2

208 4 4
                                    

ငယ်ကျင့် ၂

မြို့နယ် ပြည်သူ့ဆေးရုံအတွင်းသို့ လူတစ်ယောက် အပြေးအလွှား ဝင်လာသည်။ ခေါင်း၊တံတတောင်ဆစ်တို့နှင့် နေရာအချို့တို့တွင် အနာကပ်ပလာစတာများ ကပ်လျှက်နှင့် ကျောပိုးလွယ်အိပ် လက်ဆွဲချိုင့်တစ်ခု နှင့် တစ်ခုခုကို ရှာနေလေသည်။ ပြေးလာသည် ဆိုသော်လည်း သိပ်အမြန်ကြီးမဟုတ်ပဲ ခြေထောက်မှာ ထထော့နဲ့ ထော့နဲ့နှင့်... ။ စိတ်ဇောကပ်နေ၍သာ ပြေးနေရခြင်းဖြစ်သည်။ နယ်မြို့ဖြစ်သောကြောင့် private roomဟူ၍ မရှိပဲ Hallခန်းကျယ်ကြီးထဲတွင် သံကုတင်များ အကန့်နှင့်ထားရှိပြီး မွေးလူနာ၊အရေးပေါ်လူနာ၊နာတာရှည်လူနာများ အမျိုးမျိုးသောလူနာတို့ကို တပြေးထဲ ထားထားသည်။မွေးလူနာရဲ့ ကလေးငိုသံတွေ၊patientတွေရဲ့ အော့အံသံတွေ ငြီးသံတွေနှင့် အထိနာလာသော patientများအတွက် သက်သောင့်သက်သာ မရှိလောက်မှာ အမှန်ပင်။Hallခန်းထောင့်တွင် ရှိသော မိန်းမပျိုတစ်ဦးမှာ Oxygenပိုက် တန်းလန်းနှင့် ရှိနေသည်။

ထိုမိန်းကလေးကို မြင်တော့ Hallခန်း အပေါက်ကနေ ခပ်သုပ်သုပ်ပြေးဝင်လာပြီး

"မမ...မမ...."

အသံခပ်တိုးတိုးကိုမှ လေသံနှောပြီး ခေါ်လိုက်သည်။ သို့သော် မျက်လုံးက ဖွင့်မလာပဲ မှေးစင်းမြဲ ဖြစ်သည်။အိပ်ပျော်နေတာလား မေ့မြောနေတာလား မသဲကွဲသေးတာကြောင့် အသံနည်းနည်းမြင့်ပြီး

"မမမြ...မမမြနှင်းသွယ်... မမ"

မျက်လုံးများ ပွင့်မလာသေးသောကြောင့် ခုချိန်ထိ သတိမရသေးတာကို သိလိုက်ရသည်။လူနာစောင့်ဆို၍လည်း မရှိ သူနာပြုများလည်း ထားပေးမထားသည့် ဒီဆေးရုံကိုတော့ တော်တော် စိတ်ပျက်မိပါရဲ့..။လူနာသတိရလာ၍ တစ်ခုခုဖြစ်လျှင် မည်သို့လုပ်မည်နည်း။

လူနာစောင့်က မိမိဆိုတာကို မေ့ပြီး တစ်ဖက်သက် ဆေးရုံကိုအပြစ်တင်နေသော ထိုလူသားရယ်ပါ။အချိန်က မနက် ၉နာရီ ခွဲလုနီးနီး..။ကားမှောက်၍ ဆေးရုံကို လူနာတွေ စရောက်လာသည့် အချိန်က ည ၆နာရီ ၄၅မိနစ်တွင် ဖြစ်သည်။ သက်ဆိုင်ရာမှ အကြောင်းကြား၍အကြောင်းစုံ သိခဲ့ရသည်က ၇နာရီ ၁၅မိနစ်တွင် ဖြစ်သည်။ ည ၇နာရီကတညွးက ကြားခဲ့သည့် သတင်းကို မနက် ၉နာရီမှ အပြေးအလွှား လာနှိုးနေလေသော ထိုလူသားကို ဘယ်သူက စိတ်ဆိုးနိုင်မည်နည်း။မဆိုးနိုင်ပါဘူး။ ဘယ်သူမှ မသိရှာဘူးလေ..။အကြောင်းစုံကို သိသူကတော့ ထိုလူသားအား သတ်ပစ်ချင်လိမ့်မည်။

ငယ္က်င့္Where stories live. Discover now