" ဘယ်လိုလဲ
ကျွန်မတိုးတက်လာပြီမလား "ထိုအမျိုးသမီးကပြုံးရင်းခေါင်းလေးညိမ့်ကာ
" ဒါပေါ့ ဟန်နီရဲ့ "ခွန်းငယ်လည်းပြုံးရင်း
စောင်းကိုစားပွဲတွင်တင်ကာ
" အဲ့ဒါပြောတာပေါ့
ကျွန်မကသင်ယူတတ်မြောက်လွယ်ပါတယ်လို့ "ထိုစကားကြောင့်ထိုအမျိုးသမီးမှာတခုခုကိုတွေးရင်းငိုင်ကျသွားတော့သည် ၊၊
ခွန်းငယ်လည်းသူမမျက်နှာကိုသေချာကြည့်ရင်းလက်မောင်းလေးကိုကိုင်လှုပ်ကာ
" ထား !! "ထိုတော့မှသူမကခွန်းငယ်ကိုကြည့်ရင်း
" အွန်း ပြောလေ ဟန်နီ "" ဘာလို့ငြိမ်ကျသွားတာလဲ "
" အရင်အချိန်တွေကိုပြန်သတိရသွားလို့ပါ "
" ကျွန်မကိုလည်းပြောပြပေးပါလား "
" အခုတော့တို့ကဟန်နီကိုစောင်းဘယ်လိုတီးရလဲဆိုတာသင်ပေးနေပေမယ့်
အရင်ကတော့ဟန်နီကတို့ , ကိုသင်ပေးခဲ့တာလေ
တို့ , တလွဲတွေလုပ်မိတိုင်း ဟန်နီကပြန်ပြင်ပေးရင်တို့ ,အမြဲတမ်းအဲ့စကားလေးကိုပြောနေကြမို့ "" ထား , ကဘာပြောလို့လဲ "
" တို့,က သင်ယူတတ်မြောက်လွယ်ပါတယ်လို့ "
ထိုစကားကြောင့်နှစ်ယောက်သားတစ်မျက်နှာတစ်ယောက်ကြည့်ကာပြုံးလိုက်ကြလေသည် ၊၊
ထို့နောက်သူမကခွန်းငယ်ဆံနွယ်လေးတွေကိုနားရွက်အနောက်ထဲသို့ပို့ကာတစိမ့်စိမ့်ကြည့်ရင်း
" တို့ , အဲ့လိုပြောတိုင်းအပြုံးအရယ်မရှိတဲ့ဟန်နီကပြုံးသွားတတ်တယ်လေ
အဲ့အပြုံးတွေကိုတို့ ,ကသိပ်သဘောကျခဲ့တာ "" ဒါနဲ့ဘယ်သူကအရင်သဘောကျခဲ့တာလဲဟင် "
သူမကပြုံးရင်း
" သဘောကျတာကတော့
စတွေ့တဲ့နေ့တည်းက
တူတူကိုသဘောကျနေခဲ့ကြတာ
ဒါပေမယ့် ဟန်နီဘက်ကတော့
အမြဲလိုလိုပုန်းလျှိုးကွယ်လျှိုးနဲ့လေ
တို့ကတော့
သဘောကျရင်သဘောကျတဲ့အတိုင်း
သိသိသာသာကိုဖော်ပြနေခဲ့တာ "ခွန်းငယ်လည်းပြုံးရင်းသူမပြောတဲ့အတိုင်းမျက်လုံးထဲပုံဖော်ကြည့်ကာ
" ဒါနဲ့ဘယ်လိုစတွေ့ခဲ့ကြတာလဲဟင် "ထိုမေးခွန်းကြောင့်သူမကအလိုမကျစွာဖြင့်
" ဒါတော့လွန်သွားပြီနော် ဟန်နီ
အမှတ်တရကောင်းလေးတွေကို
မင်းဘယ်လိုတောင်မေ့ပစ်နိုင်ရတာလဲ "" တောင်းပန်ပါတယ်
ကျွန်မလည်းမရည်ရွယ်ပါဘူး "" ကဲပါ ဆက်ပြောပြပါ့မယ် "
ခွန်းငယ်လည်းသေချာဂရုတစိုက်နားထောင်ဖို့ဟန်ပြင်ရင်း
" ဟုတ်ကဲ့ "" တို့ , ကိုစောင်းတီးသင်ပေးမယ့်သူဆိုပြီးတော့
ဖေဖေပဲဟန်နီ့ကိုခေါ်လာပေးခဲ့တာလေ
သူ့ကြောင့်ပဲဆုံဆည်းခဲ့ရသလို
သူ့ကြောင့်ဝေးကွာခဲ့ရတယ်
သူ့ကြောင့်ပဲတို့တွေသေဆုံးရခဲ့တယ် "သူမဟာပြောရင်းဒေါသသံတွေရောထွေးလာတာကြောင့်ခွန်းငယ်ဟာလက်လေးနှစ်ဖက်ဖြင့်သူမပါးပြင်လေးကိုကိုင်တွယ်ထိတွေ့ရင်း
" ပြီးခဲ့တာတွေလည်းပြီးခဲ့ပြီ ထားရယ်
ပျော်စရာအမှတ်တရလေးတွေပဲပြောရအောင်နော် "ထိုတော့မှသူမလည်းစိတ်လျှော့ကာခေါင်းလေးညိမ့်ပြပြီးခွန်းငယ်လက်လေးကိုနမ်းရှိုက်လိုက်လေသည်၊၊
တစ်ဖက်တွင်လည်း . . . .
ခွန်းငယ်အမေဖြစ်သူဟာမေ့မျှောနေတဲ့သမီးဖြစ်သူကိုရေပတ်တိုက်ပေးပြီးအဝတ်အစားတွေလဲပေးနေလေသည် ၊၊
ထိုစဥ်ရွှေရည်လည်းအချိန်ကိုက်ရောက်လာသည်မို့ဝိုင်းကူလုပ်ပေးနေလေသည် ၊၊
ပြီးသွားသည်နှင့်ရွှေရည်ဟာဖြူဖက်ဖြူရော်ဖြစ်နေတဲ့ခွန်းငယ်အမေကိုကြည့်ရင်း
" ထမင်းစားပြီးပြီလား အန်တီ "" စားချင်စိတ်မရှိပါဘူး သမီးရယ် "
" အန်တီဒီလိုဖြစ်နေတာခွန်းငယ်သိရင်လည်းစိတ်ကောင်းမှာမဟုတ်ဘူး သွားစားလိုက်ပါနော်"
ခွန်းငယ်အမေဟာခေါင်းလေးခါရမ်းရင်း
" မစားတော့ပါဘူး သမီးရယ် "" အန်တီပါလဲသွားရင်
ခွန်းငယ်ဘယ်လိုလုပ်မလဲ အန်တီ
ခွန်းငယ်အတွက်ပဲဖြစ်ဖြစ်
တခုခုတော့စားလိုက်ပါနော် "ဒီတော့မှခွန်းငယ်အမေလည်း
" ဒါဆိုလည်းအန်တီတခုခုသွားစားလိုက်ဦးမယ်
ခွန်းငယ်ကိုအပ်ခဲ့တယ်နော် သမီး "" ဟုတ်ကဲ့ပါ
စိတ်ချပါ အန်တီ "ခွန်းငယ်အမေထွက်သွားသည်နှင့်ရွှေရည်လည်းခွန်းငယ်လက်လေးကိုဆုပ်ကိုင်ကာ
" ငါနင့်ကိုအစတည်းကပြောတယ်မလား
ဒီအိမ်ကနေအမြန်ဆုံးထွက်သွားပါလို့
အခုတော့နင်ဖြစ်ပြီမလား
အမြန်ဆုံးပြန်နိုးထလာပါတော့ ခွန်းငယ်ရယ် "
YOU ARE READING
ခြံအမှတ်(၁၃)
Horrorတို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ