ZG Part 9

14 0 0
                                    

"အွင်းအတိအကျပြောရမှာပေါ့....မမကိုချစ်တယ်လို့ပြောခဲ့တာ မှတ်မိသေးလား...မှတ်မိသေးရင် ပြောပါအုံး...မမရော...မောင့်ကိုချစ်လားဟင်....မမ စဉ်းစားတာ နှစ်လည်တော့မယ် မောင့်ကိုအဖြေပေးပါတော့....."

"မိုးမိုး.....ညီမေလး..... အဲ့စကားက တကယ်ကိုအတည်ပြောခဲ့တာလား"

ကျွန်မ ဒီမေးခွန်းမေးတော့ မောင်ဟာ ကျွန်မကို စိုက်ကြိုက်နေလေသည်။ အကြည့်ထဲ ရောနေသည့် အဓိပ်ပါယျကိုတော့ ကျွန်မ မဖော်တတ် မဖတ်တတ်တာအမှန်ပင်။
တစ်စက္ကန့်.....နှစ်စက္ကန့်......သုံးးစက္ကန့်နီးနီး ရီဝေဝေလေးကြည့်နေရာမှ တဖန် ပြာလဲ့လဲ့ကောင်းကင်နှင့် မြေကြီး.ထိစပ်နေသည့် မိုးကုတ်စက်ဝိုင်းကို အဓိပ်ပါယျမဲ့စှာ ငေးကြည့်နေပြန်သည်။

"အဲ့တုန်းကတော့ ဒေါသကြောင့် ပြောခဲ့တာ ခု.....တကယ်ချစ်နေတာ......"

"ဟင်......"

မလွတ်သွားဘူး.......။ကျွန်မ မောင့်မျက်နှာကို စေ့စေ့ကြည့်နေတာ အချိန်လစ်လပ်ပြီးလွတ်မသွားဘူး.......။အစက ရီဝေဝေ အကြည့်လေးက ညစ်တေးတေးဖြစ်သွားတာ ကျွန်မ တပ်အပ်ချတွေ့လိုက်ရတယ်......။ မောင်က ကျွန်မကို ဘုမသိဘမသိလေးလို့ ထင်နေတယ်....... သူပြောတဲ့စကားတွေထဲ မှန်နေတာဆိုလို့ 'ဒေါသကြောင့်'ဆိုတာလေးပဲ မှန်တယ်.......ကျန်တာတွေက လိမ်နေတာ ကျွန်မသိတယ် အဲ့တုန်းကလည်း ဒေါသကြောင့် ချစ်တယ်ဆိုပြီး လိမ်ခဲ့တာ....ခုလည်း အငြိုးတေးကြောင့် ချစ်တယ်ဆိုပြီး လိမ်နေတာ..... ကျွန်မ မမိုက်ရဲသေးပါ။

ဒီကလေးလေးနဲ့သာဆိုရင် ဆိုသည့်အတွေးလေးတစ်ခုနှင့် ကျွန်မ ဈေးမပေါရဲသေးပါ။အညှာမလွယ်ရဲသေးပါ။

"မောင်.....အာ....မိုးမိုး....."

"နေသားမကျတဲ့အခေါ်အဝေါ်ကို မောင့်ကိုအနိုင်ယူချင်ရုံသက်သက်နဲ့တော့ ကြိုးစားမခေါ်ပါနဲ့.....မမမြပင်ပန်းနေပ့မယ်"

"အင်းပါ...ဒါပေမဲ့....မောင် အဲ့အကျင့်ကို ပြင်စမ်းပါ....စကားကိုဖြတ်ဖြတ်မပြောပါနဲ့ မမ မကြိုက်ဘူး"

သူလေး တကယ်ကို ထူးဆန်းနေတာ.....ကျွန်မကိုလည်း မမမြတဲ့.....မညာတမ်းပြောရရင်ဖြင့် တစ်ခါမှ အခေါ်မခံရဖူးလေတော့ ရင်ထဲကို လှိုက်ခနဲပဲ.....။သူစကားပြောတာလေးကလည်း အရင်မတူ  နည်းနည်း ချိုသာနေသလားလို့....။

ငယ်ကျင့်Where stories live. Discover now