Part 11

3.7K 255 6
                                    

Unicode

ဝေဟင်မျိုးမှာ မိုးလင်းတာနဲ့ အချိန်မရှိမှဝင်သွားတဲ့ လူနှစ်ယောက်ရှိတဲ့ အခန်းကို တမျှော်မျှော်နဲ့ဖြစ်နေသည်။ ဘာဖြစ်လာမှန်းလဲ မသိရ။ မနက်စာတော့ မှာပေးထား၏။ ဒါပေမယ့် မနက် ၉ နာရီတီးတော့မယ့် အခန်းထဲက လူနှစ်ယောက်က အရိပ်အယောင်လည်း မတွေ့သလို ဘာသံမှမကြားရ။ နောက်ဆုံး စိတ်လျော့ကာ ကိုယ့်အလုပ်ကိုယ်လုပ်နေလိုက်သည်။ သူတို့ထွက်လာမှပဲ သိချင်တာတွေ မေးဖို့ဆုံးဖြတ်လိုက်၏။

အခန်းထဲက လူနှစ်ယောက်ကတော့ မနိုးကြသေး။ အလုပ်ပိတ်ရက်ဖြစ်နေတဲ့ တနိုင်းနဲ့ မနက် ၂ နာရီမှ အိပ်လိုက်မိတဲ့ ဝေးတို့ကတော့ ကောင်းကောင်းအိပ်ပျော်နေသည်။ ဘယ်လိုပဲ အလုပ်မရှိဘူးပြောပြော ၉ နာရီကျော်အထိ မအိပ်ဖူးသူ တနိုင်းက အရင်နိုးလာ၏။ ဒီအချိန်ထိ အိပ်ပျော်တာတောင် ဘေးမှာ ဝေးရှိနေလို့ဖြစ်သည်။ ရင်ခွင်ထဲကဝေးကတော့ အငြိမ်အိပ်နေသည်။ အိပ်ပျော်သွားတဲ့အတိုင်းလေးပဲ သူ့ဘက်ကိုလှည့်ကာ လှုပ်ရှားမှုမရှိ။ ဝေးက အိပ်တာလဲ ညင်သာပုံရသည်။ အိပ်နေသူကိုကြည့်ရတာလည်း သူ့အတွက် အလုပ်တစ်ခုလို ဖြစ်နေသည်။

ရှူး!!

ပေါ်နေတဲ့ပါးတစ်ခြမ်းကို ချိုင့်ဝင်သွားတဲ့အထိ နမ်းကာရှိုက်ယူပစ်လိုက်သည်။ ထိုအခါမှ ရင်ခွင်ထဲက ဖြူဖြူစွတ်စွတ်လေးက လှုပ်လာ၏။ ကိုယ့်ဘက်လှည့်နေတဲ့ ကိုယ်လေးက တစ်ဖက်ကိုလှည့်သွားကာ ထပ်အိပ်ဖို့ကြိုးစားနေသည်။ တစ်ဖက်လှည့်သွားသူကို သိမ်းကြုံးကာ ဖက်ပစ်လိုက်သည်။ သိပ်မကြာဘူး ဆက်ကနဲထထိုင်သူကြောင့် တနိုင်းသူရိန်ပါ ထထိုင်မိသွားသည်။

“ဝေး ဘာဖြစ်လို့လဲ”

ဘေးနားက စကားသံကြားမှ ပတ်ဝန်းကျင်က ဘယ်နေရာလဲဆိုတာကို သတိထားမိသည်။ သူ့အခန်းနဲ့ဆန့်ကျင့်စွာ ဖြစ်ပေါ်နေတဲ့ အခန်းကို ဘယ်နေရာလဲ တွေးနေရင်း ဘေးမှ တနိုင်းအသံကြားကာ သတိရသွားသည်။

သူ့ဘက်ကိုလှည့်ကြည့်လာသူသည် ဆွဲခါရမ်းပစ်ချင်စရာကောင်းသည်။ အိပ်ရာနိုးစ မျက်နှာနုနုနဲ့ ဆံပင်တွေက ရှုပ်နေခြင်းမရှိပဲ ကပိုကရိုနှင့် အရမ်းလှသည်။ ရုတ်တရက်ထလိုက်တာကြောင့် ခြုံထားတဲ့စောင့်က ခါးအထိလျောကျနေပြီး မွေ့ယာကိုလက်ထောက်ထားကာ ဆံပင်တစ်ချို့က ရှေ့ကိုကျနေပြီး သူ့ဘက်ပြန်လှည့်ကြည့်နေတာဖြစ်သည်။

Captured me, want to protect [Complete]Onde histórias criam vida. Descubra agora