Unicode
"မောင်"
"မမ ဒီကိုအစောကြီး"
"အင်းလေဘာလို့လဲ"
"ဘာဖြစ်ဘူး "
ချည်သားဂါဝန်ဝဲဝဲလေးဝတ်၊ ဆံပင်အမြင့်စည်းပြီး သနပ်ခါးရေကျဲလေးလိမ်းထားသည့် မြဟာ ဒီနေ့ တမူထူးခြားပြီး လှနေပြန်သည်။
"ရွှတ်..."
ခါးလေးကိုင်းပြီး မောင့်ကိုငုံ့ကြည့်နေသည့် မြနှင်းပါးကို မောင် နမ်းလိုက်လေသည်။မြနှင်းကတော့ မျက်လုံးပြူးမျက်စံပြူးနှင့် အံသြနေရှာသည်။
"မောင်...ဘာလုပ္လိုက္တာ"
"မမနားက သနပ်ခါးနံ့ အရမ်းမွှေးတာပဲ မောင်က သနပ်ခါးနံ့လေးကို ကြိုက်လို့ အမေလိမ်းထားလည်း နမ်းနေကျလေ"
ဟင် ဒီကေလး ပုံမှန်သာသာပါပဲ...။သူကေတာ့ သူ့အမေကို နမ်းနေကျမလို့ အကျင့်ဖြစ်ပြီး ကိုယ့်ကိုလာနမ်းတာတဲ့....။သူ့ကြည့်ရတာ တကယ့်ကို ပုံမှန် လုပ်နေကျလိုပါ...။ဒါပေမဲ့ ခွင့်တောင်းရမယ်မလား....အော်...ဒီကလေးနယ်
"မောင် နောက်တစ်ခါကျရင် နမ်းချင်လို့လို့ ခွင့်တောင်းရမယ် သိလား...."
"ဟင် အမေ့ကိုတောင် ဒီတိုင်းနမ်းတာလေ"
"အေး အေမ့ကို ဒီတိုင်းနမ်းတယ်ဆိုလည်း မမကိုနမ်းချင်ရင် ခွင့်တောင်းရမယ် ဒါမွ မမကြိုက်တယ်အမေ့ကိုတောင် ခွင့်တောင်းပြီးမှ နမ်း...မလေးမစားမလုပ်နဲ့"
". ...."
ငေါက်လိုက်မိပြီ....။တစ်နေ့ကမှ စရင်းနီးရတဲ့ကလေးကို စတင်ချုပ်ချယ်ပြီး ငေါက်လိုက်မိပြီ....။ဒါပေမဲ့ ဒီလူ့ငနှဲလေးက တုပ်တုပ်မှမလှုပ်ဘူး......။
မြကို ကြည်ရွှန်းရွှန်းကြည့်နေရာမှ မြစကားကြားတော့ မျက်မှောင်ကျုံ့ပြီး ညစ်တစ်တစ် ပြန်ကြည့်လေသည်။ပြီး..... ဘေးနားမှ ပန်းပုရုပ်ထုလေးတွေကို လိုက်ကြည့်နေလေသည်။ဒါ...နားမထောင်နိုင်ဘူးဆိုတဲ့သဘောလား....။
ပါးပေါ်မှ စိုစွတ်စွတ်အရာများကို သုတ်လိုက်ပြီး...
"နှာစေးတွေနဲ့ကွယ်....မမသနပ်ခါးတော့ပျက်ပါပြီ"