Unicode
“သားကိုကြည့်ရတာ တစ်ခုခုပြောင်းလဲသွားသလိုပဲ”
ဖေဖေရောက်နေပြီး သူ့ကိုကြည့်ကာ ဝေဖန်နေတာဖြစ်သည်။ ပြောင်းလဲသွားမှာပေါ့ တနိုင်းကြောင့် သူ့အသားတွေက မာနေပြီး အမောခံနိုင်သလို အရင်လိုပျော့မနေတော့။
“ကျွန်တော် လေ့ကျင့်ခန်း နည်းနည်းလုပ်နေလို့ ဖေဖေ”
“အော်၊ သားကောင်လေးနဲ့ရော အဆင်ပြေလား”
“ဟုတ် ပြေပါတယ် ဖေဖေ”
“တွေ့ရော တွေ့ဖြစ်ကြရဲ့လား”
“တွေ့ဖြစ်ပါတယ်၊ ပိတ်ရက် ၂ ရက်လုံးတွေ့ဖြစ်တယ်၊ ကျန်တဲ့ရက်တော့ မတွေ့ဖြစ်ဘူး၊ သူ့မှာအလုပ်ရှိသေးတော့ မအားလို့”
“အင်း”
“ဖေဖေ သူနဲ့တွေ့ချင်လားဟင်”
“ဖေဖေ အဆင်သင့်မဖြစ်သေးဘူးသား”
သားကို ဒီလိုပြောလိုက်ပေမယ့် တကယ်တမ်းသူတွေ့မှာမဟုတ်။ သားရဲ့ဖေဖေလို့ ဘယ်သူ့ကိုမှမသိစေချင်။ နံရံတိုင်းမှာနားတွေရှိသလို သားနဲ့တွေ့ဖို့ကိုတောင် အားလုံးသတိမထားမိတဲ့ အခြေအနေကိုဖန်တီးပြီး လာတွေ့တာမလား။ သားကို ဦးမှိုင်းမြေရဲ့သားလို့ ဘယ်သူ့ကိုမှ မသိစေချင်။ ချစ်တတ်နေပြီဖြစ်တဲ့သားက အရင်လိုအေးစက်စက်မဟုတ်တော့။ လုံခြုံရေးတွေတောင် သောကြာလို ညဘက်တို့၊ စနေလို မနက်တို့မှာ သားကအပြင်ထွက်တတ်ပြီး ညအိပ်တတ်တယ်လို ပြန်ပြောလာတယ်မလား။ သားအန္တရာယ်ကင်းရဲ့လား လိုက်ကြည့်စေချင်ပေမယ့် ဒါကိုက တစ်ဖက်က ရိပ်မိသွားနိုင်သည်။ ပြီးတော့ သားကိုယ်တိုင်အဆိုးအကောင်းဝေဖန် ပိုင်းခြားနိုင်တယ်လို့ သူထင်တာကြောင့် သားစိတ်ကြိုက် သွားလာတာပဲ ပိုအဆင်ပြေသည်။
“ဖေဖေ တွေ့ချင်ပြောနော် ဖေဖေ”
ဖေဖေ့ကိုသာတွေ့ချင်လား မေးလိုက်တာ တနိုင်းကရောတွေ့ချင်ရဲ့လား မသေချာ။ သူ့မှာ ဖေဖေရှိတာသိပေမယ့် တနိုင်းကိုယ်တိုင် ဖေဖေက ဘာအလုပ်လုပ်လဲ၊ ဖေဖေနဲ့ မိတ်ဆက်မပေးဘူးလား ဆိုပြီး တစ်ခါမှ မမေးဖူးဘူး။ သူတို့ ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးက နှစ်ယောက်တွေ့တဲ့အချိန် ချစ်ကြမယ် ဆိုတာပဲရှိသည်။ သူကိုယ်တိုင်လည်း တနိုင်း ဘာအလုပ်လုပ်လဲ မမေးဖူးဘူး။
VOCÊ ESTÁ LENDO
Captured me, want to protect [Complete]