Part 31

4.5K 282 12
                                    

Unicode

သားပေါက်က သူ့အပေါ်မှာ အိပ်ပျော်နေသည်။ ပါးစပ်လေးဟပြီး သွားရည်တွေတောင် သူ့ရင်ဘတ်ပေါ်ကိုစီးကျနေတာ။ သူ့ပေါင်ပေါ်ခွထိုင်ပြီး လက်ကလေးတွေတွဲကျနေပြီး ပါးစပ်လေးဟကာ အိပ်နေတဲ့သားပေါက်လေးက တကယ်ချစ်စရာလေးဖြစ်သည်။

“ကျွန်တော့်ဘက်က ဘာမှမလုပ်ပဲ အေးဆေးနေနေတာ၊ ကျွန်တော့်အိမ်ဝန်း ကျွန်တော့်အိမ်သားကို ရန်ရှာဖို့လုပ်ရင် ကျွန်တော်ငြိမ်နေမှာမဟုတ်ဘူး၊ အဲ့ဒါကို သိအောင် ကြိုပြောထားတာ၊ ကျွန်တော် မွေးစားအဖေကို တိုက်ရိုက်မဆက်တာကလည်း အရာရှိတို့ဘက်ကနေ ပြန်ရောက်မယ်ဆိုတာသိလို့၊ အရာရှိတို့ဘက်ကပဲ သတိပေးလိုက်ပါ”

………………………

“ရတယ် ကျွန်တော်အိမ်သားကို မထိခိုက်သရွေ့ဘာမှမဖြစ်ဘူး”

………….

“ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော်တို့တစ်ရက်လောက်တွေ့ကြတာပေါ့”

တနိုင်းဖုန်းဆက်နေပုံကြည့်ရတာ တစ်ဖက်က အစိုးရပိုင်းဖြစ်လိမ့်မယ်။ အခု မွေးစားအဖေဆိုတာက လင်းယုန်ဂိုဏ်းခေါင်းဆောင်ကို ပြောနေတာလား။ သူ့ကို ဓါတ်ပုံခိုးရိုက်တယ်ဆိုတာကလည်း လင်းယုန်ဂိုဏ်းကလား။ အခုဘာတွေဖြစ်နေတာလဲ။ တနိုင်းသူရိန်က ဖုန်းချပြီး ဆံပင်တွေထိုးဖွကာ အပြင်ကိုကြည့်နေသည်။ ဝေး သိချင်ပေမယ့် သူ့ကိုလည်းမမေးချင်။ သားပေါက်လေးကို မချီပြီးအိပ်ရာပေါ် တင်သိပ်ဖို့လုပ်ရသည်။

“ဝေး ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ဘူး ချသိပ်မလို့”

“အင့်…ဟင့်..”

“အင်းအင်းအင်း ကျွတ်ကျွတ်ကျွတ်”

သားပေါက်လေးကို လှုပ်သလိုဖြစ်သွားပြီး ဆူညံသံဖြစ်သွားတာကြောင့် သားပေါက်လေးက မဲ့ကာယောင်တော့သည်။ ဝေးမှာ အိပ်ရာပေါ်ချမသိပ်ခင် ရင်ဘတ်ကိုမှီပြီးကားကားလေးလုပ်နေတဲ့အတိုင်း လှုပ်ကာလမ်းလျှောက်ပြီး သိပ်ရသည်။ သားကို စိတ်ရှည်လက်ရှည် သိပ်နေတဲ့ ဝေးကို တနိုင်းကြည့်ကာပီတိဖြစ်နေသည်။ သူပြောသားပဲ ဝေးက သားကိုချစ်မှာလို့။ ဝေးကိုဓါတ်ပုံချောင်းရိုက်တဲ့သူကိုတော့ ဂျူမက် ဟိုဘက်အိမ်ကိုခေါ်သွားပြီဖြစ်ပြီး စစ်မေးနေတော့မှာ။

Captured me, want to protect [Complete]Where stories live. Discover now