မလုပ်ပါနဲ့ !! ကျေးဇူးပြုပြီး မလုပ်ပါနဲ့ !!
အဟွတ် အဟွတ် . . . .ခွန်းငယ်တစ်ယောက်ကိုယ့်လည်ပင်းကိုယ်လက်ဖြင့်ဖိရင်းချွေးသီးချွေးတွေနဲ့အတူအော်ဟစ်ရင်းအသက်ရှုသံပြင်းပြင်းဖြင့်အိပ်ရာမှနှိုးထလာလေသည် ၊၊
ကြောက်ရွံ့ထိတ်လန့်မှုတွေကြောင့်ဆက်အိပ်မရတော့သည်မို့ထထိုင်လိုက်ပြီးမီးအိမ်ဖျော့တော့တော့အောက်ကနာရီလေးကိုလှမ်းကြည့်လိုက်လေသည် ၊၊
ထို့နောက်ဆံပင်တွေကိုသပ်တင်ပြီးခြေလှမ်းတွေကိုဖြည်းဖြည်းချင်းလှမ်းကာအောက်ထပ်တွင်ရေဆင်းသောက်ရန်အခန်းမှထွက်ခဲ့လေသည် ၊၊
အောက်ထပ်သို့ရောက်သော်ရေခဲသေတ္တာထဲမှအအေးဆုံးဘူးကိုယူ၍စားပွဲပေါ်မှခွက်ကိုယူကာရေထည့်လေသည် ၊၊
ထိုအိပ်မက်အကြောင်းဆီစိတ်ရောက်နေသည်မို့ခွက်ထဲထည့်နေသည့်ရေမှာပြည့်လျှံကာသွားတော့သည်၊၊
ထိုတော့မှခွန်းငယ်လည်းအသိစိတ်ဝင်ကာရေထည့်လက်စကိုရပ်ပြီးခွက်လေးပေါ်နှုတ်ခမ်းလေးတေ့ကာအမြန်သောက်လိုက်လေသည် ၊၊
ရေသောက်ပြီးသည်နှင့်သက်ပြင်းတချက်ချပြီးခွက်ကိုစားပွဲပေါ်ထားရန်ဟန်ပြင်လိုက်သည် ၊၊
ထိုစဥ်တစ်စုံတစ်ဦးမှနား,နားကပ်ကာ
" ဟန်နီ !! "ချက်ချင်းဆိုသလိုခွန်းငယ်လည်းလှည့်ကြည့်လိုက်လေသည် ၊၊
သို့သော်ဘယ်သူ့မှရှိမနေသည်မို့နားကြားလွဲသည်ဟုသာကိုယ့်ကိုဖြေသိမ့်လိုက်လေသည် ၊၊
ထိုစဥ် ဒုတိယအကြိမ်ထပ်မံ၍
" ဟန်နီ !! "ဒီတစ်ကြိမ်တော့ခွန်းငယ်ဟာကြက်သီးမွှေးသီးပင်ထသွားပြီးတစ်စုံတစ်ဦးမှာမိမိနား,နားကပ်ကာခေါ်နေကြောင်းကိုလက်ခံလိုက်တော့သည် ၊၊
ထိုစိတ်ကြောင့်ပင်သတိလက်လွတ်ဖြစ်ကာလက်ထဲကခွက်မှာလွတ်ကျသွားတော့သည် ၊၊
ခွမ်း !!
ခွန်းငယ်တစ်ယောက်အစိတ်စိတ်မြွှာမြွှာဖြစ်သွားသည့်ဖန်ခွက်လေးကိုငေးကြည့်နေစဥ်ပင်မှာပဲအအိပ်ဆက်တဲ့အမေဖြစ်သူကအိပ်ချင်စုတ်ဖွားဖြင့်ရောက်လာလေသည် ၊၊
YOU ARE READING
ခြံအမှတ်(၁၃)
Horrorတို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ