Be My Juliet V

145 18 8
                                    

Unicode

"သူတို့ဝေးဝေးမသွားနိုင်လောက်ဖူး"

Kris က ကျေကျေနပ်နပ်ကြီး တစ်ချက်ပြုံးရင်း ပြောလိုက်သည်။

"ဘာလို့လဲ"

နောက်ခန်းက Chanyeol ကမေးလာတော့ Kris က Sehun ပိုက်ဆံအိတ်ကိုအားလုံးမြင်စေ ရန်ထောင်ပြလိုက်ပြီး....

"Sehun ကပိုက်ဆံအိတ် ငါ့ကားထဲကျန်ခဲ့တယ်လေ။ ပိုက်ဆံမရှိပဲ ဒီညသူတို့ ဘယ်လိုဖြတ်သန်းမလဲ။ Jongin ဆီမှာပိုက်ဆံပါရင်တော့ မပြောတက်ဖူး။ ငါထင်တာတော့ Jongin ဆီမှာလည်း ပိုက်ဆံအိတ်မပါဖူးထင်မိတာပဲ"

ထိုအခါမှနံဘေးရှိ Lover seat ဘက်က တစ်လမ်းလုံးငြိမ်သက်နေခဲ့သော Luhan က တစ်ခုခုသတိရဟန်နဲ့ ဟိုရှာဒီရှာလုပ်လာသည်။

"ဘာဖြစ်လို့လဲ ကိုကို Luhan, ကိုယ့်အတွက်အချစ်တွေ နှိုက်ရှာနေတာလား"

Luhan ရဲ့သမင်မျက်လုံးတွေက မျက်စောင်းကိုလှလှပပထိုးပြီး Kris ကိုကြည့်လိုက်သည်။

"တဏှာရူးကတမျိုး။ မင်းက sehun ပိုက်ဆံအိတ်ပြမှ ငါလည်း ညနေတုန်းက Jongin သိမ်းခိုင်းထားတဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်ကိုသတိရသွားလို့ကွ။ Jonginnie လည်း လူပဲပါသွားတာ။ ပိုက်ဆံရောဖုန်းရောက ငါ့ဆီကျန်ခဲ့တာ"

Kris ကကားမောင်းနေရင်း တစ်ချက်ထရယ်ပြီး...

"ဟား...ဟား....ဒါဆို သူတို့ဝေးဝေးမပြေးနိုင်ပါဖူး"

"Yeol ရဲ့ဆိုင်ကယ်က ဒေါ်လာ ၄သိန်းတန်တယ်လေ။ အဲတာကိုရောင်းစားလိုက်ရင်ရော???"

ကားနောက်ခန်းက Beakhyun ကလည်းတွေးဆပြီးခန့်မှန်းပြော၏။ Kris ကခေါင်းခါလိုက်ပြီး -

"မရောင်းလောက်ဖူး။ အဲဆိုင်ကယ်ကို Sehun လည်းသဘောကျခဲ့တာပဲလေ။ ဒီကောင်အခုအဲဆိုင်ကယ်ကို မောင်းရတာသဘောကျနေမှာ"

"Sehun က ဖုန်းပါသွားတယ်မလား။ Mobile banking တွေနဲ့သုံးလို့ရနေမှာ"

ကားနောက်ခန်းက Chanyeol က ထအော်ပြန်သည်။

"အေး.... ဒါပေမယ့်ညနေကငါဆက်ကြည့်တော့ ဒီကောင့်ဖုန်းကပိတ်ထားတယ်ကွ။ အားကုန်နေတာများလား"

Kris တွေးတွေးဆဆပြောမိသည်။

"မပြောတက်ဖူး ၈:၄၅ ရှိပြီ။ သူတို့ဘယ်မှာရှိနိုင်တယ်ထင်လဲ"

Be My Juliet(Completed)Where stories live. Discover now