ခွန်းငယ်တစ်ယောက်သစ်ပင်ကြီးအောက်မှဒန်းတွင်ထိုင်ရင်းကောင်းကင်တွင်ထိန်ထိန်သာနေတဲ့လမင်းကြီးကိုငေးမောကြည့်နေလေသည် ၊၊
" အဲ့လောက်တောင်သဘောကျလား ဟန်နီ "
ခွန်းငယ်လည်းထိုစကားကြောင့်လမင်းကြီးကို
တမေ့တမောငေးကြည့်နေရာမှအသံလာရာဘေးဘက်ဆီသို့အကြည့်တွေလွှဲလိုက်လေသည်၊၊ထို့နောက်ဒန်းကြိုးလေးကိုကိုင်ရင်းတဖက်သို့တိုးပေးလိုက်လေသည် ၊၊
ထိုအမျိုးသမီးကလည်းလွတ်သွားတဲ့ဘေးမှာအလိုက်တသိဝင်ထိုင်လိုက်လေသည် ၊၊
ထို့နောက်နှစ်ယောက်တူတူလမင်းကြီးကိုပြန်ငေးကြည့်ရင်း
" အခုလိုကျတော့လည်း
ဟန်နီနဲ့တွေ့ဖို့ဇာတ်ပွဲကိုအကြောင်းပြပြီး
အိမ်ကခိုးထွက်ခဲ့တဲ့အချိန်တွေကိုလွမ်းမိသား "ထိုသို့ပြောရင်းထိုအမျိုးသမီးကခွန်းငယ်မျက်ဝန်းတွေကိုစေ့စေ့ကြည့်လိုက်လေသည် ၊၊
ဘာမှမသိတဲ့ခွန်းငယ်ကတော့သူမအကြည့်တွင်
နစ်မျှောသွားပြီးကြောင်အမ်းအမ်းဖြင့်
" ဟို . .
ဒါနဲ့ကျွန်မကို ဘာလို့ ဟန်နီလို့ ခေါ်တာလဲဟင် "" တို့ရဲ့ဟန်နီမို့လို့လေ "
" ရှင့်ဘက်က ဘာလို့တပ်အပ်ပြောနိုင်ရတာလဲ "
" တို့တွေရဲ့ကတိကြောင့်ပေါ့ "
" ဘယ်လိုကတိများလဲ "
" တစ်ယောက်ကိုတစ်ယောက်အမြဲရှာဖွေနေပါမယ်ဆိုတဲ့ ကတိပေါ့ "
" ဒီကတိလေးကြောင့်ပဲလား "
" ဒီလိုပေါ့ပေါ့သေးသေးမပြောလိုက်နဲ့ ဟန်နီ
မင်းဆိုတာကို
တို့နှလုံးသားက သေသေချာချာကိုခံစားမိနေတာ အလိုလိုကိုမှတ်မိနေတာ
တို့တွေရဲ့အချစ်က
ပေါ့ပေါ့သေးသေးမဟုတ်ဘူး "" ကျွန်မပြောတာအဲ့လိုသဘောမျိုးမဟုတ်ပါဘူး
အခုလိုနားလည်မှုလွဲသွားစေတဲ့အတွက်တောင်းပန်ပါတယ် "" ခွင့်လွှတ်စေချင်တယ်ပေါ့ "
" ဟုတ် "
" ဒါဆိုတို့ ,ကို တရှင်,ရှင်နဲ့မပြောပါနဲ့လား "
YOU ARE READING
ခြံအမှတ်(၁၃)
Horrorတို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ