Part 23

3.5K 241 8
                                    

Unicode
(ကလေးတို့ရေ ဆုက အလုပ်တစ်ဖက်နဲ့ဆိုတော့ နေ့တိုင်းတော့အရမ်းမမျှော်ကြနဲ့နော်၊ ပြီးရင်တော့ အပ်ပေးပါတယ်ရှင်)

“ဘယ်လိုတွေဖြစ်လာတာလဲ”

“သူအားလုံးတွေ့သွားတယ်”

ဝေဟင် ကုတင်ပေါ်တွင်မေ့နေပြီး ပေနေတဲ့သွေးတွေကို ရေစိုသဘတ်နဲ့သုတ်ပေးနေတဲ့ သူရိန်ကိုကြည့်လိုက်သည်။ သူရိန် က ပုံမှန်ထက် ပိုပြီးတိတ်ဆိတ်နေပြီး မွမ်းကြပ်နေတာ သူရိန့်မျက်နှာမှာအထင်းသား။ ရောက်လာထဲက အစ်ကိုမြေခရာဝေးနားက မခွာပဲ အရိပ်တကြည့်ကြည့် ကြည့်နေပြီး ပေနေတာတွေကို သုတ်ပေးနေတာ။

“သူ့ကိုသေချာရှင်းပြရမှာပေါ့”

“အင်း”

တနိုင်းမေ့နေသေးသူနိုးလာရင် ဘာတွေပြောမလဲ၊ ဘာတွေလုပ်မလဲ မသိနိုင်ပဲဖြစ်နေသည်။ သူ့ကိုယ်သူတောင် သေနတ်နဲ့ပြန်ချိန်တဲ့ဝေးက သူ့ကိုမုန်းတီးနေပြီထင်တယ်။

“ရေဇလုံပေး ငါသွားထားလိုက်မယ်”

သွေးတွေအားလုံးစင်သွားတော့ ဝေဟင်က ရေဇလုံကို ရေချိုးခန်းထဲသွားထားပေးသည်။ တနိုင်း မျက်နှာကို လက်ဖဝါးနှစ်ဖက်နဲ့ ပွတ်သပ်ပစ်လိုက်သည်။ သေချာစီစဉ်ထားတာကိုမှ တည့်တည့်ကြီးတိုးသလိုဖြစ်နေတယ်။ ဝေးက ဂိုဏ်းထဲလိုက်လာဖို့အကြောင်းမရှိဘူးမလား။ ဝေးနဲ့သူ့ကို ဘာဖြစ်လို့များ ဒီလိုကြုံစေရတာလဲ။

“မင်း ခဏနားလိုက်၊ အစ်ကို ဘယ်မှထွက်မသွားနိုင်ပါဘူး”

“ငါ မျက်လုံးမပိတ်ရဲဘူး ဝေဟင်၊ မျက်လုံးပိတ်တဲ့အချိန် ဝေး သူ့ကိုယ်သူတစ်ခုခုလုပ်ပစ်မှာ ကြောက်နေတယ်”

“ငါရှိတယ်လေ၊ ငါနေပေးမယ် ဘာမှမဖြစ်ဘူး”

“မင်းမသိဘူး ဝေး က သူ့ကိုယ်သူ သတ်သေဖို့အထိ လုပ်ခဲ့တာ၊ ငါဦးသွားလို့ မဟုတ်ရင် ငါရောဝေးရော"

သူရိန် တကယ်ကိုအရုပ်ကြိုးပြတ်ဖြစ်နေတာကို ဝေဟင်ခံစားမိတယ်။ အားလုံးတွေ့သွားတယ်ဆိုထဲက အဆိုးဆုံးပဲမလား။

"မင်း ဒဏ်ရာလည်း ဆေးထည့်ဖို့လိုတယ်လေ"

"ရတယ် ရှပ်ထိသွားတာ ဘာမှမဖြစ်ဘူး"

Captured me, want to protect [Complete]Dove le storie prendono vita. Scoprilo ora