Be My Juliet VI

139 17 13
                                    

Unicode

24 Hrs Mart မှာ ညစာစားပြီးတဲ့နောက် Kris တို့ကိုရှောင်ပြေးရင်းဆိုင်ကယ်မောင်းလာတာ ညဉ့်တောင်နက်လာပြီ။ အချိန်ကိုကြည့်တော့ဘည်း ည ၁၀ နာရီအချိန်ဖြစ်လို့ ဒီနေ့ညအတွက် နားခိုဖို့နေရာရှာရပြန်သည်။ တကယ်တမ်းလက်တွေ့မှာ တစ်ညတာအတူနားခိုဖို့အတွက် နေရာရှာရတာလည်း ခက်ခဲပါ့။

ပုံမှန်ဆိုရင်တော့ Oh Group ပိုင်တဲ့ဟိုတယ်တွေမှာ ဝင်တည်းလို့ရသည်လေ။ ဒါပေမယ့်အခုအခြေအနေအရ Oh ပါပါး က အဲဒီ့နေရာတွေမှာ Sehun ကိုတွေ့တာနဲ့ အကြောင်းကြားလို့ပြောထားမှာဆိုတော့ တည်းခိုလို့မဖြစ်။

နေရာတိုင်းမှာ Oh ပါပါးရဲ့လူတွေရှိနေမှာအမှန်ပဲ။

သူငယ်ချင်းတွေဟိုတယ်မှာလည်းတည်းလို့မဖြစ်ပြန်ဖူး။ Oh မိသားစုက ရှိသမျှနေရာကို အကြောင်းကြားထားမှာဆိုတော့ အဆင်မပြေ။ ဆိုင်ကယ်ကိုမောင်းနေရင်းသတိထားမိတော့ Jogin က Sehun ကျောကိုမှီလို့ငိုက်နေပြီ။ ညဘက်ဆိုတော့ လေအေးကလည်းတိုက်နေလို့ထင်ပါရဲ့ Jongin ကြည့်ရတာ ဇာဂါဝန်တစ်ထပ်ထဲနဲ့ ချမ်းနေပုံရသည်။ ဇာဂါဝန်ကပါးတော့ ညဘက်လေတိုက်တာနဲ့ အေးနေရှာပြီ။

"Innie .... အိပ်ချင်နေပြီလား????"

ဆိုင်ကယ်မောင်းရင်းအော်မေးလိုက်တော့ Jongin က ခေါင်းကိုကျောမှာမှီထားရာကနေ ထောင်ကြည့်လာ၏။

"အင်း .... နည်းနည်းတော့ငိုက်နေပြီ"

Jongin ငိုက်နေပြီဆိုလို့ Sehun မှာ နားခိုဖို့နေရာကိုအလျင်အမြန်စဉ်းစားရတော့သည်။ ဘယ်နေရာကိုမောင်းရမလဲ??? Kris ဆီကနေရှောင်ရင်း ခြေဦးတည်ရာမောင်းလာတာဖြစ်လို့ ဆိုင်ကယ်ဆီကုန်မှာလည်းကြောက်ရသေး။ ဆီကုန်ရင်ဆီထည့်ဖို့ပိုက်ဆံလည်းမရှိ။ စဉ်းစားရင်းနဲ့ Sehun ခေါင်းထဲရောက်လာတာက "ဖိုးဖိုး"။ Sehun အခုမှ စိတ်အေးသွားရသည်။

သူ ဖိုးဖိုးကိုလုံးဝမေ့နေခဲ့တာ။ ခုနကသာဖိုးဖိုးကိုသတိရခဲ့ရင် Jongin နဲ့သူနဲ့ ညစာစားဖို့တောင် ခက်ခဲမည်မဟုတ်။ ဖိုးဖိုးက Oh ပါပါး ကိုသာ အဆက်အဆံမရှိပေမယ့် Sehun ကိုတော့ ချစ်တာမှတုံလို့။ အခုလိုဒုက္ခရောက်နေချိန်ဆို ဖိုးဖိုးဆီမှာအကူအညီတောင်းတာက အကောင်းဆုံးဖြစ်မည်။

Be My Juliet(Completed)Where stories live. Discover now