စာမေးပွဲဖြေဖို့နီးလာသည့်ရက်များတွင် ကျောင်းသွားစရာမလိုတော့သည့်အတွက် ပန်စစ်တစ်ယောက်အိမ်တွင်သာ ဂျူနီယာနဲ့အတူရှိဖြစ်တာများလာသည်။ သိပ်ပြီးထွေထွေထူးထူးလုပ်ဖြစ်တာရယ်လို့မရှိပေမယ့် နှစ်ယောက်အတူတူရှိနေရတဲ့အချိန်လေးတွေက သူ့အလိုလိုပျော်စရာကောင်းနေ၏။ အထူးသဖြင့်နှစ်ယောက်အတူစျေးဝယ်ထွက်ကြတာများသည်။ ဂျူနီယာအခုမှ သိလာတာက ပန်စစ်သည် မကြာခဏ စားစရာထွက်ဝယ်တတ်သည်ဆိုတာပါပဲ။ အကြောင်းမှာ ပန်စစ်ပြောပြသည်က ရေခဲသေတ္တာထဲမှာစားစရာတွေတစ်ခါတည်းအများကြီးဝယ်စုထားခြင်းသည် စားမကုန်ပဲ၊ ဒိတ်လွန်သွား၍ပစ်လိုက်ရတဲ့အစားအစာတွေရှိတတ်သောကြောင့် သေချာမစီမံတတ်ပါက အစားအသောက်ဖြုန်းတီးရာကျသည်ဟုဆိုလေသည်။ ထို့ကြောင့် ပန်စစ်က ရေခဲသေတ္တာထဲတွင် အစားအသောက်များ အလွန်အကျွံသိမ်းခြင်းကို မကြိုက်။ လိုအပ်သလောက်၊ စားကုန်သလောက်ကိုသာ ဝယ်သိမ်းလေ့ရှိပြီး၊ စျေးဝယ်သောအခါတွင်လည်း သတ်မှတ်ရက်ကုန်ဆုံးဖို့နီးသည့်အစားအစာများကိုဝယ်တတ်ကာ အချိန်မီစားတတ်လေသည်။ မဟုတ်ပါက ဒိတ်လွန်သွားသောအစားအသောက်များပစ်လိုက်ရမည်ဆိုးသောကြောင့်ဖြစ်သည်။ စျေးဝယ်ထွက်သောအခါတွင်လည်း ပန်စစ်သည် မှတ်စုစာအုပ်ထဲမှာလိုအပ်သောအစားအစာများကိုရေးမှတ်ထားပြီး ထိုအတိုင်းဝယ်တတ်ပြန်လေသည်။ စျေးဝယ်မထွက်ခင်ကတည်းက လိုအပ်သည်များကိုသာ သေသေချာချာစီစစ်ပြီး တမင်တကာအချိန်ပေး၍ ရေးထားခြင်းဖြစ်သည်။ ယခုကျတော့ ထိုမှတ်စုစာအုပ်အသေးလေးတွင် ဂျူနီယာ့အတွက်ဟူသော စာမျက်နှာလေးပါတိုးလာပြီး ဂျူနီယာ့ကိုလည်းလိုချင်တာတွေရှိလားဟု မေးမြန်းဖို့မမေ့။
" နီယာ ဘာတွေစားချင်လဲ။ အခုမစဥ်းစားတတ်ပဲ စျေးဝယ်တဲ့နေရာရောက်မှစားချင်တာတွေ့လည်းရတယ်နော်။ အကို့်အကျင့်တိုင်း နီယာတသွေမသိမ်းလိုက်လုပ်စရာမလိုဘူးနော်။ အကိုက အကျင့်ဖြစ်နေလို့လေ။ မဟုတ်ရင် မလိုအပ်တာတွေနဲ့မစားဖြစ်တာတွေကိုဝယ်မိမှာစိုးလို့ပါ။ "
ဟု ပန်စစ်က စာအုပ်ထဲတွင် ရေးမှတ်ရင်းနဲ့မှ ဂျူနီယာ့ကိုလည်းရှင်းပြနေပြန်သည်။
ESTÁS LEYENDO
ဂျူနီယာ ( completed )
Romanceဂျူနီယာသည် သာမာန်ခပ်အေးအေးနဲ့ ဘာမှမထူးခြားတဲ့ လူငယ်လေးတစ်ဦးပါပဲ။ သူ့ဘဝထဲ အလှည့်အပြောင်းတချို့ဖြစ်လာတဲ့အခါမှာ ထိုအပြောင်းအလဲတွေထဲ ချစ်ခြင်းမေတ္တာတွေပါဝင်လာပါတယ်။ ထိုအခါမှာ ဂျူနီယာ သူ့ရဲ့နုငယ်ဖြူစင်သေးတဲ့ နှလုံးသားလေးနဲ့ ဘယ်လိုတုံ့ပြန်မှုတွေဖြစ်လာလေမ...