Zawgyi
ခြံရှေ့မှ ရေချမ်းစင်ကို ရေဖြည့်သလို ဘာလိုလိုနှင့် ဟိုလုပ်လုပ် ဒီလုပ်လုပ်နှင့်မှ မောင့်ကို စောင့်နေကျနေရာလေးကို ထွက်လာခဲ့လိုက်သည်။ ခဏအကြာ မောင့်မမ မိုးမြင့်ဦးတစ်ယောက် သူငယ်ချင်းတွေနဲ့ တတွဲတွဲနှင့် လာနေသည်ကို တွေ့လိုက်ရပြီ။
ဒါဆို နောက်က မောင်ဆိုတဲ့ ကေလးက တစ်ယောက်ထဲ ကွဲကွဲပြားပြားနှင့် လိုက်လာမည်ကို မြနှင်းသိနေတာပေါ့..။
အထူအဆန်းနှင့် မိုးမြင့်ဦးလေးဟာ မြနှင်းဆီကို အပြေးလာနေသည်ကို သတိထားမိလိုက်တယ်။"ညီမေလး ဘာဖြစ်တာ မမဆီကို ပြေးလာနေတာ မောအောင်လို့"
နောက်ကို လှမ်းမျှော်ကြည့်ရင်း ပြုံးစစနှင့် မေးလိုက်သည်။မြနှင်းရဲ့ ဟန်အမူအရာကို သေချာ ကွက်ကျကြည့်ပြီး...
"ဘာလှမ်းကြည့်နေတာလဲ မမ" လို့မေးလို့သည်။
မိုးမြင့်ဦးလေးဟာ မမမြနှင်းသွယ် ဘာကိုကြည့်နေ ရှာနေတယ်ဆိုတာကို သိလို့သာ သက်သက်မေးလိုက်ခြင်းပေါ့။
"အော် ဘာမွ မဟုတ်ပါဘူး မောင့်ကိုလှမ်းရှာနေတာ"
"မောင် မပါဘူး မမ မမကို အဲ့ဒါလာပြောတာ"
မျက်လွှာချပြီး ကေလးမေလးဟာ လှည့်ထွက်သွားခဲ့တယ်။မောင် မပါဘူးပြောတာ ဒီလောက် ငြိုးငယ်ပြီး ပြောဖို့ လိုလို့လား...။စိုးရိမ်စိတ်နှင့်အတူ နားမလည်စွာဖြင့်..
"မောင်က ဘာလို့မပါတာလဲ ညီမေလး နေမကောင်းလို့လား"
"မမ"
လည်ပြန်လှည့်လာပြီး ခေါ်လာသည့် သူ့မျက်နှာထားလေးဟာ အတော်ကို ငြိုးငယ်နေရှာသည်။မြနှင်းလည်း အဖြေရှာနေတဲ့မျက်လုံးများနှင့် မျက်စပစ်ပြလိုက်တော့
" မောင့် ဘဘ ဘကြီးအောင် ဆုံးပြီ မောင် ငိုနေတယ် အဲ့ကြောင့် ကျောင်းခေါ်တာတောင်မလိုက်ပဲ နေခဲ့တာ"
အလို ဘကြီးအောင် ဆုံးပြီဆိုပါ့လား..။ဘကြီးအောင်ဆိုတာ မောင့်ရဲ့တစ်ဥိးတည်းသော သံယောဇဉ်လေ..။ဘကြီးအောင်ဆိုတာ မောင့်ကိုအလိုလိုက်လွန်းလို့ မောင် ကပ်တွယ်နေရတဲ့ ပျော်ရွှင်မှုလေးလေ...။မောင့်မှာ ဘကြီးအောင်ဆီသာ ရောက်သွားရင် မမြင်ဖူးတဲ့ အပြုံးတောင် မြင်ရတဲ့အထိ သူပျော်ရှာတာ...။ သူများမခေါ်တဲ့ နာမည်ကို ဘကြီးအောင်ကပဲ ခေါ်ပြီး ဘကြီးအောင်ကိုပဲ ခေါ်ခွင့်ပေးထားတယ်ထင်ရဲ့လေ...။