(unicode)

အခန်း၄၁

''ဟော...သမီးလေး နိုးလာပြီ..''

''ဟင်...မေမေ ''

ဆေးခန်းလိုပုံစံမို့ မျက်လုံးဝေ့ကြည့်ရင်း ပန်းကအိပ်နေရင်းမှ လူးလဲထလိုက်သည်။မနက်ကခေါင်းမထူနိုင်အောင်အထိ မူးနေပြီး ဘာဖြစ်သွားမှန်းမသိ။

''ဖြေးဖြေး..သမီး၊ ထပ်မူးအုံးမယ်...''

''ရပြီ မေမေရဲ့၊ ဒါနဲ့ သမီး ဒီကိုဘယ်လိုရောက်နေတာလဲဟင်...''

ဒေါ်ချစ်သီရိက သမီးရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးကာ ချစ်စနိုးကြည့်ရင်း ပြုံးလိုက်သည်။

''သမီးယောကျာ်း ခေါ်လာတာပေါ့၊ အခုက
ကြီးကြီးကို ပြန်လိုက်ပို့နေလို့...ခဏနေပြန်လာ မှာထင်တယ်...''

ပန်းက ခေါင်းညိမ့်ပြလိုက်ပြီး ခုတင်အောက်ဆင်းဖို့ပြင်သည်။ ခေါင်မူးပြီးအန်တာလောက်နဲ့ ဒီနေရာအထိ ခေါ်လာတဲ့ ကိုကြီးကို စိတ်ထဲက မေတ္တာပို့လိုက်သည်။သပ်သပ် လူကြီးတွေကို စိတ်ပူစေမိသည်။

''မောင်နေ့ရက်ချိန်းကတော့ အရမ်းပျော်နေ
တာသိလား...သမီး ၊ သူ့ခမျှာ အရမ်းမျှော်
လင့်နေတာ ထင်တယ်''

''ဟင်...ဘာလို့လဲဟင် မေမေ ''

ပန်းက မေမေနဲ့အတူ ရပ်လိုက်ပြီး နားမလည်စွာပြန်မေးသည်။ ဘာတွေပျော်ပြီး၊ မျှော်လင့်နေကြတာလဲ...မေမေကလည်း ပြုံးပျော်ပြီး တစ်ခုခုကိုဝမ်းသာနေသလို။

''ဟယ်တော့...သမီး မသိဘူးလား...''

''ဘာသိရမှာလဲ မေမေရဲ့၊ ပန်း မူးပြီးထမှမထနိုင်တာ''

''အဟင်း..ဟင်း..မေမေ အဖွားဖြစ်တော့မှာလေ''

''ဘယ်လို....''

ပန်းရဲ့ မျက်ဝန်းလေးတွေ ပြူးကျယ်ဝိုင်းစက်သွားရင်း....။

''ဟုတ်တယ်...သမီးဗိုက်ထဲမှာ ကလေးလေးရှိ
   နေပြီတဲ့...''

    ''ရှင်....''

ဗိုက်ချပ်ချပ်လေးကို ငုံ့ကြည့်မိရင်း မယုံနိုင်စွာအံသြသွားရသည်။
.
.
.
.

ချိန်းမှာ  ကားသာမောင်းနေရတာ ပါးစပ်က
စေ့လို့မရပေ။တစ်လမ်းလုံး ရင်ဘက်ထဲမှာ
တငြိမ့်ငြိမ့်ဖြင့် ဘဝမှာ ပထမဆုံး ကလေးအဖေဖြစ်တဲ့ ခံစားချက်ဖြင့် အပျော်တွေက ဖုံးမရ။

အချစ်ရဲ့ နိဒါန်း(Completed)Donde viven las historias. Descúbrelo ahora