Be My Juliet I

209 25 9
                                    

Unicode

ညနေခင်းမှောင်ရီပျိုးစအချိန်....တနည်းအားဖြင့်.....ဟန်မြစ်၏နေဝင်ဆည်းဆာအလှတရားတို့ စတင် ပေါ်လွင်ချိန် တစ်ခု....

ဆည်းဆာနေဝင်ချိန်အလှတရားကို.....စီးကရက်တစ်လိပ်ခဲရင်း....အဆင်တန်ဆာဆင်လိုက်သော.... 'သူ'....

သို့သော်ဟန်မြစ်ရဲ့ ....ညနေခင်းဆည်းဆာအလှတရားတို့က... သူ့ကိုမဆွဲဆောင်နိုင်ချေ...

သူ့ရင်ထဲလောင်နေသည့်မီးက.....သူရှိုက်နေတဲ့ စီကရက်ထိပ်ကမီးစလေးနည်းတူ သူ့ရင်တွေ လောင်မြိုက်နေရပါသည်....

လောင်မြိုက်နေတဲ့ရင်ခွင်တစ်စုံကို သက်သာစေရန်အလို့ငှာ စီးကရက်ငွေ့တွေကို ရှိုက်ရင်း...နှာခေါင်းမှတစ်ဆင့် ပြန်ထုတ်လိုက်ပြီး အဆုတ်တွေကိုအလုပ်ပေးနေမိတာ နာရီဝက်မကတော့... စီးကရက်ကိုကြိုက်လို့ ရှိုက်တာလား.... ရှိုက်ရင်းစွဲလန်းလာလို့ ကြိုက်မိသွားတာလား???? သူမဝေခွဲတက်တော့ပါ။

ထိုသို့သော အဓိပ္ပါယ်မရှိ အဆုံးအစမရှိတဲ့အတွေးတွေကို ရပ်တန့်ဖို့ကြိုးစားနေရသည်။ သေချာတာကတော့ စီးကရက် စရှိုက်တက်တဲ့ အရွယ်ကသူ့အသက် ၁၅ နှစ်က

စီးကရက်သောက်လာတဲ့သက်တမ်းလို့ကြံကြံဖန်ဖန်ပြောကြကြေးဆို.... ၇နှစ် ရှိပြီ။

ဘဝကနေတက်ရင်ကျေနပ်စရာလို့လူတွေကပြောကြသော်လည်း....သူ့ဘဝကနေတက်သော်လည်း ကျေနပ်စရာ ကောင်းမနေပြန်ဖူး..

ကိန်းကြီးခန်းကြီးနိုင်လှသော သူ့ဘဝကိုငြီးငွေ့နေပေမယ့်လည်း ထိုကိန်းကြီးခန်းကြီးဘဝထဲက လည်းရုန်းမထွက်နိုင်သေး ရုန်းထွက်ဖို့လည်းစိတ်ကူးတော့မရှိ ရုန်းထွက်လိုက်ရင်လည်း မကြာခင်ဒီအသိုင်းအဝိုင်းထဲပဲ ပြန်ရောက်လာရအုံးမှာပဲ ဘယ်နေရာထွက် ပြေးပြေး နောက်ဆုံးတော့ ဒီအသိုင်းအဝိုင်းဆီပဲဘူတာဆိုက်ရမှာဆိုတော့ ဒီတစ်ခါထွက်ပြေးရင်တော့ လုံးဝအဝေးဆုံးကို ထွက်ပြေးမှပဲဖြစ်မှာ။

လက်ထဲကစီးကရက်ကိုမြေပြင်ပေါ်ပစ်ချပြီး... ရှူးဖိနပ်နဲ့ဖိချေလို့မီးသတ်လိုက်သည်။ ဒါကနာရီဝက်အတွင်း.... ဖိနပ်နဲ့ဖိချေပြီးမီးသတ်လိုက်တဲ့ ၆လိပ်မြောက်သောဆေးလိပ်...

Be My Juliet(Completed)Where stories live. Discover now