Part 5

4.3K 286 6
                                    

Unicode

စာရွက်အပိုင်းက ဖုန်းနံပတ်ကို ဂျိုးဇက်ကြည့်ကာ ပြုံးနေမိသည်။ ထိုနံပတ်အား နာမည်တစ်ခုပေးကာ ဖုန်းထဲမှာ မှတ်လိုက်၏။

"မြေခရာဝေး!"

နာမည်ကို နှုတ်မှထွက်ကာ ရေရွတ်မိသည်။ မြေခရာဝေး ဆိုတဲ့ လူသားအကြောင်းကိုတော့ သူစုံစမ်းမှာမဟုတ်။ သူစုံစမ်းပြီဆိုတာနဲ့ မွေးစားအဖေ သိသွားမှာပင်။ ကိုယ့်ဘက်က သဘောကျသွားသည့်တိုင် သူနဲ့ကိုယ်က ဘာမှမဟုတ်သေး။ ကိုယ်ဘာဖြစ်ချင်နေတာလည်း အရိပ်အမြွက်သိနေပေမယ့် ဂျိုးဇက် ထိန်းချုပ်ထားဆဲ။ ဒါကမဖြစ်သင့်ဘူး! ဖြစ်လို့မရဘူး! ဆိုတဲ့ အတွေးနဲ့။ ဖုန်းနံပတ်ပိုင်ရှင်လေးကတော့ စာအုပ်ကို ဒီရက်ပိုင်းနယ်ကိုမပို့ဖြစ်ရင်ဆက်သွယ်ပေးပါအုန်းတဲ့လေ။ ဖုန်းနံပတ်ကို သိမ်းဆည်းလိုက်ပြီး အိပ်ထဲမှ မီးခြစ်အားထုတ်ကာ စာရွက်အပိုင်းကို မီးရှို့ပစ်လိုက်သည်။ မနက်ဖြန် လက်ရည်စမ်းမယ်ဆိုတာကြောင့် အနည်းငယ် လေ့ကျင့်နေမိသည်။

"အစစအရာရာ သတိထားပါ"

ချန်ပီယံကျောင်းရဲ့ လက်ဝှေ့သင်တန်းဆရာမှ သူသွားခါနီးသတိပေးလာ၏။ ဂျိုးဇက်ခေါင်းငြိမ့်ပြကာ ဘတ်စ်ကားစီးပြီးတော့သာ သွားလိုက်သည်။ သူရောက်တာနဲ့ reception ကိုမှာထားပုံရ၏ gym အခန်းကိုလိုက်ပို့ပေးသည်။ Gym ရောက်တာနဲ တစ်ယောက်ကလာခေါ်ကာ တံခါးလို့မထင်ရတဲ့ နေရာမှတဆင့်အတွင်းဘက်အခန်းထဲသို့ ခေါ်သွားချင်းခံရ၏။ အထဲရောက်မှ ဂျုးဇက် အံ့ဩမိတာက အပြင်မှာသာ အယောင်ဆောင်ထားတဲ့ gym ဖြစ်ပြီး အတွင်းမှာက လက်ဝှေ့ကြိုးဝိုင်းတွေအပြင်၊ သေနတ်ပစ်လေ့ကျင့်လို့ရတာရောရှိသည်။ ဒီအထဲက အသံတွေသည် အပြင်ကိုဖောက်မကြားရလောက်။

"ဒီလောက်ဆို သဘောပေါက်မယ်ထင်တယ်"

အဖိုးကြီး ကိုယ်ရံတော်က ဘယ်ကနေရောက်လာလည်းမသိ စကားပြောလာမှ သူမြင်မိသည်။ ဒါတွေ အားလူံကိုထူးဆန်းစွာပဲ သူလိုက်ကြည့်နေမိသည်။

ဂျူမက် အထဲကိုရောက်လာတဲ့ ဂျိုးဇက်ကိုကြည့်ကာ မချိပြုံးပြုံလိုက်မိသည်။ အံ့ဩကာ လိုက်ကြည့်နေတဲ့ ကောင်လေးသည် ဒါတွေရှိတယ်လို့ ထင်ပုံမရ။

Captured me, want to protect [Complete]Where stories live. Discover now