ငယ်ကျင့်
𝙶𝚒𝚛𝚕 𝚕𝚘𝚟𝚎 𝚏𝚒𝚌𝚝𝚒𝚘𝚗
✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡
မထင်မှတ်ထားတဲ့ အမှားတစ်ခုကို မှားလိုက်မိသည်။နာမည်ကိုကြည့်ပြီး လိင်ခွဲခြားလိုက်သည့် ကျွန်မက တကယ် လူအ သာသာဖြစ်လိမ့်မည်။ ကလေးများကတော့ ကျွန်မကိုကြည့်ပြီး တခစ်ခစ်နှင့် ရယ်ပြီး ကျောင်းဝန်းထဲ ဝင်သွားခဲ့သည်။ ကျွန်မကိုရှင်းပြသည့် ကလေးငယ်လေးက ထို လူ့ပေတူးလေးနှင့် ရုပ်ခပ်ဆင်ဆင်ဖြစ်သည်။
ကျောင်းဝန်ထဲ ကျွန်မ တစ်ချက်လှမ်းကြည့်တော့ လူ့ပေတူးလေးဟာ ဆရာမတစ်ယောက်ရဲ့ ဆွဲခြင်းကို ကူဆွဲပြီး ကြိုသွားလေသည်။ မျော့သေနေတဲ့ ဘောင်းဘီဟာ ခဏ ခဏလျောကျသောကြောင့် မြှောက်မြှောက်ပြီး ပြန်တင်းရင်း ခပ်ညစ်ညစ် လွယ်အိတ်ကို စလွယ်သိုင်းလိုင်းရင်းနှင့် ဆရာမတစ်ဦးဘေးမှ ကပ်လိုက်သွားလေသည်။
________________________________
"သမီးတို့ရေ...ထတော့ ကျောင်းသွားရမယ်မလား...."
"အင်....ဟင်....မောင် မထချင်သေးဘူး အမေ...အိပ်ရေးမဝသေးဘူး....ဝှါး......"
ပါးစပ်ကို လက်ဝါးဖြင့်ပိတ်လိုက်ဖွင့်လိုက်နှင့် တဝှါးဝှါးသမ်းပြီး ဘေးနားမှ အမခေါင်းအုံးကို ယူပြီး ခွအိပ်ပြန်သည်။ ဒေါ်ခက်ပု မနက် ၄နာရီထဲက ထပြီး ထမင်းဟင်းချက် ဈေးသွားရန်ပြင်ဆင်နေရသည်။ အားကိုးရမယ့် သမီးများဟာ ငယ်ရွယ်နေသေးတော့ အိမ်မှုကိစ္စအားလုံး သူမသာလျှင်ဒိုင်းခံလုပ်ရလေသည်။ ထမင်းဟင်းချက်ပြီးတော့ ကလေးနှစ်ယောက်နှင့် ခင်ပွန်းဖြစ်သူကို နှိုးပြီး သူမ ရောင်းနေကျနေရာဖြံကျဈေးသို့ သုတ်ခြေတင်ပြေးရတော့သည်။
သူထက်ငါဦး လုယူမှ လတ်လတ်ဆတ်ဆတ် ကောင်းကောင်းမွန်မွန် ကုန်ပစ္စည်းများ ၊ ကိုယ်လိုချင်သည့် ကုန်များ ရလေသည်။
ဒေါ်ခက်ပု အသိတစ်ယောက်ရဲ့ကျေးဇူးကြောင့် ဈေးသယ်ဘဝကို စတင် နစ်မြုပ်ခဲ့ရသည်မှာ သားသမီးများအသက်နှင့် အညီဖြစ်ချေသည်။သူမ ဈေးစရောင်းတုန်းကဆိုလျှင် ကုန် ရဖို့အရေး လုယူ ၊ အော်ဟစ်ရနှင့် အသံများဝင်သည်အထိ ဖြစ်ခဲ့ရသည်။
