" အဆင်သင့်ဖြစ်ပြီလား ဟန်နီ "" ဒီလိုကြီးသွားရမှာလား "
" ဟန်နီကဘယ်လိုသွားချင်လို့လဲ "
" ဒီနေ့ကအကုန်လုံးလှတပတဝတ်စားကြမှာလေ ဒါကိုကျွန်မကအဖြူအစိမ်းကြီးနဲ့သွားရမှာလား "
" ဟန်နီကဘယ်လိုဝတ်ချင်လို့လဲ "
" ဂါဝန်လှလှလေး "
ထိပ်ထားစံလည်းဒီနေ့ရဲ့အထူးရပိုင်ခွင့်တွေကို
အသုံးချပြီးချစ်သူရဲ့အလိုတော်ကိုလက်ဖြောက်လေးတချက်တီးကာဖြည့်ဆည်းပေးလိုက်လေသည်၊၊ချက်ချင်းဆိုသလိုခွန်းငယ်ကိုယ်ပေါ်တွင်အဖြူရောင်ဂါဝန်တိုလေးမှာနေရာယူလို့သွားလေသည်၊၊
ခွန်းငယ်လည်းဝမ်းသာအားရဖြင့်ကိုယ်လေးကိုတစ်ပတ်လှည့်လိုက်လေသည် ၊၊
ထိပ်ထားစံကတော့သူမချစ်သူကိုကြည့်ရင်းသာပြုံးနေလေသည် ၊၊
" ထားကရော "
" တို့ကအဲ့လိုမျိုးတွေမကြိုက်ဘူး ဟန်နီ "
" လုပ်ပါ ထားရယ်
ကျွန်မတို့ဆင်တူလေးဝတ်ရအောင်လေ ""တို့ကဗမာဆန်ဆန်လေးပဲကြိုက်တာ ဟန်နီရဲ့"
ခွန်းငယ်လည်းသူမလက်လေးကိုလက်လေးနှစ်ဖက်ဖြင့်ကိုင်ပြီးနှုတ်ခမ်းလေးဆူကာ
" ဒီတစ်ခါပါပဲ ထားရယ်
ကျွန်မက ထား , ဘယ်လိုနေလဲမြင်ချင်လို့ပါ
လုပ်ပါနော် "ဒီတစ်ကြိမ်တော့ထိပ်ထားစံလည်းမငြင်းနိုင်တော့ပဲခွန်းငယ်ရဲ့အလိုကိုထပ်လိုက်ပြန်လေသည်၊၊
ထိပ်ထားစံလက်ဖြောက်လေးတချက်တီးလိုက်သည်နှင့်အနက်ရောင်ဂါဝန်တိုလေးဟာကိုယ်ပေါ်တွင်နေရာယူလို့သွားပြန်လေသည် ၊၊
ခွန်းငယ်ကတော့ပေါင်တံသွယ်သွယ်လေးနှင့်အရုပ်မလေးသဖွယ်လှပနေသည့်ထိပ်ထားစံရဲ့အလှတွင်နစ်မျှောသွားလေသည် ၊၊
ထိပ်ထားစံကတော့ကိုယ့်ကိုယ်တချက်ငုတ်ကြည့်ပြီးခွန်းငယ်ခေါင်းတွင်စုချည်ထားသည့်ခေါင်းစီးကြိုးလေးကိုဖြုတ်ချလိုက်သည် ၊၊
ထို့နောက်ပြေကျသွားသည့်လှိုင်းတွန့်လေးတွေရှိသည့်ခွန်းငယ်ရဲ့ဆံနွယ်လေးတွေကိုမပွအောင်လက်လေးနှင့်သပ်ပေးနေလေသည် ၊၊

YOU ARE READING
ခြံအမှတ်(၁၃)
Horrorတို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ