စာကျက်နေရင်းမီးပျက်သွားသည်မို့ခွန်းငယ်တစ်ယောက်ဖုန်းမီးလေးကိုဖွင့်၍အခန်းမှထွက်လာလေသည် ၊၊အခန်းကနေထွက်ရာလမ်းတလျှောက်တွင်ခြံရှေ့ကခွေးအူသံများလည်းကြားရသည်မို့အနည်းငယ်ကျောချမ်းလာမိသည် ၊၊
ထို့နောက်အောက်ထပ်မှအမေဖြစ်သူဆီကိုသွားရန်လှေကားမှဆင်းလေသည် ၊၊ ထိုစဥ်ခွန်းငယ်တစ်ယောက်ကိုယ့်ဂါဝန်စကိုယ်တက်နင်းကာခြေချော်ပြုတ်ကျမလိုဖြစ်သွားလေသည်၊၊
ထိုစဥ်တစ်စုံတစ်ဦးမှအချိန်မှီခွန်းငယ်လက်မောင်းကိုဖမ်းဆွဲကာထိန်းလိုက်လေသည်၊၊
ထို့ကြောင့်ခွန်းငယ်ကိုယ်လေးလည်းအနောက်သို့လည်သွားပြီးအနောက်မှာရှိသည့်သူကိုလက်မှဖုန်းမီးနဲ့ထွန်းထားရက်သားဖြစ်သွားလေသည် ၊၊
ထိုအမျိုးသမီးဟာအကြင်နာမျက်ဝန်းတွေဖြင့်ခွန်းငယ်ကိုအချိုသာဆုံးပြုံးပြနေလေသည် ၊၊
ခွန်းငယ်ကတော့တကိုယ်လုံးရေခဲရိုက်ထားသကဲ့သို့ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းဖြင့်မလှုပ်မယှက်ဖြင့်သာထိုအမျိုးသမီးကိုကြောင်အပြီးကြည့်နေလေသည် ၊၊
ထိုစဥ်လှေကားအောက်မှအမေဖြစ်သူကမီးအိမ်ငယ်လေးကိုကိုင်ထားရက်ဖြင့်ခွန်းငယ်ကိုမော့ကြည့်ကာခေါ်လိုက်လေသည် ၊၊
" ခွန်းငယ် "
ထိုတော့မှခွန်းငယ်လည်းလွှင့်မျှောနေရာမှလိပ်ပြာပြန်ကပ်ကာအမေဖြစ်သူကိုကြည့်လိုက်လေသည် ၊၊
" မှောင်မှောင်မဲမဲနဲ့အဲ့မှာဘာရပ်လုပ်နေတာလဲ "
ခွန်းငယ်လည်းချက်ချင်းပဲအနောက်ကိုလှည့်ကြည့်လိုက်လေသည် ၊၊
သို့သော်ထိုအမျိုးသမီးမရှိတော့ပြီမို့မျက်မှောင်လေးကျုံ့ကာအမေဖြစ်သူဘက်လှည့်ပြီး
" ဟို . .
မီးပျက်သွားလို့ မာမီ့ဆီဆင်းလာတာပါ "" အာ့ဆိုလည်း ဆင်းလာခဲ့လေ "
ခွန်းငယ်လည်းပျောက်ဆုံးသွားသည့်အမျိုးသမီးကိုခေါင်းလေးဘယ်ညာလှည့်၍လိုက်ရှာရင်းလှေကားမှဆင်းလေသည် ၊၊
YOU ARE READING
ခြံအမှတ်(၁၃)
Horrorတို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ