Be My Juliet VII

122 19 15
                                    

Unicode

Oh ပါပါးတပည့် ၁၀ ယောက်နဲ့ တစ်ယောက်ထဲထိုးသတ်နေတဲ့ Jongin ကို Kris နဲ့ Luhan အံ့ဩတကြီးငေးကြည့်နေမိကြသလို Chanyeol နဲ့ Beakhyun မှာလည်း သတိလက်လွတ်ငေးနေမိကြသည်။

အထိုးအသတ်ကျွမ်းကျင်လှတဲ့ Kim Jongin ကို Kris တကယ်ကိုချီးကျူးမိပါသည်။ အလှလေးလို့ Oh Sehun က သတ်မှတ်ထားပုံရပေမယ့် သူငယ်ချင်းအရင်းကြီး Sehun ထက် Kim Jongin ကလက်သံပိုပြောင်တာတော့အမှန်ပဲ။ သူငယ်ချင်းကြီး Sehun အတွက်တောင် ရင်လေးမိသေး၏။

"သူတို့ထွက်ပြေးတော့မယ်။ ဘာလုပ်နေလဲ??? ကားသွားယူလေ"

Sehun က Jongin နဲ့အတူတူဆိုင်ကယ်ပေါ်တက်နေတာမြင်တော့ ကြောင်ကြည့်နေမိတဲ့ Kris ကို Luhan ကလှမ်းအော်၏။ အဲအခါကျမှ Kris လည်းကားပေါ်မြန်မြန်တက်ပြီး စက်နှိုးလို့ Sehun တို့နောက်ကိုလိုက်ရတော့သည်။

သူတို့ကားပေါ်အမြန်တက်ပြီး Sehun တို့နောက်လိုက်တော့ ဆိုင်ကယ်စီးကျွမ်းကျင်တဲ့ Sehun က ကားဝင်မရတဲ့ လမ်းကြိုလမ်းကြားတွေထဲမောင်းပြေးသည်။ Kris ကလည်းကားမောင်းကျွမ်းပေမယ့် လမ်းတွေကကျဉ်းလွန်းတော့ ကားမဆန့်တော့ Sehun တို့နောက်ဆက်မလိုက်ဖြစ်တော့ပဲ မျက်ခြေပြတ်သွားတော့သည်။

"တောက် ..... မျက်ခြေပြတ်သွားပြီ။ ဒီလောက်ထိ နှစ်ယောက်လုံးကိုမိပြီးမှကွာ"

ကားနောက်ခန်းက Chanyeol က မကျေမနပ်နဲ့ထအော်သည်။ Kris လည်းနားထင်ကိုလက်နဲ့ဖိရင်း သက်ပြင်းသာချရ၏။ လက်ကနာရီကိုကြည့်မိတော့ အချိန်က ည ၉နာရီခွဲ။

"ဘယ်လိုလုပ်ကြမလဲ???? ဒီအတိုင်းလူကြီးတွေဆီပြန်သွားလို့လည်း မဖြစ်ဖူးထင်တယ်နော်"

အသံလေးတုန်ယင်ပြီးပြောနေတဲ့ Lover seat က Luhan ကို Kris ကြည့်မိသည်။ ခုနက Kim Jongin နဲ့စကားပြောရင်း ငိုထားသေးတဲ့ Luhan ဟာ နှာခေါင်းထိပ်လေးနီရဲနေ၏ေ

"စိတ်အေးအေးထားပါ ကိုကို Luhan။ Oh Sehun ရှိနိုင်မယ့်နေရာကို ကိုယ်စဉ်းစားနေပါတယ်။ ကိုကို Luhan ကို Kim သခင်ကြီးအလုပ်ဖြုတ်ရင် ကိုယ်မင်းကိုတာဝန်ယူမယ် သိလား???"

Luhan က Kris ကိုကြည့်ရင်း ငိုချင်စိတ်ကိုထိန်းနေပုံရသည်။ Kris ကိုလည်းရန်မလုပ်နိုင်ရှာ။ Kris က စိုးရိမ်နေတဲ့ Luhan ကိုယ်လေးကိုဖက်လိုက်ပြီး နဖူးလေးကိုတချက်နမ်းလိုက်သည်။

Be My Juliet(Completed)Where stories live. Discover now