Unicode
.............................................................
ကိုယ်တိုင်ကပဲ အိမ်ကိုအလည်ခေါ်ပေမဲ့ ကိုယ့်မိသားစုရဲ့ကြမ်းကြမ်းတမ်းတမ်းအပြောအဆိုများမှ မကာကွယ်ပေးနိုင်ခဲ့ပေ။ ဒီလိုလူတန်းစားတွေဟာ ဒီလိုအခြေခံလူတန်းစားတွေကို ဒီလိုနှိမ်တတ်တာဟာ သဘာဝလား ဒါမှမဟုတ် logicလား ဘယ္သူက ခ်ခဲ့တဲ့ logicများလဲပေါ့.....။
အိမ်ကျယ်ကြီးထဲမှ ပြေးထွက်ပြီး ခြံရှေ့ လမ်းသွားလမ်းလာများသောက်သုံးဖို့ တည်ထားသည့် သောက်ရေချမ်းစင်မှာ ရပ်တန့်လိုက်သည်။ မျက်ရည်စို့နေသည့်မျက်ဝန်းများကို လူမမြင် လူမမိစေဖို့ ရေအိုးမှ ရေတစ်ခွက် ခပ်ယူလိုက်ပြီးမျက်နှာသစ်လိုက်သည်။စိမ်းညို့ညို့အကြည့်များနှင့် ဖမ်းစားတတ်သည့် ဒီမျက်ဝန်းဟာ နီစပ်စပ်လေး ဖြစ်နေရှာသည်။ နာကျည်းတာလား ......။ဟုတ်ပါရဲ့ ဒီမျက်နှာထားဟာ နာကျည်းနေတဲ့ မျက်နှာထား...။
ဘယ်သူ့ကိုလဲ ၊ ခက်ခက်ထန်ထန် ပြောခဲ့တဲ့ ဟိုအမရဲ့အကိုလတ်ဆိုတာကိုလား...။ေငြဖိအား လွှတ်များ လွှတ်ကောင်းတဲ့ သူတို့ဒေသိယကို မလိုက်ချင်ပါဘူး မလည်ချင်ပါဘူး ပြောနေတဲ့ကြားက အတင်းခေါ်သွားပေမယ့် အားကိုးသလောက်အရာမပေါ်ခဲ့တဲ့ ဟိုအမ မြနှင်းသွယ်ကိုလား...။"မောင်.....ရေချမ်းစင်က ရေကိုတော့ မျက်နှာမသစ်နဲ့လေကွယ်...သူများတွေက သောက်တာလေ"
ရေချမ်းစင်ဘေးမှာ ထိုင်ရင်း ရှိုက်တက်နေသည့် ထိုကေလးကို ကျွန်မ မနှစ်သိမ့်မိတဲ့အပြင် သွားဆုံးမနေပြန်ရောလား။ မျက်ဝန်းစိမ်းစိမ်းကြီး ကျရောက်လာပြီး
"ဘာလဲ အိမ်ထဲကို ထပ်ခေါ်ပြီး ထပ်ပြီး နှိမ့်ချ နင်းချေဖို့လိုက်လာတာလား"
"အိုကွယ်...မဟုတ်ရပါဘူး မောင်ရယ်...မောင်..မငိုနဲ့နော်...မမတောင်းပန်ပါတယ် မမကြောင့် မောင်ဒီလိုအပြောခံရတာ....မမကေတာ့....."
"ကျုပ်မငိုပါဘူး.....ဒီမျက်ရည်က ငိုတဲ့ မျက်ရည်မဟုတ်ဘူး ဝမ်းနည်းမိတာမှန်တယ် ဒါမယ့် ဝမ်နည်းလို့ကျတဲ့မျက်ရည်မဟုတ်ဘူး နာကျည်းလို့ မျက်ရည်တင်မဟုတ်ဘူး ဟောဒက်မှာတွေ့လား....နှာစေးတွေတောင် ထွက်တယ်"