" ငါကတော့နင့်ကိုဆေးရုံမှာထပ်နေစေချင်သေးတယ် ခွန်းငယ် "" ၄လလုံးအိပ်ယာထဲမှာနေခဲ့ပြီးပြီလေ ရွှေရည်ရယ် အခုတောင်ပုံမှန်ပြန်ဖြစ်ဖို့မနည်းလေ့ကျင့်ခန်းတွေလုပ် မနည်းကုထားရတာ
ကြာရင်ငါချိသွားလိမ့်မယ် "" ငါနင့်ကိုစိုးရိမ်လို့ပါ "
" ဘာမှမစိုးရိမ်နဲ့နော်
ငါတကယ်သက်သာနေပါပြီ "" အင်းပါ
ဒါနဲ့နင်အမေကိုရောထိပ်ထားစံအကြောင်းပြောပြပြီးပြီလား "" ဟိုနေ့ကပဲနင်ပြန်သွားတော့မာမီ့ကိုအေးအေးဆေးဆေးပြောပြထားလိုက်တာ "
" သူယုံရဲ့လား "
" ယုံတာပေါ့ဟ
သမီးဖြစ်သူတစ်ယောက်လုံးရှင်ရက်နဲ့သေသလိုဖြစ်သွားတာကို "" ဟုတ်တာပေါ့
ဒါနဲ့ဘုန်းဘုန်းတွေပင့်ဖို့ကရော "" အိမ်တက်တုန်းကဒီနားကဘုန်းကြီးကျောင်းကဘုန်းဘုန်းတွေကိုပင့်တုန်းကတရားပေးနေရင်းနဲ့ထပြေးကြတော့ မာမီကထပ်မပင့်တော့ဘူးတဲ့
အဖွားကိုးကွယ်တဲ့ဘုန်းကြီးကပဲဒီနေ့သွားပင့်မယ်လို့ပြောတယ် "" အဲ့တုန်းကထိပ်ထားစံခြောက်လန့်လိုက်လို့နေမှာ
ပေါ့ အခုတော့သူကိုယ်တိုင်ကလက်ခံမှတော့အားလုံးအဆင်ပြေချောမွေ့မှာပါ "ထိုစဥ်ခွန်းငယ်အမေမှာလူနာခန်းတံခါးလေးကို
ဖွင့်ပြီးဝင်ကာ
" ကဲ . . အဆင်သင့်ဖြစ်ပြီလားသမီးတို့ "" ဟုတ် မာမီ "
" ဘာတွေသယ်စရာကျန်သေးလဲ အန်တီ "
" မလိုဘူး သမီး
အန်တီအကုန်ကားထဲထည့်ပြီးပြီ "ဒါနဲ့ပဲရွှေရည်နဲ့ခွန်းငယ်အမေလည်းခွန်းငယ်ကိုတွဲကာဆေးရုံမှထွက်လာခဲ့လေသည် ၊၊
ခွန်းငယ်အမေလည်းရွှေရည်အိမ်ကိုအရင်မောင်းပို့ပြီးအိမ်သို့မောင်းလေသည် ၊၊
အိမ်ရောက်သည်နှင့်ခွန်းငယ်ကိုအခန်းထဲပို့ပြီးအထုတ်အပိုးတွေကိုအခန်းထဲတွင်ထားလိုက်လေသည် ၊၊
" ဘယ်လိုနေလဲ ခွန်းငယ်
နေရတာအဆင်ပြေရဲ့လား "" အဆင်ပြေပါတယ် မာမီ
ဆေးတွေကအိပ်ဆေးပါလို့အိပ်ချင်နေရုံပါ "
YOU ARE READING
ခြံအမှတ်(၁၃)
Horrorတို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ