အခန်း၁၁

26.2K 591 15
                                    

(unicode)

   စိတ်ညစ်လာပြီး စိတ်ထဲ မကြည်ဘူးဆိုတာနဲ့ အမြဲတမ်း ရေချိုးတက်တဲ့ ပန်းဟာ အခုလည်း ရေချိုးပြီးမှ နေသာထိုင်သာ ရှိသွားရသည်။ မျက်နှာပေါ်က ရေစက်လေးတွေတောင်မသုတ်နိုင်တော့ဘဲ ညဝတ်ဂါဝန်လေးတစ်ထည်ဝတ်လိုက်ပြီး စိတ်မောလူမောနဲ့ ခုတင်ပေါ်မှာထိုင်လိုက်သည်။ အချိန်က ည၁၀နာရီတောင် ထိုးတော့မည်။

အခန်းထဲက ခုံပေါ်တွင် သူ စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်နေရင်း အိပ်မပျော်နိုင်။ ရေချိုးပြီးမှအနည်းငယ်ရီဝေဝေသာဖြစ်တော့ပြီးအမူးကတော့ပြေသွားရသည်။ စာပွဲခုံမှာ ချွတ်တင်ထားသော နာရီကို
တစ်ချက်ကြည့်ကာ သူ အပြင်ထွက်ဖို့ပြင်လိုက်သည်။ တစ်အိမ်လုံး တိတ်ဆိတ်နေပြီး ခရီးပန်းလာတဲ့ မေမေနဲ့ ဒယ်ဒီလည်း သူ့ကို ဒေါသထွက်ပြီး အိပ်တယ်ထင်သည်။

ညအမှောင်မှာ ချိန်းသည် မျက်လုံးတွေက ကျင့်သားရေနေကာ လှေကားထစ်တွေကတစ်ဆင့် ခြေသံခပ်ဖွဖွဖြင့် သူ အောက်ထပ်ဆင်းလိုက်သည်။ အဖွားရဲ့ အခန်းဘေးက ကပ်ရပ်အခန်းရှေ့မှာ ခြေစုံရပ်ပြီးတံခါးခေါက်မလို့ပြင်လိုက်ပေမဲ့ အသာတွန်းကြည့်လိုက်တော့ တံခါးက ပွင့်သွားသည်။အထဲမှာ ပြာလဲ့လဲ့မီးလေးထွန်းထားပြီး ခုတင်ပေါ်တွင် ဘေတစောင်းလေးလှဲကာ မျက်ဝန်းလေးတွေမှိတ်ထားတဲ့ သူမလေး။
အချိုးအစားကျလှသော နောက်ကျောလေးကိုငေးရင်း....။

    ''ချာတိတ်...အိပ်ပြီလား...''

   ''ဟင်...ကိုကြီး...''

ပန်းမှာ အိပ်ပျော်မလို့ရှိသေး အနားကပ်ခေါ်လိုက်တဲ့ ကိုကြီးကြောင့် အံသြသွားရပြီး တစ်ဆက်တည်း သူမကိုယ်မှာ ဝတ်ထားတဲ့ ညဝတ်ဂါဝန်အပါးလေးကို သတိရသွားရသွားပြီးမျက်နှာလေးက ပန်းရောင်ပြေးသွားသည်။
နီးစပ်ရာ စောင်ကြီးနဲ့ ရင်ဘက်နားအုပ်ကာ
အထိတ်တလန့် ကြည့်လိုက်သည်။ဦးဦး ထိုးလိုက်တာတောင် ၁နာရီမပြည့်သေး အခန်းထဲအထိရောက်လာတဲ့ ကိုကြီးဟာ မျက်လုံးများကချစ်ရိပ်ဝေပြီး သူမအနားတိုးလာသည်။

       ''ဟင့်အင်း...မလာနဲ့...''
      
     ''ရှုး.....မအော်နဲ့ကွာ...''

ကိုကြီးက သူ့ပါးစပ်ကို လက်ညိုးဖြင့် ရှုးခနဲလုပ်ပြကာ ရီဝေစွာကြည့်သည်။ ပန်းမှာ နှလုံးသွေးတောင်ရပ်ချင်လာရသည်။ တော်ကြာ မူးမူးနဲ့ဘာလုပ်မလဲဆိုတာ မပြောနိုင်။

အချစ်ရဲ့ နိဒါန်း(Completed)Où les histoires vivent. Découvrez maintenant