ဂျူနီယာဆေးရုံတက်နေရသည့်အချိန်များ၌ပင် ပန်စစ်စာမေးပွဲဖြေရမယ့် ရက်များလည်းပဲ ရောက်လာသည်။ ပန်စစ်သည် ဆေးရုံနဲ့ကျောင်းကို အသွားအပြန်လုပ်၍သာ စာမေးပွဲဖြေလေသည်။ ဂျူနီယာ့ကိုစိတ်မချဟုဆိုကာ အိမ်ပြန်၍စာမကျက်။ ဆေးရုံမှာပဲ ဂျူနီယာ့ကိုစောင့်ပေးရင်း မနက်ကျစာမေးပွဲသွား၍ဖြေသည်။ စာမေးပွဲဖြေပြီးရင်လည်း ဆေးရုံကိုသာတန်း၍လာသည်။ ပင်ပန်းပေမယ့်လည်း တချက်ကလေးမှမငြီး။ နေ့စဥ်ရက်ဆက် ထိုအတိုင်းပဲပြုလုပ်လာရာ စာမေးပွဲသုံးရက်မြောက်သောရက်ပင်ရောက်လာသည်။
" အစ်ကိုပန် မနက်ဖြန်ကျကျွန်တော်လည်း ဆေးရုံဆင်းရပြီပဲ။ ဒီနေ့လည် စာမေးပွဲဖြေပြီးရင် ဆေးရုံမလာတော့ပဲ အိမ်ပြန်နားပါ့လား။ "
ကျောင်းမသွားခင် မနက်စောစော စာကြည့်နေသောပန်စစ်အနားသို့လာကာ ဂျူနီယာကပြောသည်။ ဂျူနီယာသည် အတော်လေးပြန်လည်ကျန်းမာလာပြီဖြစ်ရာ အကူမပါပဲတောင် တစ်ယောက်တည်းလမ်းလျှောက်နိုင်နေပြီဖြစ်၏။
ပန်စစ်က သူ့ဘေးတွင်လာရပ်သော ဂျူနီယာ့ရဲ့အင်္ကျီကိုအသာလေးမကာ ဗိုက်ကဒဏ်ရာအခြေအနေကိုကြည့်ပြီး " အစ်ကိုဆေးရုံကိုပဲလာခဲ့ပါ့မယ်။ နီယာဆေးရုံဆင်းရတော့လည်း အစ်ကိုကပဲအိမ်ပြန်ခေါ်သွားပါရစေ။ နီယာ အကို့ကိုစောင့်နေနော် " ဟု ပြန်ပြောလေသည်။
" ဒါဆိုလည်းအစ်ကို့သဘောပါ။ အစ်ကိုပန် ဒီနေ့လည်းစာမေးပွဲဖြေနိုင်ပါစေနော်။ အစ်ကိုသက်လင်းနဲ့ အမဘယ်ရီလည်း စာမေးပွဲဖြေနိုင်ပါစေလို့ ကျွန်တော်ကဆုတောင်းပေးတဲ့အကြောင်းပြောပေးပါဦးနော်။ "
" အစ်ကိုပြောလိုက်ပါ့မယ်။ နီယာစားချင်တာတစ်ခုခုရှိလာရင် message ပို့ထားနော်။ နေ့လည်ကျပျင်းနေရင် တစ်ယောက်တည်းတော့လမ်းလျှောက်မထွက်ပါနဲ့ဦးနော်။ အစ်ကိုပြန်လာမှ အတူလမ်းလျှောက်နော်။ "
ပန်စစ်သည် ဂျူနီယာ့ကိုစိတ်မချသဖြင့် တဖွဖွမှာ၍မဆုံးဖြစ်နေသည်။
" ဒီနေ့ ကိုအရှည်ကြီးလာမယ်ပြောတယ်။ ကျွန်တော်မပျင်းပါဘူး။ အစ်ကိုပန်ကသာ စာမေးပွဲကိုပဲအာရုံစိုက်ဖြေ ဟုတ်ပြီလား။ "
BẠN ĐANG ĐỌC
ဂျူနီယာ ( completed )
Lãng mạnဂျူနီယာသည် သာမာန်ခပ်အေးအေးနဲ့ ဘာမှမထူးခြားတဲ့ လူငယ်လေးတစ်ဦးပါပဲ။ သူ့ဘဝထဲ အလှည့်အပြောင်းတချို့ဖြစ်လာတဲ့အခါမှာ ထိုအပြောင်းအလဲတွေထဲ ချစ်ခြင်းမေတ္တာတွေပါဝင်လာပါတယ်။ ထိုအခါမှာ ဂျူနီယာ သူ့ရဲ့နုငယ်ဖြူစင်သေးတဲ့ နှလုံးသားလေးနဲ့ ဘယ်လိုတုံ့ပြန်မှုတွေဖြစ်လာလေမ...