" ရွှေရည် !! "
" အွန်း "
" မနေ့ကတီချယ်ပေးလိုက်တဲ့အိမ်စာပြီးပြီလား "
" ဘယ်အိမ်စာလဲ ကျူရှင်လား ကျောင်းလား "
" ကျူရှင်လေ physic လေဟာ "
" အော် ပြီးသွားပြီလေ "
" ပြီးသွားရင်လည်းငါ့ကိုခဏလောက်ပေးပါလားငါအခုမှသတိရလို့ "
ရွှေရည်လည်းစာအုပ်လေးကိုလွတ်အိတ်မှထုတ်ရင်း
" မှန်လား မမှန်လားတော့မသေချာဘူးဟ
တီချယ်စစ်မှာဆိုတော့ ရမ်းတွက်လာတာ "ခွန်းငယ်တစ်ယောက် ကပျာကပျာဖြင့်
" မှန်မှန် , မမှန်မှန် တွက်ထားဖို့ကအရေးကြီးတယ် " ဆိုကာရွှေရည့်လက်ထဲမှစာအုပ်ကိုအမြန်ဆွဲယူလိုက်လေသည် ၊၊ထို့နောက်ခွန်းငယ်လည်းဆရာမ,မဝင်တဲ့ကျောင်းဆင်းခါနီးအလိုတစ်ချိန်မှာပဲအိမ်စာကိုအသည်းအသန်ကူးရေးတော့သည် ၊၊
ရေးပြီးသည်နှင့်ထိုစာအုပ်နှစ်အုပ်ကိုညှပ်ပြီးစားပွဲအောက်အံမှာထည့်ကာသန့်စင်ခန်းသို့သွားလေသည်၊၊
ခဏအကြာမှာပင်ကျောင်းတက်ဘဲလ်အသံကိုကြားရလေသည် ၊၊
ထို့ကြောင့်ခွန်းငယ်လည်းဘေစင်မှာလက်ဆေးလက်စကိုကပျာကပျာလက်စသတ်ပြီးအတန်းသို့အပြေးအလွှားသွားလေသည် ၊၊
ထို့နောက်စားပွဲပေါ်မှစာရေးကရိယာတွေကိုလွယ်အိတ်ထဲကောက်ထည့်ပြီးလွယ်အိတ်ကိုကမန်းကတန်းကောက်လွယ်ကာအတန်းမှထွက်ခဲ့လေသည် ၊၊
ကျောင်းတံခါးဝရောက်သည်နှင့်သူမကိုရပ်စောင့်နေသည့်ရွှေရည်ကိုတွေ့ရလေသည် ၊၊
ခွန်းငယ်အနားသို့ရောက်လာသည်နှင့်ရွှေရည်လည်းလက်မှာကိုင်ထားတဲ့ခြင်းတောင်းကိုခွန်းငယ်ဆီကမ်းပေးကာ
" ရော့ . . "ခွန်းငယ်လည်းလှမ်းယူပြီး
" အော် . . ငါခြင်းတောင်းကိုမေ့နေတာ
ကျေးဇူးပါပဲ "" ငါနင့်ကိုအတန်းရှေ့မှာစောင့်သေးတယ်
နင်ရောက်မလာတာနဲ့ နင့်ခြင်းတောင်းကိုယူပြီးထွက်လာတာ "
YOU ARE READING
ခြံအမှတ်(၁၃)
Horrorတို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ