Part 30

4.4K 278 10
                                    

Unicode


မြေခရာဝေးမှာ ကိုယ့်ကိုပဲကပ်နေတဲ့ သားပေါက်ကြောင့် ရှိမနေချင်တဲ့သူနဲ့အတူရှိနေရသည်။ သားပေါက်လေးက အောက်လည်းမဆင်းပဲ သူ့ပေါ်မှာပဲထိုင်ကာ ဖက်တွယ်ထားသည်။ ထိုင်ရက်နဲ့ကိုယ့်ပေါင်ကိုခွထိုင်ပြီး ရင်ဘတ်ကိုမျက်နှာအပ်ကာ သူ့ကိုယ်လုံးကို ဖက်ထားတာ လုံးဝလွှတ်မပေး။ ကိုယ့်သွေးသားဆိုတဲ့အသိရယ်၊ စတွေ့ကထဲက ကိုယ့်ကို ပါးပါးလို့ခေါ်ပြီး ရင်းနှီးနေတဲ့ သားပေါက်လေးကို ချီထားရင်း ဝေးနဲ့ပင် တစ်ဖြည်းဖြည်းနဲ့ပိုကာ ပိုကာ ချစ်လာသလိုတောင်ခံစားနေရသည်။ ကိုယ့်ကိုကပ်နေတဲ့ သားပေါက်လေးက တကယ်ချစ်စရာလေးပါ။ သူ့ကိုမြင်ပြီး မျက်ရည်ကျမိတော့ မပီကလာ ပီကလာနဲ့ သူငိုတာကိုပြောပြီး ကိုယ်နဲ့သူပါရောပြီးလိုက်ငိုသေးတာ။ ကိုယ့်ကိုကိုယ် ပါးပါးလို့ သုံးတာလည်း ထစ်ငေါ့နေခြင်းမရှိ။ ဒါပေမယ့် ဒီအခန်းထဲမှာထိုင်မနေချင်။ တစ်ဖက်မှာ တနိုင်းသူရိန်ကထိုင်ပြီး သူနဲ့သားပေါက်လေးကို ကြည့်နေတယ်မလား။ သူ့ရှေ့မှာ ရှိမနေချင်ဘူး။

တနိုင်းကတော့ ပါးပါးနဲ့သားဖြစ်သူကိုကြည့်ကာ ပြုံးနေမိသည်။ သားငိုတော့ ဝေးကမရ။ ကလေးချစ်တတ်တဲ့ဝေးက သူ့သွေးသားကို ဘယ်လိုမှ ခွဲသွားနိုင်မှာမဟုတ်။ သားကလည်း ဝေး မျက်ရည်ကျတာမြင်တာနဲ့ သူ့ပါရောငိုသေးတာ။ အခုတော့ သားက တရှုံ့ရှုံ့နဲ့ ဝေးအပေါ်မှာ ဖက်တွယ်ထားပြီး ခွာချလို့မရတော့။ ခြေထောက်ကို ချိတ်ထိုင်ထားတဲ့ ဝေးအပေါ်မှာ သားကခွကာ ဝေးရင်ဘတ်ကိုမှီပြီး ဝေးကိုမမှီမကမ်း ဖက်ထားပြီး ဝေးရဲ့အင်္ကျီစကိုလည်း ဆုပ်ထားတာ လုံးဝလွှတ်မပေး။ အိပ်ရာကလန့်နိုးလာတဲ့ဝေးက ဆံပင်တွေစည်းထားခြင်းမရှိပဲ ဖားလျားချထားလျှက်။ ဒီဆံပင်တွေနဲ့ ပါးပါးပေါ်မှာ ထပ်တူဆံပင်အရောင်နဲ့သားသားက ဖားပျံလေးကပ်နေသလို ကပ်နေသည်။

“သားပေါက်လေး အောက်ကိုသွားအုန်းမယ်လေ”

“အီး..ဟီး…တွားဝူး..အင့်!…ပါး..အင့်! ပါပါး..နဲ့ နေမာ အီး..”

သားပေါက်လေးက ပြောရင်းနဲ့တောင် ရှိုက်ငိုနေပြီ။ ဝေးမှာ ခွထိုင်ထားတဲ့သားရဲ့ တင်ပါးလေးအောက်ကို လက်သွင်းကာ မချီလိုက်ပြီး

“ပါးပါးနဲ့အတူတူ‌ အောက်ကိုသွားမယ် ဟုတ်ပြီလား၊ မငိုရဘူးနော်”

“ဟင့်! ပါး..ပါး..နဲ့ အင့်! တွားမယ်”

သားပေါက်လေးက ဗိုက်မှာခွကာကပ်ထားတဲ့အတိုင်း ဝေးမှာချီထားရသည်။ သူ့ရင်ဘတ်ကိုမှီထားတဲ့အတိုင်းလုံးဝမခွာပေ။ ခေါင်းနဲ့ရင်ဘတ်ကိုလုံးဝကပ်ထားပြီး သူ့အင်္ကျီစကိုလည်း ဆုပ်ထားတာမလွှတ်။ ဝေး သားပေါက်လေးကိုချီကာ အပြင်ထွက်လိုက်၏။ ကိုယ်နေတုန်းကလိုပဲ ပြောင်းလဲသွားတာဘာတစ်ခုမှမရှိ။ အောက်မှာ ရှိတဲ့သူ့ဓါတ်ပုံအကြီးကြီးကလည်း သူ့နေရာနဲ့သူ။

“သားပေါက်လေး ပါးပါး ခေါင်းကြီးက အဲ့လိုပဲမှီထားတော့မှာလား၊ ပါးပါးနဲ့ လျှောက်ကြည့်မယ်လေ”

သူပြောမှ သားပေါက်လေးက ခေါင်းခွာကာ ခေါင်းထောင်ကြည့်လာတော့သည်။ မျက်လုံးတွေကရဲနေပြီး နှာခေါင်းထိပ်လေးက နီကာ ချစ်ဖို့ကောင်းနေတော့၏။ နှာခေါင်းမှ နှာရည်ကြည်ကြည်တွေကလည်း ကျလာကာ အသက်ရှုလိုက်တိုင်း ပူပေါင်းဖြစ်ဖြစ်သွားသည်။

“ရွှတ်! နှပ်တွေ ထွက်ကုန်ပြီ၊ ပါးပါး ညှစ်ပေးမယ်နော်”

သားပေါက်လေးနှာခေါင်းနား လက်တိုးပြီးနှပ်ညှစ်ခိုင်းတော့ သားပေါက်လေးက အကျွမ်းတဝင် သူ့လက်ထဲကို နှပ်ညှစ်သည်။ ဝေး ပြီးမှသတိရသွားတာက အိပ်ထဲက လက်ကိုင်ပုဝါလဲ နိုက်မထား၊ တစ်ရှူးလည်းမရှိ။ အောက်ရောက်မှ တစ်ရှူးယူပြီး သုတ်မလို့လုပ်ပေမယ့် နောက်ကနေသူ့လက်ကိုလှမ်းဆွဲလိုက်တာကြောင့်လှည့်ကြည့်လိုက်သည်။ တနိုင်းသူရိန်က သူ့လက်က သားပေါက်လေး နှပ်တွေကို တစ်ရှူးနဲ့သုတ်ပေးနေတာ။ ဝေး ဘာမှမပြောပဲထားလိုက်သည်။ ပြီးမှ သားပေါက်လေးကို ချီကာ အပြင်သွားကြည့်ဖို့လုပ်လိုက်သည်။ မေမေ့ သဇင်တွေရှိသေးလား။ ဝေဟင် သားပေါက်လေးကို ခေါ်သွားတုန်းကတော့ ပြောသံကြားလိုက်တယ်မလား။ သားပေါက်လေးက သူ့လည်ပင်းကိုဖက်ကာ တရှုံ့ရှုံ့အသံမပျောက်သေးပဲ လိုက်သည်။ အိမ်ထဲမှာတော့ ဘာမှအပြောင်းအလဲ မရှိပဲ အားလုံးက သူ့နေရာနဲ့သူရှိသည်။ ဒီအိမ်နဲ့ခွဲခွာခဲ့တာ ၃ နှစ်ဝန်းကျင်ကြာပြီဖြစ်ပေမယ့် မွေးကထဲကနေလာတဲ့အိမ်ဖြစ်တာကြောင့် ဘယ်နေရာမှာ ဘာရှိလည်း အလွှတ်ရနေသလို အားလုံးကိုလည်းမှတ်မိနေတာ။

အပြင်ထွက်သွားတဲ့အခါမှာတော့ သဇင်ရုံကိုအပြင်ကမြင်နေရပြီး ပန်းနံ့ရနေတာကြောင့် ဝေး ရင်ခုန်လာရသည်။ သဇင်တွေက ရှိဆဲလား။

“တဂျင် တဂျင်၊ ပါးပါး မွှေးမွှေး”

သားပေါက်လေးက ပန်းရုံဘက်ကို လက်ညှိုးထိုးကာ ပြောနေပြီး သူ့လည်ပင်းကိုလည်းဖက်ကာ မွှေးမွှေး မွှေးမွှေးနဲ့ပြောနေ၏။

“ဝေးကိုယ်က သဇင်ပန်းနံ့ မွှေးတာကို သားကပြောပြနေတာ”

နောက်ကနေ တနိုင်းသူရိန် လိုက်လာတာကိုတောင် မသိလိုက်။ ဘာဖြစ်လို့ တကောက်ကောက်လိုက်နေတာလဲမသိ။

“သားပေါက်လေးက ပါးပါးနဲ့လိုက်နေမလား ဟိုဘက်အိမ်ကိုလေ”

သားပေါက်လေးက သူ့ကိုပြူးကြည့်နေသည်။ သူဒီမှာ တနိုင်းသူရိန်နဲ့တော့ အတူနေဖို့မဖြစ်နိုင်ဘူးမလား။ ဖေဖေ့စံအိမ်မှာ လုပ်စရာရှိတာ လုပ်ရအုန်းမယ်။ ကပ်လွန်းအားကြီးတဲ့ သားပေါက်လေးကြောင့် သူ ဟိုဘက်အိမ်ကို သားပေါက်လေးကို ခေါ်သွားဖို့ စဉ်းစားလိုက်တာ။

“ပါးပါးက ဟိုးဘက်မှာအိမ်ရှိတယ်လေ၊ အဲ့ကိုသွားမှဖြစ်မှာ၊ သားပေါက်လေးက ပါးပါးနဲ့လိုက်နေမလား”

“ရိုက်မယ် ပါးပါးနဲ့ရိုက်နေမယ်”

သားပေါက်လေးကို မေးနေရင်းပင် သဇင်ရုံတွေထဲရောက်လာသည်။ သူရှိတုန်းကအတိုင်း သဇင်တွေကလည်း မပြောင်းမလဲ။

တနိုင်းသူရိန်ကတော့ သားကိုခေါ်သွားပြီး တစ်ဖက်အိမ်ကိုသွားနေဖို့လုပ်နေတဲ့ ဝေးနဲ့ စကားပြောမှဖြစ်တော့မယ်။ အချက်အလက်အားလုံး ဖျောက်ခဲ့ရုံနဲ့ဝေးက လုံခြုံနေပြီထင်နေတာလား။ ဝေးနဲ့သားကို သူ့မျက်လုံးရှေ့မှာပဲထားဖို့ စဉ်းစားထားပြီးသား။ ဝေးက သားကိုချီရင်း သဇင်တွေကို တို့ထိပြီးနမ်းရှုံ့သည်။

“ပါးပါးမွှေး”

သားက ပန်းကိုထိကိုင်ရင်း သူ့ပါးပါးကို မွှေးတယ်လို ပြောနေတာ။

“ကို ပန်းတွေကို နေ့တိုင်းပြုစုခိုင်းထားတာ”

“တနိုင်းသူရိန်”

ဝေး မျက်နှာချင်းဆိုင်လှည့်ကာ ခေါ်လိုက်သည်။

“ပါးပါး ဒယ်ဒယ် ချစ်ချစ်”

သားပေါက်လေးက သူ့ကိုလက်ညှိုးထိုးလိုက် တနိုင်းကိုလက်ညှိုးထိုးလိုက်နဲ့ ချစ်ချစ်ဆိုပြီးပြောနေတာ။ တနိုင်းကတော့ သားပြောလိုက်လို့ မျက်နှာရဲသွားတဲ့ ဝေးကိုကြည့်ကာ ပြုံးလိုက်မိသည်။ သူ့ကိုခေါ်လိုက်တဲ့အသံက လုံးဝ တင်းနေတာမဟုတ်လား။ သားပြောလိုက်မှ မျက်နှာတွေရဲတက်သွားတာ။

“အဟမ်း မင်းနဲ့ငါ သပ်သပ်စကားပြောကြမယ်၊ သားပေါက်လေးနဲ့ငါ ရှိနေချိန် အနောက်ကနေ တကောက်ကောက်လိုက်မနေနဲ့”

“ဝေး ညောင်းနေမှာဆိုးလို့၊ သား ပါးပါးညောင်းနေပြီ ဒယ်ဒီ့ဆီလာမလား”

သားက သူ့ခေါ်တာကိုမလာပဲ ဝေး ဘက်ကိုလှည့်ကြည့်သေးတာ။

“ပါပါး မညောင်းဘူးနော်”

“ညောင်းဝူးတဲ့ ဒယ်ဒီ”

သားက သူ့ပါးပါးဆီမှာပဲနေချင်နေတာ။

“ဟားဟား! တနိုင်းမြေတို့ လူလည်လုပ်ပြီ သားက ပါပါးနဲ့နေချင်ပေမယ့် ပါးပါးက ညောင်းနေတာကို မညောင်းဘူးပြောနေမှာပေါ့”

“ဒယ်ဒီ ချီ”

သားပေါက်လေးက တကယ်ကိုအလိုက်သိတဲ့ကလေး။ သူညောင်းနေတာမှာဆိုးလို့ တနိုင်းသူရိန်ဆီ သွားမယ်လုပ်နေတာ။

“သားပေါက်လေး ပါးပါးအိမ်ကိုလိုက်မယ်ဆိုရင် ပါပါးနဲ့သွားမယ်နော်”

သူ့ကိုလျစ်လျူရှု့ပြီး သားကိုချီကာ ထွက်သွားတဲ့ဝေးနောက်ကို တနိုင်းထပ်ကြပ်မခွာလိုက်ရသည်။ လမ်းလျှောက်သွားတိုင်းမှာ စည်းမထားတဲ့ ဆံပင်တွေက တလွင့်လွင့်။ သားတစ်ဖက်နဲ့သူ့အဝတ်အိတ်ကိုသွားဆွဲတာ။

“ဝေး သွားလို့မရဘူးနော်”

တနိုင်း ဝေး ရှေ့ကိုပိတ်တားလိုက်ပြီး မျက်လုံးချင်ဆုံအောင်ကြည့်ကာပြောလိုက်သည်။ ဝေးက စိတ်မရှည်သလို အပြုအမူလုပ်ကာ

“ဒါက ငါ့ကိစ္စ မင်းတားလို့မရဘူး”

“ကို အကောင်းပြောနေတာ၊ ဝေး သွားလို့မရဘူး၊ အရမ်းသွားချင်နေရင် တစ်ခုပဲရှိတယ် ကိုပါလိုက်မှရမယ်”

“တနိုင်းသူရိန် မင်းကိုယ်မင်း ဘာထင်နေလဲ”

“ဘာထင်လဲ မထင်လဲက အရေးမကြီးဘူး ဝေး၊ ကိုက ဝေးရဲ့သက်ဆိုင်သူ..

“ဘာတွေများ ပတ်သက်နေလို့ ငါ့သက်ဆိုင်သူဖြစ်နေရတာလဲ မင်းပြောရဲတယ်နော်”

သူစကားမပြီးသေခင် ဝေး ကဖြတ်ပြောသည်။ တနိုင်း ဝေးကိုစိုက်ကြည့်လိုက်ပြီး သားဘက်ကိုမေးထိုးပြကာ

“ပတ်သက်နေမှုက ဝေးလက်ထဲက သားတစ်ယောက်လုံးရှိတယ်”

သားပေါက်လေးကို ခုတုံးလုပ်နေတာ ဒီကောင်။

“ကလေးကို ခုတုံးမလုပ်နဲ့ ကလေးကြောင့်ဆိုရင် မင်းနဲ့ငါနဲ့ စကားထပ်ပြောမယ်”

ဝေး စိတ်တိုပြီး ရှေ့ကနေထွက်ခဲ့လိုက်သည်။ တကယ်ပါ တနိုင်းသူရိန်နဲ့စကားဆက်ပြောရင် သူပဲ ဒေါသထွက်ရမယ်။

“အမေ့!”

ဝေး နှုတ်မှထွက်သွားကာ သားပေါက်လေးကို ပြုတ်မကျအောင်ဖက်ထားလိုက်သည်။

“မင်း ဘာလုပ်တာလဲ တနိုင်းသူရိန် ပြန်ချပေး”

တနိုင်းသူရိန်က သားပေါက်လေးကိုချီထားတဲ့သူ့ကို ကောက်ချီလိုက်တာ။

“ခစ်ခစ် ဒယ်ဒီ ဒယ်ဒီ..”

သားက ဝေးကို သူချီလိုက်တော့ ပိုမြင့်သွားကာ သဘောကျပြီး လက်ခုတ်ထတီးကာ ပျော်နေတော့သည်။ ဝေးကသူ့အပေါ်ကနေ ရုန်းလည်းရုန်းချင် သားရှိနေတာကြောင့် ရုန်းလည်းရုန်းလို့မရဖြစ်နေတာ။ တနိုင်း ပါးပါးနဲ့သားသားကိုချီကာ အပေါ်တက်ခဲ့လိုက်သည်။ အခန်းထဲရောက်မှချပေးလိုက်၏။

“အထဲကနေ အပြင်ထွက်ဖို့ မကြိုးစားနဲ့”

“တောက်! တနိုင်းသူရိန်!”

“ဟင့်! ဒယ်ဒီ..”

ဝေး ဆီက တောက်ခေါက်သံရော လေသံမာမာပါကြားလိုက်ရတဲ့ သားက မဲ့ကျသွားကာ သူ့ပါးပါးကိုကြောက်သွားပြီး သူ့ဆီကိုလက်လှန်းလာသည်။

“အင်းအင်း သားက လန့်သွားတာလား ပါးပါးက သားကို ဆူတာမဟုတ်ဘူးနော်၊ ဝမ်းမနဲနဲ့နော်”

တနိုင်း သားကိုဝေးဆီမှ ချီယူလိုက်ရင်း ချော့ရသည်။ သားက သူ့လည်ပင်းကိုဖက်ထားကာ ပုခုံးပေါ်မှောက်ချထားသည်။ ဝေးကိုဖျတ်ကနဲ ကြည့်လိုက်တော့ ဝေးက သားကိုကြည့်နေသည်။
တကယ်ပါ သားပေါက်လေး ကြောက်သွားမယ် မထင်ခဲ့တာ။ တနိုင်းသူရိန်ကို စိတ်တိုလွန်းလို့ အော်လိုက်တာ။ သားပေါက်လေးက ချက်ချင်း သူ့ဆီကနေ တနိုင်းသူရိန်ဆီရောက်သွားတော့သည်။ သားပေါက်လေး သူ့ကိုကြောက်သွားတာ။ ဝမ်းနည်းသွားတာ။

“ဒယ်ဒီနဲ့အောက်ကိုဆင်းမလား သား”

“ချင်းမယ်”

သားက မဆိုင်းမတွ ပြန်ဖြေသည်။ တကယ်ဝေးကို လန့်သွားတာ။ သားက သူ့ရှေ့မှာ တောက်ခေါက်တာတို့ အော်တာတို့ဆို အရမ်းဝမ်းနည်း တတ်တာ။ အဲ့ဒါကိုသိသွားတဲ့သူက သားရှေ့မှာဆို ဒေါသဘယ်လောက်ထွက်နေနေ သားလန့်စေမယ့် အပြုအမူတွေကို ရှောင်သည်။

“ဝေး တစ်ခြံလုံးလျှောက်သွားလို့ရတယ်၊ အပြင်သွားလို့တော့မရဘူး၊ ကို အားလုံးကိုပြောထားပြီးသား ဝေးထွက်ဖို့ကြိုးစားတာနဲ့ သူတို့ဖမ်းထားမှာပဲ”

ကလေးကို စိတ်မကောင်းဖြစ်ရတဲ့ကြားက တနိုင်းသူရိန်ကြောင့် ပိုစိတ်ရှုပ်ရသည်။ တနိုင်းသူရိန်က သားကိုခေါ်ပြီး အောက်ဆင်းသွားတော့သည်။ သားက သူ့ပုခုံးပေါ်မှာ ပါးအပ်ပြီး သူ့လည့်ပင်းကိုဖက်ထားတာ။ သူ့ကိုကျောခိုင်းသွားတော့ သားကိုဝေးကြည့်လိုက်သေးသည်။ သားက သူ့ကို မျက်လုံးလေး လှန်ကြည့်လာပြီး မျက်လွှာပြန်ချသွားကာ တနိုင်းသူရိန်ကို ဖက်ထားတဲ့ လက်တစ်ဖက်က လက်မလေးနဲ့လက်ညှိုးလေးက အချင်းချင်းကုတ်နေသည်။ သားပေါက်လေးက တကယ်လန့်သွားတာ။ အခန်းတံခါးပိတ်မှ ဝေး ထိုင်ချမိလိုက်သည်။ တနိုင်းသူရိန်နဲ့သူက ဘယ်လိုရေစက်လဲ။ ဖေဖေ့အမွေဆိုတာကိုလဲ လက်လွှတ်ပြီး လုပ်ချင်ရာလုပ်ဆိုပြီး ထားလိုက်ရမှာ။ ပြန်မလာပဲနေလိုက်ရမှာ။ ပြန်ရောက်လို့ ဒီမြေကိုနင်းတာနဲ့ သူနဲ့မှာ တည့်တည့်တိုးရသည်။ ဝေး အဝတ်အိတ်ထဲက laptop ကိုထုတ်ယူပြီး ရှေ့နေပို့ထားတဲ့ မေးလ်ကိုပြန်ကြည့်ကာ ဆက်သွယ်လိုက်သည်။ သူ မြန်မာပြည်ကို ပြန်ရောက်နေပြီ ဆိုတဲ့အကြောင်း၊ တစ်ရက်လောက် တွေ့ဖို့ပါချိန်းဆိုလိုက်သည်။ သိပ်မကြာဘူး အကြောင်းပြန်လာတာက သူဆက်သွယ်တာကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ အကြောင်း၊ သူ့ဘက်က အဆင်ပြေရင် ဝေးဗီလာမှာ တွေ့လို့ရမလား ဆိုတဲ့အကြောင်း။ ဝေးဗီလာမှာ ဘာကိစ္စတွေ့ရမှာလဲ။ တနိုင်း ဖေဖေထားခဲ့တဲ့ စံအိမ်မှာပဲ တွေ့ဖို့ပြောလိုက်သည်။ ဒါကို တစ်ဖက်က ရှေ့နေက လက်ခံလာကာ မနက်တွေ့ရန်ပြောလာသည်။ ဒါကတော့ ဘာဖြစ်ဖြစ်သွားတွေ့ရမှာ။ ဒီကိစ္စအတွက်ပဲ သူပြန်လာတာမလား။ မပြောင်းမလဲတဲ့ အခန်းထဲမှာ ဝေး လျှောက်ကြည့်လိုက်ပြီး မှန်ကတဆင့်အပြင်ကိုကြည့်လိုက်တော့ တစ်ဖက်အောက်မှာ ဂျူမက်။ ဂျူမက်က ဘယ်လိုဖြစ်လို့!

ဝေး ချက်ချင်းပြေးဆင်းသွားလိုက်သည်။ ဂျူမက်ကိုတွေ့တဲ့နေရာက သူ့အခန်းတံခါးပေါက်ကနေ ဆင်းလို့ရတယ်မလား။

“ဂျူမက်!”

ဂျူမက် အောက်က လုံခြုံရေးတွေကိုမှာနေတာ။ အိမ်နာမှာ မသင်္ကာစရာတွေ့တာနဲ့လာပြောဖို့။ ခေါ်သံကြောင့် ကြည့်လိုက်တော့မှ အစ်ကိုလေးဖြစ်နေသည်။

“အစ်ကိုလေး နိုးလာပြီလား”

“ဂျူမက် မင်းဘယ်လိုဖြစ်လို့ ဒီမှာရှိနေတာလဲ”

ဒီမှာ ရှိတဲ့အကြောင်းကိုပြောပြရင် အစ်ကိုလေး အံ့ဩသွားမယ်ထင်တယ်။ ဒါပေမယ့် အစ်ကိုလေးသိမှာလည်း ဖြစ်မယ်မလား။ အခုဏ ဂျိုးဇက် ပြောတာ အစ်ကိုလေးက အစ်ကိုလေးပေါက်စကိုတော့ လက်ခံပြီး ခွဲထွက်ဖို့ လုပ်နေတယ်တဲ့။ အစ်ကိုလေး သူတို့အနားမှာ ရှိနေမှ အဆင်ပြေမှာ။ ခွဲထွက်ပြီး အစ်ကိုလေးနဲ့အစ်ကိုလေးပေါက်စသာ အတူရှိလို့ကတော့ အန္တရာယ်ကို လက်ယက်ခေါ်နေသလို ဖြစ်နေမှာ။

“ကျွန်တော် ဒီမှာရှိရတဲ့ အကြောင်းရင်းအများကြီး ရှိတယ် အစ်ကိုလေး”

ဂျူမက်ကဘယ်လို တနိုင်းသူရိန်နဲ့ ဒီလိုအတူရှိနေရတာလဲ။ တနိုင်းသူရိန်က ဂျူမက်နဲ့ဆို ရန်ဘက်ဖြစ်နေရမှာမဟုတ်ဘူးလား။ ဂျူမက်ကို ကြည့်ရပုံက ဒီမှာ လုံခြုံရေးပိုင်းကို ယူထားသလိုပင်။

Captured me, want to protect [Complete]حيث تعيش القصص. اكتشف الآن