ငယ်ကျင့်
Unnicode
______________________________________
"အေဖ့ အား....လန့်လိုက်တာ..."
မောင် တကယ်လန့်သွားဟန်တူသည်။ခန္ဓာကိုယ်လေး သိမ့်ခနဲတုန်တက်သွားပြီး ယောင်ရမ်းအော်ပြီး ကျွန်မကို မျက်လုံးဆူးဆူးဖြင့် ကြည့်လေသည်။
"ဘာဖြစ်နေတာလဲ ခင်ဗျား....ဟမ်....မောင့်နောက်ကို လိုက်လိုက်ပြီး...... "
"မမက မင်း...အဲဟို...မောင်နဲ့ ခင်ချင်လို့လေ..."
"ခင်ရအောင် ခင်ဗျားနဲ့ မောင်နဲ့က ရွယ်တူမှ မဟုတ္တာ ရူးများနေလား"
"အို...အကြီးကို....ကဲပါ..မမမွာ သူငယ်ချင်းမရှိဘူးလေ... အဲ့ဒါ မောင်နဲ့ သူငယ်ချင်းဖြစ်ချင်လို့"
အကြီးကို အဲ့လိုမပြောရဘူးလို့ ကျွန်မသာဆုံးမလိုက်လျှင် ဒီကေလးဟာ လက်ခံမည်မဟုတ်ပေ။ ဘာကြောင့်ဆိုသော် ခင်ပါ့မယ်ဟု စကားတောင် မပြောသေးပဲနဲ့ ဆုံးမလိုက်လျှင် သူ ကျွန်မကို ဘုနဲ့ဘောက်ပြောမည်ကို ကျွန်မ အသေအချာသိသည်။ဒီကလေးရဲ့ ဂျစ်ဆက်ဆက် ပုံကို ကျွန်မ သိနေသည်။
"သြားပါ စိတ်ရှုပ်စရာကြီး....အမလည်း အမေနရာ အမေန မောင်နဲ့ လာမခင်နဲ့ မောင် ဘယ်သူနဲ့မှ မခင်ချင်ဘူး"
"မောင် ပြန် မခင်မချင်း မမက လိုက်ပြီး စကားပြောနေမှာ"
"ဟာ.....ကျစ်"
သူ အတော် အလိုမကျဟန်ဖြစ်သွားသည် ထင်သည်။လက်ထဲ ကိုင်ထားသည့် ထွေပြားကို လမ်းဘေး ချုံထဲ ပစ်လိုက်ပြီး လွယ်အိတ်ကိုင်းကို ထုံးကာ ထွက်သွားလေသည်။
မလွယ်ပါ့လား....။ခင်ဖို့တောင် ဒီလောက်ကြိုးစားနေရရင် သူ့အကျင့်ကို ပြင်ပေးရရင်တော့ မြနှင်းသွယ်ဆိုတဲ့ ကျွန်မ ရူးတန်ကောင်းပါရဲ့...။
ကျွန်မအိမ်ကိုကျွန်မ ခိုးဝင် ခိုးထွက်လုပ်ရတဲ့ အဖြစ်ဟာ တော်ရုံ ကံဆိုးခြင်းမဟုတ်လှဘူးပဲ...။မနက် ကျောင်းလာချိန်နဲ့ ညနေကျောင်းဆင်းချိန်တိုင်း အိမ္က ခိုးထွက်ပြီး ကျွန်မ ထိုလူသားလေးနှင့် သွားတွေ့သည်။ တစ်နေ့ သောကြာနေ့.... မောင့်အမကိုပဲ တွေ့ရပြီး မောင်ပါမလာခဲ့ပေ။