Be My Juliet II

152 25 17
                                    

Unicode

"Kim Jongin ငါပေးထားတဲ့ Suit လဲထားတော့လေ။ ခဏနေ Joh Hana နဲ့သူ့မိဘတွေရောက်လာတော့မှာ"

Mrs.Kim ရဲ့အသံက မာထန်နေတာပဲ။ မကြည်ဖြူတဲ့သဘောထားတွေက အခုထိ အသံထဲမှာရောစွတ်ပြီး ပါနေတုန်း။ ဟိုးငယ်ငယ်ထဲက Mrs.Kim ဟာသူ့အပေါ်မကြည်ဖြူခဲ့ပါ။ သူ့ကိုကြည့်လိုက်တိုင်းလည်း မျက်နှာကမနှစ်မြို့ဟန်နဲ့အမြဲတမ်းမာထန်နေတာပဲ။

အိပ်ခန်းထောင့်က Dummy ရုပ်မှာ မှာစွပ်ထားတဲ့ အနက်ရောင် Suit ကို တစ်ချက်ကြည့်ရင်း Jongin သက်ပြင်းချမိသည်။ မလုပ်ချင်ဆုံးအလုပ်ကိုလုပ်ရတော့မည်။

လူမသိသူမသိ လူတောမတိုးတဲ့သူ့ကို အခုတော့ဒိတ်ဒိတ်ကျဲတွေရှေ့မှာ အသိုင်းဝိုင်းကောင်းထဲကမိန်းကလေးနဲ့ စေ့စပ်ပေးမယ့်အကြောင်းကြေညာခံရဦးမယ်။ လူတောမတိုးတဲ့သူဆိုတာလည်း Kim Family ကပဲ သူ့ကိုလူတောမတိုးအောင်လည်း Mrs.Kim ကဦးဆောင်ပြီးပဲလုပ်ခဲ့တာ။ ထိုမိန်းကလေးနဲ့ ၂ကြိမ်သာတွေ့ဖူးပေမယ့် မိန်းကလေးဘက်ကတော့ သူ့ကိုသဘောကျပုံရသည်။

သူကတော့ သဘောမကျ။ နည်းနည်းလေးတောင်သဘောမကျ။

သဘောမကျတဲ့သူနဲ့ Force Engagement လုပ်ခံရတော့မည်ကိုတွေးရင်း စိတ်ဆင်းရဲရသည်။

မိန်းကလေးတွေကို စိတ်မဝင်စားတော့ ပိုစိတ်ဆင်းရဲရတယ်။

သူဆိုသည်ကလည်း သည်အိမ်တော်မှာ ထားရာနေ၊ စေရာသွားပဲမလား? ဘာမှအဓွန့်တက်နိုင် သည့်အဆင့်မဟုတ်။ Kim Jongin ဆိုတာ Kim မိသားစုကြားမှာ ဆုတောင်းမှားပြီးရောက်လာခဲ့ပုံပါပဲ။

Kim မိသားစုနဲ့ Joh မိသားစုနှစ်ခုအသိုင်းအဝိုင်းကြားက စီးပွားရေးပေါင်းကူးအဖြစ် Jongin နဲ့ Joh Hana ကိုတံတားအဖြစ်ထိုးကြခြင်းသား။ လူကြီးတွေရဲ့ အတောမသတ်နိုင်တဲ့လောဘကြား သားကောင်ဖြစ်ရသူက Kim Jongin နဲ့ Joh Hana ပါပဲ။

Jongin ရှေ့ကအကိုနှစ်ယောက်ကတော့ အိမ်ထောင်ကိုယ်စီနဲ့မို့ ဒီတစ်ခါမဲပေါက်သူက Kim Jongin ဖြစ်သွားသည်။ အကိုတွေကတုန်းကလည်း Force Married တွေလုပ်ခံခဲ့ကြရတာပဲ။ သူတို့တုန်းကလည်း မိဘတွေနဲ့ပတ်သက်တဲ့ စီးပွားဖက်တွေရဲ့သမီးတွေနဲ့ လက်ထပ်ပေးလိုက်ကြတာပါပဲ။

Be My Juliet(Completed)Where stories live. Discover now