Part 5

16 0 0
                                    

Unicode

"မောင်ရေ....ကျောင်းမလိုက်ဘူးဆို...."

"ဟာ.....မေမေ...."

မောင် ပြာယာခတ်သွားလေသည်။ တခါးနောက်တွေ ဗီယိုနောက်တွေ ပန်းပုရုပ်ထုတွေရဲ့နောက်တွေ တစ်နေရာပြီးတစ်နေရာ ဝင်ပုန်းလေသည်။မောင့်အမပြောတော့ ပြောမရလို့ လြတ္ထားတာဆို....ခု မောင့်အမေကခေါ်တော့ ကြုံရာဝင်ပုန်းနေတော့ ရိုက်လို့များလား...။

"ငါ့တူမ....ဒီအပတ် မိုးမိုး အဘဆီမလာဘူးကွဲ့ သူကျောင်းလိုက်သွားတယ် တူပါတယ်"

ဟော.....ဘကြီးအောင်က ဝင်ကာပေးသည့် အသံ...။ရိုက်တယ်ဆိုတာတော့ သေချာသလောက်ဖြစ်နေလေပြီ...။ရိုက်တယ်ပဲထား..ဒီအရွယ်ဒီကလေးဟာ ကျောင်းပဲသွားရမယ်လေ လမ်းမှားရောက်နေသည့် ကေလးကို ရှေ့ကကာကွယ်ပေးနေသည့် ဘကြီးအောင်က မောင်အရိုက်ခံရမည်စိုးသည့် အရာလေးတစ်ခုတွက်များလား....။

"အော်...ဟုတ္လား...မသိပါဘူး ဘကြီးအောင်ရယ် ဘကြီးမြေးက ပြောမရဆိုမရနဲ့ဆိုတော့ ကျောင်းမသွားပဲ ဒီမှာပဲနေနေတတ်လို့လေ သောကြာနေ့ဆို"

မောင့်မေမေကို ပြတင်းပေါက်ကနေတစ်ဆင့် လှမ်းကြည့်မိသည်။ မောင့်မေမေဟာ မောင့်အမနှင့် အတော်တူသည်။ မောင်က အဖေတူထင်ပါရဲ့ အမေ့ရဲ့အသွင်ပြင်သိပ်မတွေ့ရပေ။တစ်ပတ်လျိုဆံထုံးကို ပြေလျော့လျော့ထုံးပြီး ကျန်နေသည့် ဆံပင်များကို ဆံထုံးအားမပတ်ပဲ ချထားလေသည်။ သပ်သပ်ရပ်ရပ် ချထားပုံဟုတ်ဟန်မတူပုံအရဆို သက်သက်ချထားခြင်းမဟုတ်ပဲ ပြေလျော့ကျနေပုံဖြစ်လိမ့်မည်။ နှစ်ပိုင်းစပ်ဖျင်ကြမ်းလုံချည်နှင့် သက်ကြီးပိုင်းဝတ် လည်ကတုံးရင်ဖုံးအကျႌခပ်နွမ်းနွမ်းဝတ်ထားသည့် မောင့်အမေမျက်နှာထားဟာ အတော်ပင်ပန်းနေပုံရသည်။ လွန်ခဲ့တဲ့ သုံးနှစ်က မွေးနေ့မှာ အန်တီကြီးတစ်ယောက် ပြောခဲ့ပုံအရဆို ခုမွ ဈေးရောင်းပြန်လာသည်ဟု ယူဆလိုက်သည်။

ရန်လည်းမရှာ တက်လည်းမကြည့် ဘကြီးအောင်ဟာ လူကြီးဆိုတော့ ယုံကြည်ပြီး လှည်ပြန်သွားသည်မှာ နွမ်းလျနေတာတောင်မှ အိနြေ္ဒအပြည့်နှင့် နွဲ့နွဲ့လျလျလမ်းလျောက်သွားလေသည်။

ငယ္က်င့္Where stories live. Discover now