ဒီနေ့တော့ခွန်းငယ်အမေတစ်ယောက်လူနာခန်းမှာရွှေရည့်ကိုထားပြီးအိမ်ကိုခဏပြန်ခဲ့လေသည်၊၊
အိမ်ရောက်သည်နှင့်ယူစရာရှိသည့်အဝတ်တွေကိုယူပြီးလျှော်စရာရှိသည်များကိုလျှော်ဖွတ်ကာဆေးရုံသို့ပြန်လေသည် ၊၊
လူနာခန်းထဲသို့ခွန်းငယ်အမေဝင်လာသည်နှင့်ရွှေရည်လည်းထိုင်ရာမှထပြီးလက်ထဲမှအထုတ်အပိုးတွေကိုဝိုင်းကူသယ်ပေးလေသည် ၊၊
ထို့နောက်အထုတ်အပိုးတွေကိုလွတ်တဲ့နေရာတွင်
နေရာချကြပြီးခွန်းငယ်အမေဟာလက်ကနာရီကိုငုတ်ကြည့်ကာ
" အချိန်တောင်မနည်းတော့ဘူး
ပြန်တော့မလားသမီး
တော်ကြာမိုးအတော်ချူပ်သွားမှာစိုးလို့ "" ရတယ် အန်တီ
ဒီနေ့တော့သမီးဒီမှာပဲအိပ်သွားလိုက်တယ်
စာမေးပွဲလည်းပြီးသွားပြီဆိုတော့
အေးရာအေးကြောင်းပဲလေ "" ခွန်းငယ်ကတော့လွတ်ကုန်ပြီပဲ "
" ဘာမှမဖြစ်ပါဘူး အန်တီရယ်
အဆင့်ကြီးမှမဟုတ်သေးတာ
စိတ်မကောင်းမဖြစ်ပါနဲ့နော် "" အင်းလေ . . .
ကံတရားက
ဒီလိုဆိုမှတော့ဘယ်တတ်နိုင်ပါ့မလဲလေ
ဒါနဲ့ဒီမှာအိပ်မယ်ဆိုတဲ့အကြောင်း
လူကြီးတွေကိုရောပြောခဲ့ရဲ့လား "" ဟုတ် ပြောလာခဲ့ပါတယ် အန်တီ "
" ဟုတ်ပါပြီ
ဒါဆိုလည်း သမီးညစာတခုခုသွားစားဦးလေ "" ဟုတ်ကဲ့ အန်တီ "
" နေဦး သမီး "
ခွန်းငယ်အမေဟာသွားဖို့ပြင်နေတဲ့ရွှေရည်ကိုလှမ်းတားပြီးသူမပိုက်ဆံအိတ်ထဲမှ၁သောင်းတန်တစ်ရွက်ကိုထုတ်ကာရွှေရည့်လက်ထဲကိုထည့်ပေးလိုက်လေသည် ၊၊
ရွှေရည်ကလည်းအားနာနာဖြင့်
" ရပါတယ် အန်တီ
သမီးမှာပါပါတယ် "" ကလေးဆိုတာလူကြီးပေးတာမငြင်းရဘူးလေ "
ဒီတော့မှရွှေရည်လည်းပိုက်ဆံကိုပြန်မပေးတော့ဘဲလက်ခံလိုက်လေသည် ၊၊
" ကျေးဇူးတင်ပါတယ် အန်တီ
ဒါဆိုသမီးသွားစားလိုက်ဦးမယ်နော်
အန်တီရောဘာမှာဦးမလဲ "
YOU ARE READING
ခြံအမှတ်(၁၃)
Horrorတို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ