Unicode
ကျေးဇူးတင်လွှာ
“Captured me, want to protect” က ပြီးသွားပါပြီရှင်။ On going ကနေ အားပေးလာကြတဲ့ စာဖတ်သူလေးတွေကို ကျေးဇူးတင်ပါတယ်ရှင်။ ပထမတော့ Extra မရေးပဲ အဆုံးသတ်လိုက်မလို့ပေါ့နော်။ ဒါပေမယ့် တနိုင်းသူရိန်က ဝေးနဲ့မတွေ့ခင်က အမှားတွေကိုဆင်ခြင်ပြီး သူ့ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းခဲ့တော့ တနိုင်းသူရိန် ပျော်ရွှင်ဖို့ ထိုက်တန်တယ်၊ ဝေး ကိုယ်တိုင်လည်း ဒီနွေးထွေးတဲ့ မေတ္တာလေးတွေနဲ့ သက်ဆုံးတိုင် ရှိနေသင့်တယ်၊ သားလေး လည်း ဒယ်ဒီနဲ့ပါးပါးနဲ့ပျော်ရွှင်သင့်တယ်လို့ တွေးမိတာကြောင့် Extra ထပ်တိုးပေးလိုက်တာပါရှင်။
၁၁ ပုဒ်မြောက်ရေးတဲ့ ဒဏ်ရာများနဲ့နှလုံးသားထဲက ဈေးဗမ်းမခင်းဖြစ်တာအခု ၁၆ ပုဒ်မြောက်အထိပါပဲ။
၂၀၂၂ ခုနှစ် ၁ လပိုင်းမှာ “ရိုး” ကိုစရေးပြီး တစ်ပုဒ်ပြီးတစ်ပုဒ်ဆက်နေတာ အခုဆို ၂၀၂၃ ခုနှစ်အထိတောင်ရောက်နေပြီနော်။ “ရိုး” စာအုပ်လေးအတွက်ကို ဒီမနက်မှာ ဖုန်းဆက်ကြည့်တော့ ဒီလထဲမှာ အပြီး စာဖတ်သူတွေလက်ထဲကိုရောက်အောင် ပို့ပေးမယ် ပြောပါတယ်။ ပေ့ချ်မှာတော့ order တင်တဲ့လူစာရင်းကိုမတင်ပဲ ထုတ်တဲ့အုပ်ရေ အားလုံးပြည့်မှ ဖုန်းခေါ်ပြီး confirm လုပ်မယ်ပြောပါတယ်ရှင်။ ဒီလအတွင်းမှာ အားလုံးကိုအပြီး ပို့ပေးဖြစ်လားမေးလိုက်တော့ ဒီလထဲမှာ ပြီးပြတ်တယ် ပြောပါတယ်ရှင်။
“ရိုး” မှစလို့ တစ်ဆက်ထဲ ဆက်နွယ်နေတဲ့ “ကိုယ်ပိုင်တဲ့နေရာ”, “all of my soul to baby”, “Lockdown again” အထိ ထုတ်ဖို့လုပ်ထားပေမယ့် “ရိုး” ပြီးတာနဲ့ ဘာကိုမှ မထုတ်တော့ဘူး စဉ်းစားထားပါတယ်။
Fiction ရေးတာက ဆု ရဲ့ စိတ်ပျော်ရာလိုဖြစ်နေတာမို့ အလုပ်တစ်ဖက်နဲ့တောင် နေ့စဉ် မပျက်မကွက်ရေးပေးနေတာပေါ့နော်။ အလုပ်ပူပြီး လုံးဝ မလှည့်နိုင်မှ၊ ကျောတွေအောင့်မှ မရေးနိုင်တဲ့အထိ ဖြစ်တာပေါ့နော်။ ဒါကို မပျက်မကွက် on going လိုက်ပြီး မငြီးမငြူလိုက်ဖတ်ပေးတဲ့ စာဖတ်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ တစ်ခါတစ်လေ အရေးအသား မသေမသပ်တာတွေပါပြီး ဒါကိုလည်း မငြီးမငြူလိုက်ဖတ်ပေးကြတာ တကယ်ကို ကျေးဇူးတင်ပါတယ်ရှင်။
အားလုံးကိုချစ်တဲ့
Hsu>>>>>>>>>>>>>>
Zawgyi
ကျေးဇူးတင်လွှာ
အားလုံးကိုချစ်တဲ့
Hsu
ESTÁS LEYENDO
Captured me, want to protect [Complete]