Part 20 ❗

5.3K 232 12
                                    

Unicode
(Warning !!)

“မပြန်ရဘူး”

“မင်း ရုံးတက်ရမှာမဟုတ်ဘူးလား”

“မတက်ဘူး မနေ့ကထဲက ဒီတစ်ပတ်ရုံးမလာဘူးလို့ ပြောထားပြီးသား”

အမှန်က အပြင်မှာ သူစုံစမ်းရမယ့်ကိစ္စရှိနေတာ။ ဒါက ဝေးဗီလာကိစ္စဖြစ်ပြီး စုံစမ်းဖို့ကို သူ့လူတစ်ယောက်လွှတ်ထားလိုက်တာဖြစ်သည်။ နာကျင်တာတွေသက်သွားသူက မနေ့က ညနေပိုင်းနိုးပြီး ဆေးထပ်လိမ်းပြီးပြန်အိပ်လိုက်တာ။ မနက်ရောက်တာနဲ့ အားလုံးကောင်းသွားတာဖြစ်ပြီး ပြန်ဖို့ပဲတာစူနေတာ။

“မနက်စာ ဘာစားမလဲ”

“မသိဘူး”

“ဝေဟင့်ကိုမှာခိုင်းလိုက်မယ် အပြင်လိုက်မလား”

အပြင်ကိုလိုက်ရမယ်။ ဝေဟင်မျိုးရှိနေတာကိုလေ။ ဘယ်လိုလိုက်မလဲ။ သူနဲ့တနိုင်းသူရိန် ဘာတွေဖြစ်ပျက်နေလဲသိနေတာကို ဘယ်လိုမျက်နှာနဲ့ မျက်နှာချင်းဆိုင်ရမှာလဲ။ ပြီးတော့ ကိုယ်လိမ်းဖို့ဆေးမှအစ သူဝယ်ပေးတာမလား။ အဲ့ဒါကို ဘယ်မျက်နှာနဲ့ အပြင်လိုက်ပြီး ဝေဟင်မျိုးနဲ့မျက်နှာချင်းဆိုင်ရမှာလဲ။

“လိုက်မှာလား အပြင်ကို”

“မလိုက်ဘူး”

“အာ့! ပြွတ်! မင်းလုပ်လိုက်ရင် အရမ်း”

“ဝေးက အရမ်းလုပ်ချင်အောင် နေနေတာကို”

“ဘာဖြစ်တယ်!”

“စူထွက်နေတဲ့ နှုတ်ခမ်းက ကိုက်စားချင်စရာလေး”

ကိုယ်ကသာဒေါသထွက်နေတာ သူကတော့ ပြည်တည်တည်ရုပ်နဲ့လာလုပ်နေသည်။ စိတ်ဆိုးနေပါတယ်ဆိုတာကို နှုတ်ခမ်းကစူမှာပေါ့။ စူတိုင်းသာ ကိုက်စားချင်တယ်ဆိုရင် အချိန်တိုင်းသာ ကိုက်ထားလိုက်တော့လို့ပြောလိုက်ချင်သည်။ ဒါပေမယ့် သူမပြောလိုက်။ ပြောလိုက်ရင် တကယ်လုပ်အုန်းမှာ။ သူထွက်သွားမှာ သက်ပြင်းချလိုက်သည်။ နေပါအုန်း တနိုင်းက တစ်ပတ်လုံးရုံးမတက်ဘူးဆိုတော့ သူ့ကိုများတစ်ပတ်လုံး ဒီမှာနေခိုင်းမလို့လား။

“အစ်ကိုရော အဆင်ပြေရဲ့လား၊ ထွက်လိုက်မလာဘူးလား”

“အင်း သူ ရှက်နေတယ်”

Captured me, want to protect [Complete]Donde viven las historias. Descúbrelo ahora